သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရွေးကောက်ခံ ကန်သမ္မတ Trump ကို လူထုကန့်ကွက်ဆန္ဒပြ


အရွေးကောက်ခံ ကန်သမ္မတ Trump ကို ကန့်ကွက်ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၁၀၊ ၂၀၁၆)
အရွေးကောက်ခံ ကန်သမ္မတ Trump ကို ကန့်ကွက်ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၁၀၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုသမ္မတအဖြစ် Donald Trump ရွေးချယ်ခံရတာကို မကျေနပ်သူ ထောင်သောင်းချီဟာ နယူးယောက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်က မြို့ကြီးတွေမှာ တတိယနေ့မြောက်အဖြစ် မနေ့ကထိ ဆန္ဒပြနေကြပါတယ်။

အင်္ဂါနေ့ရွေးကောက်ပွဲမှာ ၄၅ ဆက်မြောက် သမ္မတအဖြစ် Trump ရွေးချယ်ခံရပြီးနောက် အမေရိကန် အနောက်မြောက် က အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်း၊ အလယ်ပိုင်းက ချီကာဂို၊ အရှေ့ဘက်က နယူးယောက်မြို့တွေမှာ ရာဂဏန်းကနေ ထောင်ဂဏန်းနီးပါးထိရှိတဲ့ အုပ်စုတွေဟာ ကန့်ကွက်ဆန့်ဆန္ဒပြနေကြတာပါ။

မနေ့ညမှာပဲ ရွေးကောက်ခံသမ္မတ Trump က ဒီရွေးကောက်ပွဲမှာ သူ့အနေနဲ့ တခဲနက် ထောက်ခံအားပေးမှုကိုရခဲ့ပေမယ့် သတင်းမီဒီယာတွေက ဖေါ်ပြနေတဲ့ လူအုပ်ကြီးဟာ သူ့အပေါ် ဆန့်ကျင်ဆန္ဒပြနေတာ လုံးဝမတရားဘူးလို့ Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ပေါ့လန်းမြို့မှာတော့ ထောင်နဲ့ချီတဲ့ ကန့်ကွက်ဆန္ဒပြသူတွေဟာ မနေ့ညက မြို့ထဲမှာ စီတန်းလှည့်လည်ခဲ့ကြပြီး အကြမ်းဖက်ဆူပူမှုတွေလည်း ဖြစ်ပွါးခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ သလို ဗျောက်အိုးတွေ လည်း ဖေါက်ခဲ့ကြတဲ့အပြင် လူအုပ်ထဲက ဘေ့စ်ဘောလ် ဒုတ်တွေ ကိုင်ဆောင်ထားသူ အချို့ဟာ လော့စပီကာ ကနေတဆင့် သွေးထိုး လှုှုံ့ဆော်နေတာကြောင့် ဆူပူအကြမ်းဖက်မှုအဖြစ် ရဲတွေက သတ်မှတ်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေကြောင့် အော်ရီဂွန်ပြည်နယ်က အဝေးပြေးလမ်းမ အမှတ် ၅ နဲ့ ၈၄ လမ်း အစိတ်အပိုင်းတချို့ကို ပိတ်ပစ်ခဲ့သလို ကော်လိုရာဒိုပြည်နယ်မြို့တော် ဒန်းဗားအနီးက အမှတ် ၂၅ အဝေးပြေးလမ်းမကို ဆန္ဒပြသူတွေက ပိတ်ပစ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား၊ ပင်ဆယ်ဗေးနီးယား၊ ကန်တက်ကီ၊ မေရီလန်းပြည်နယ်တွေ မှာလည်း ရွေးကောက်ခံသမ္မတ Donald Trump ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG