သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ရန်ကုန် ဗြိတိန်သံရုံးတောင်းဆို


ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

လေကြောင်းတိုက်ခိုက်မှာရှောင်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးဖို့၊ စာသင်ကျောင်းတွေအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ အတွက် အထူးသဖြင့် မြန်မာစစ်တပ်အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြတဲ့ အဖွဲ့အားလုံးကို ရန်ကုန်ရှိ ဗြိတိသျှသံရုံးက ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းတွေ အဖျက်ဆီးခံနေရပြီး အရပ်သားတွေမှာလည်း စိုးရိမ်ရလောက်အောင် ထိခိုက်မှုရှိနေရုံမက ပညာရေးအခွင့်အလမ်းတွေလည်း ဆုံးရှုံးနေတာတွေ့ရတယ်လို့ ဗြိတိသျှသံရုံးက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုတာပါ။

ကျောင်းတွေဟာ လုံခြုံစိတ်ချရပြီး အခွင့်အလမ်းအတွက် လမ်းဖွင့်ပေးရမယ့်နေရာတခုဖြစ်တဲ့အတွက် ပဋိပက္ခတွေအတွင်း ဖျက်ဆီးတာကိုရှောင်ကြဖို့လည်း ပြောပါတယ်။

မြန်မာ့အရေးနဲ့ မြန်မာ့ပညာရေးဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ Myanmar Witness အဖွဲ့ရဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက်ပိုင်း မြန်မာနိုင်ငံက စာသင်ကျောင်းတွေနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုဖြစ်ရပ် ၁၇၄ ခု ရှိကြောင်း ဖေါ်ပြထားပါတယ်။ ကျောင်းအများအပြားဟာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာအပြင် မီးလောင်ကျွမ်းရတာတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရတာတွေ့ရပြီး တချို့ဆိုရင် အကြိမ်များစွာ အဖျက်ဆီးခံခဲ့ရတယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီလို အဖျက်ဆီး ခံခဲ့ရတာကြောင့်လည်း မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာရေးအပေါ် လက်ရှိမှာရော ရေရှည်အတွက်ပါထိခိုက်ခဲ့တယ်လို့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG