ပုဂ္ဂလိကကျောင်း စီးပွားရေးက အောင်မြင်သွားရင် ၀င်ငွေကောင်းလှတဲ့ လုပ်ငန်းကဏ္ဍကြီး တရပ် ဖြစ်ပါတယ်။
နိုင်ငံခြား သင်ရိုးညွှန်းတမ်းနဲ့ သင်တဲ့ ပုဂ္ဂလိက ကျောင်းတွေရော၊ မြန်မာ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပုဂ္ဂလိက ကျောင်းတွေရော မြို့ကြီးတွေမှာ၊ မြို့ပေါ်တွေမှာ အများအပြား ရှိနေကြသလို အလုပ်အကိုင် အများအပြား ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။
ပုဂ္ဂလိက ပညာရေး ဈေးကွက်က အခုဆိုရင် ကျေးလက်တွေကိုပါ ချဲ့လာနေတာပါ။ ပဲခူးမြို့ ကင်းပိုင်ကျုံးရွာထိပ်မှာ ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း စတင်လိုက်တဲ့ ဒေါ်လှလွန်းဆွေနဲ့ မသိင်္ဂီထိုက် ဆွေးနွေးပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။