သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ပွား 


မူဆလင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ရင်ဆိုင်တွေ့နေစဉ် (ဩဂုတ် ၄၊ ၂၀၂၄)
မူဆလင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ရင်ဆိုင်တွေ့နေစဉ် (ဩဂုတ် ၄၊ ၂၀၂၄)

ဗြိတိန်နိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေ နောက်ထပ် ထပ်ပေါ်ပေါက်နေတာကြောင့် ရဲတပ်ဖွဲ့က နှိမ်နှင်းနေပါတယ်။ တိုင်းပြည်တဝန်း နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတဲ့ ရုံးတွေနဲ့ ရွှေ့ပြောင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ရှေ့နေ ရုံးတွေကို တိုက်ခိုက်မယ်ဆိုပြီး လက်ယာစွန်းအဖွဲ့တွေက ခြိမ်းခြောက်နေပါတယ်။

တချိန်တည်းမှာပဲ ဖက်ဆစ်ဝါဒီဆန့်ကျင်ရေးလို့ သုံးနှုန်းထားတဲ့ တန်ပြန်ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက ဗြိတိန်မှာ မိန်းကလေးငယ် သုံးဦး ဓါးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်တဲ့သူဟာ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းဝင်လာသူ တဦးဖြစ်တယ်ဆိုတဲ့ မှားယွင်းပုံဖေါ်တဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ရာက အကြမ်းဖက် ဆန္ဒပြပွဲနဲ့ အဓိကရုဏ်းတွေ နိုင်ငံတဝန်း ပေါ်ပေါက်နေတာပါ။

မူဆလင် ဆန့်ကျင်ရေး ဆန္ဒပြသူများကိုတွေ့ရစဉ် (ဩဂုတ် ၄၊ ၂၀၂၄)
မူဆလင် ဆန့်ကျင်ရေး ဆန္ဒပြသူများကိုတွေ့ရစဉ် (ဩဂုတ် ၄၊ ၂၀၂၄)

ဇူလိုင် ၄ ရက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer ဝန်ကြီးချုပ် တာဝန်စယူပြီး မကြာခင် အခုလို အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တာပါ။ ဗြိတိန်နိုင်ငံ သမိုင်းမှာ ၁၃ နှစ်အတွင်း အဆိုးဝါးဆုံး အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပြီး အစိုးရရှေ့နေလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် Keir Starmer ကတော့ ပြစ်မှု ကျုးလွန်သူတွေအနေနဲ့ ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခံရမယ့်အကြောင်း သတိပေးနေပါတယ်။

အဓိကရုဏ်းတွေကို နှိမ်နှင်းဖို့ တိုင်းပြည်တဝန်းမှာ အသင့်အနေအထား အထူးလေ့ကျင့်ထားတဲ့ အရေးပေါ်တပ်ဖွဲ့ဝင် ၆၀၀၀ ချထားပါတယ်။ အကြမ်းဖက်မှုတွေကို ကိုင်တွယ်နှိမ်နှင်းဖို့ အသင့်ရှိတဲ့အကြောင်း ဗြိတိန်အစိုးရက ပြောဆိုထားပါတယ်။

ဗြိတိန်မှာ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ပွား 
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG