သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်မှုကို အနီဝတ်တွေ တန်ပြန် ဆန္ဒပြမည်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲများ။ (ဇန်နဝါရီလ၊ ၂၀၁၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲများ။ (ဇန်နဝါရီလ၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေက ဇန်နဝါရီလ ၁၃ ရက်နေ့ကျရင် မြို့တော် ဘန်ကောက် လည်ပတ်မှုတွေ ရပ်တန့်သွားသည်အထိ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာကို တန်ပြန် ဆောင်ရွက်တဲ့အနေနဲ့ အင်္ကျီနီဝတ်လို့ခေါ်တဲ့ အစိုးရကိုထောက်ခံသူတွေလည်း ဘန်ကောက်မြို့အပြင်မှာ စုဝေး ဆန္ဒပြကြဖို့ ဆော်သြထားပါတယ်။

အဲဒီလို ဆန္ဒပြခြင်းဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့ခေါင်းဆောင် Suthep Thaungsuban တို့အုပ်စုနဲ့ ထိပ်တိုက်တွေ့မယ့်အရေးက ရှောင်ရှားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲနဲ့အတူ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းမယ့် အစီအစဉ်လည်း ပါနိုင်တယ်လို့ တွက်ဆနေကြတာ ဖြစ်ပါတယ်။

အစိုးရကိုထောက်ခံတဲ့ အင်္ကျီနီဝတ်အုပ်စုတွေဟာ တိုင်ပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကလူတွေ များပါတယ်။ ဘန်ကောက်မြို့မြောက်ပိုင်းမှာရှိတဲ့ Pathum Thani လိုဒေသကလူတွေဟာ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ယင်းလပ် ရှင်နဝါကို ထောက်ခံသူတွေ များပါတယ်။

အဲဒီ ဒေသမှာပဲ FM ရေဒီယိုအသံလွှင့်ဌာန ၃ ခုတည်ထောင်ပြီး အင်္ကျီနီဝတ်အုပ်စုတွေက ပြုလုပ်မယ့် ဆန္ဒပြပွဲကိုထောက်ခံကြအပါအဝင် သူတို့ရဲ့ လှုပ်ရှားနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ၂၄ နာရီ အသံလွှင့်ပေးနေပါတယ်။
XS
SM
MD
LG