သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

PTTEP ရဲ႕ ေဇာတိကဓါတ္ေငြ႕လိုင္း ယာယီရပ္ဆိုင္းထား


ဘန္ေကာက္ၿမိဳ႕ေတာ္ရွိ စြမ္းအင္ဆိုင္ရာ အေဆာက္အဦးတြင္ေတြ႔ရသည့္ PTTEP ဆိုင္းဘုတ္။ ၂ ေဖေဖာ္ဝါရီ၊ ၂၀၂၁။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံ၊ မုတၱမပင္လယ္ေကြ႕မွာရွိတဲ့ ေဇာတိက ဓါတ္ေငြ႕တြင္းကထြက္တဲ့ ဓါတ္ေငြ႕ေတြကို တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္ကိုျဖတ္ၿပီး ထိုင္းႏိုင္ငံကို တင္ပို႔ေနတဲ့ ဓါတ္ေငြ႕ပိုက္လိုင္း ေပါက္ေနတာေၾကာင့္ ဓါတ္ေငြ႔တင္ပို႔မႈ ယာယီ ရပ္ဆိုင္းထားတယ္လို႔ ထိုင္းႏိုင္ငံအေျခစိုက္ PTTEP သဘာဝဓါတ္ေငြ႔ကုမၸဏီက ေျပာပါတယ္။ ဒီေဇာတိကလုပ္ကြက္မွာ PTTEP ကုမၸဏီက ဓါတ္ေငြ႔ ရွာေဖြ တူးေဖာ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတာပါ။

ကုန္းတြင္းပိုင္းမွာရွိတဲ့ ပိုက္တခုက ဖိအားေလ်ာ့က်လာၿပီး ၾသဂုတ္လ ၁ ရက္ေန႔မွာ ယိုစိမ့္ေနတာကို စမ္းသပ္ ေတြ႕ရွိခဲ့တာေၾကာင့္ အဲဒီ အစိတ္အပိုင္းကို ပိတ္ထားလိုက္တယ္လို႔ PTTEP ကုမၸဏီက ေျပာပါတယ္။

ကနဦး စစ္ေဆးမႈေတြအရ အခု ဓါတ္ေငြ႔ယိုေနတဲ့ေနရာမွာ ေပါက္ကြဲမႈနဲ႔ မီးေလာင္ ထားတဲ့အရိပ္လကၡဏာေတြ မေတြ႔ရဘူးလို႔ဆိုေပမယ့္ အေသးစိတ္အခ်က္အလက္ေတြ သိႏိုင္ဖို႔ စုံစမ္း စစ္ေဆးမႈေတြ ထပ္လုပ္ေနတယ္လို႔ ဆိုပါတယ္။

ပိုက္လိုင္းကို ျပင္ႏိုင္ဖို႔အတြက္ အပူတျပင္း ႀကိဳးစား ေဆာင္႐ြက္ေနတယ္လို႔ PTTEP က ေျပာထားၿပီး ျပင္ဆင္မႈေတြ ၿပီးဆီးဖို႔အတြက္ သီတင္း ၂ ပတ္ေလာက္ ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္ စစ္ေဆး သိရွိရတဲ့ အခ်က္အလက္ေတြကို ထုတ္ျပန္ေပးသြားမယ္လို႔ PTTEP ကုမၸဏီက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

PTTEP ရဲ့ ဇောတိကဓါတ်ငွေ့လိုင်း ယာယီရပ်ဆိုင်းထား

မြန်မာနိုင်ငံ၊ မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ ဇောတိက ဓါတ်ငွေ့တွင်းကထွက်တဲ့ ဓါတ်ငွေ့တွေကို တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ကိုဖြတ်ပြီး ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်နေတာကြောင့် ဓါတ်ငွေ့တင်ပို့မှု ယာယီ ရပ်ဆိုင်းထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် PTTEP သဘာဝဓါတ်ငွေ့ကုမ္ပဏီက ပြောပါတယ်။ ဒီဇောတိကလုပ်ကွက်မှာ PTTEP ကုမ္ပဏီက ဓါတ်ငွေ့ ရှာဖွေ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

ကုန်းတွင်းပိုင်းမှာရှိတဲ့ ပိုက်တခုက ဖိအားလျော့ကျလာပြီး သြဂုတ်လ ၁ ရက်နေ့မှာ ယိုစိမ့်နေတာကို စမ်းသပ် တွေ့ရှိခဲ့တာကြောင့် အဲဒီ အစိတ်အပိုင်းကို ပိတ်ထားလိုက်တယ်လို့ PTTEP ကုမ္ပဏီက ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အခု ဓါတ်ငွေ့ယိုနေတဲ့နေရာမှာ ပေါက်ကွဲမှုနဲ့ မီးလောင် ထားတဲ့အရိပ်လက္ခဏာတွေ မတွေ့ရဘူးလို့ဆိုပေမယ့် အသေးစိတ်အချက်အလက်တွေ သိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ ထပ်လုပ်နေတယ်လို့ ဆိုပါတယ်။

ပိုက်လိုင်းကို ပြင်နိုင်ဖို့အတွက် အပူတပြင်း ကြိုးစား ဆောင်ရွက်နေတယ်လို့ PTTEP က ပြောထားပြီး ပြင်ဆင်မှုတွေ ပြီးဆီးဖို့အတွက် သီတင်း ၂ ပတ်လောက် ကြာနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် စစ်ဆေး သိရှိရတဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ PTTEP ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG