သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အနိုင်ရရှိမှုအပေါ် ကန် မြို့ပေါင်း ၇ မြို့မှာ ဆန္ဒတွေပြ

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump အနိုင်ရလိုက်တဲ့အပေါ် မကျေနပ်ကြတဲ့ အမေရိကန်နိုင်ငံသား အများအပြားဟာ မြို့ပေါင်း ၇ မြို့မှာ ချီတက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူ အားလုံးဟာ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ထောက်ခံသူတွေလို့ ပြောလို့မရပေမဲ့လည်း ဆန္ဒပြသူတွေထဲမှာ Hillary Clinton ကို ထောက်ခံသူတွေ အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ သမ္မတ အိမ်ဖြူတော် အနီးဝန်းကျင် အပါအဝင်၊ နယူးယောက်မြို့မှာရှိတဲ့ Donald Trump ရဲ့ အဆောက်အဦးတွေ ရှေ့မှာလည်း ရာနဲ့ချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက “Trump ဟာ ငါတို့ရဲ့ သမ္မတမဟုတ်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အခု ဆန္ဒပြနေကြတဲ့အထဲ ဝါရှင်တန်၊ နယူးယောက်၊ ချီကာဂို စတဲ့ မြို့ကြီးတွေအပြင် ကာလီဖိုးနီးယား ပြည်နယ်မှာလည်း ရွေးကောက်ပွဲညက ချက်ချင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG