သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေနရပ္ျပန္သူ နွင္႔ မျပန္ရဲေသးတဲ႔ ကခ်င္စစ္ေဘးေရွာင္မ်ား


ကခ်င္ စစ္ေျပးဒုကၡသည္မ်ား (ယခင္မွတ္တမ္းဓါတ္ပုံ)

ေတာထဲမွာ ပုန္းေရွာင္ေနခဲ့ၾကတဲ့ ပူတာအိုၿမိဳ႕နယ္ ဆြမ္ပီယန္ နဲ႔ အင္စီယန္ေက်း႐ြာေတြက ေဒသခံေက်း႐ြာသားေတြဟာ ကခ်င္ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕နဲ႔ ဘာသာေရး၊ ႏိုင္ငံေရးအဖြဲ႕ေတြ ၾကားဝင္ညႇိႏႈိင္းေပးတာေၾကာင့္ ေနရပ္ျပန္လာၾကၿပီျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုရဲမြန္ က တင္ျပထားပါတယ္။

ေနရပ္ျပန္သူ နွင္႔ မျပန္ရဲေသးတဲ႔ ကခ်င္စစ္ေဘးေရွာင္မ်ား

{{Zawgyi/Unicode}}

ေဖေဖာ္ဝါရီလဆန္းက တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေတာထဲမွာ ပုန္းေရွာင္ေနခဲ့ၾကတဲ့ ပူတာအိုၿမိဳ႕နယ္ ဆြမ္ပီယန္ နဲ႔ အင္စီယန္ေက်း႐ြာေတြက ေဒသခံေက်း႐ြာသားေတြဟာ ကခ်င္ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕နဲ႔ ဘာသာေရး၊ ႏိုင္ငံေရးအဖြဲ႕ေတြ ၾကားဝင္ညႇိႏႈိင္းေပးတာေၾကာင့္ ေနရပ္ျပန္လာၾကၿပီျဖစ္ပါတယ္။ လုံရွာယန္႐ြာက တိမ္းေရွာင္သူေတြ ေနရပ္ျပန္ႏိုင္ဖို႔ ညႇိႏႈိင္းတာေတြရွိေပမဲ့ အေတာ္မ်ားမ်ားက တိုက္ပြဲေတြ ထပ္မံျဖစ္ပြားမွာစိုးရိမ္တာေၾကာင့္ မျပန္ေသးေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုရဲမြန္ က တင္ျပထားပါတယ္။

ေဖေဖာ္ဝါရီ၁ရက္ေန႔က ပူတာအိုၿမိဳ႕နယ္အတြင္းက တပ္စခန္းေတြကို KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက ပူးေပါင္းတိုက္ခိုက္ခဲ့ၾကၿပီး ၃ရက္ေန႔မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းက တိုက္ခိုက္ခဲ့တဲ့ေနာက္ ဆြမ္ပီယန္၊ အင္စီယန္နဲ႔ လုံရွာယန္ေက်း႐ြာက ေဒသခံ ၃၀၀၀ ေက်ာ္ဟာ ေတာေတာင္ေတြအတြင္းကို ပုန္းေရွာင္ခဲ့ရတာပါ။

ဒီရက္ပိုင္းမွာေတာ့တိုက္ပြဲေတြ ၿငိမ္သက္လာတာနဲ႔ ရိကၡာအခက္အခဲျဖစ္လာတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ ျမစ္ႀကီးနား ခရစ္ယာန္ေကာင္စီ၊ ကခ်င္အတိုင္ပင္ခံေကာင္စီနဲ႔ PCG ေခၚ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕ေတြက ၾကားဝင္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ပါတယ္။

အဂၤါေန႔ မနက္ပိုင္းမွာေတာ့ဆြန္ပီယန္နဲ႔ အင္စီယန္ေက်း႐ြာက ေတာအတြင္းတိမ္းေရွာင္ေနသူ ၃၀၀ေက်ာ္ေလာက္ဟာ ေနရပ္ျပန္လာၿပီျဖစ္ေၾကာင္း PCG က ဦးလမိုင္ဂြမ္ဂ်ာက VOA ကို ေျပာပါတယ္။

“ မေန႔က ၂၂ရက္ေန႔မွာ စုစုေပါင္း ၃၀၀ နဲ႔မွ ၁၉ဦး ေပါ့ေလ။ သူတို႔ ေတာမွာ တိမ္းေရွာင္ေနတဲ့အဖြဲ႕ေတြ သူတို႔ ျပန္ေရာက္ပါၿပီ။ အဲဒီ ပူတာအိုတို႔ ျမစ္ႀကီးနားမွာ တိမ္းေရွာင္ေနတဲ့သူကေတာ့ ၈၀၀ေက်ာ္ ၉၀၀ ေလာက္က်န္ေသးတယ္။ ဒါေတြကေတာ့ မနက္ဖန္၊ သဘက္ခါဆို အားလုံးျပန္ႏိုင္ဖို႔ ဆိုၿပီးမွ ၂ဖက္ကို ညႇိႏႈိင္းထားတာေတာ့ ရွိတယ္ဗ်။”

ေဖေဖာ္ဝါရီလဆန္းက KIA က သိမ္းယူခဲ့တဲ့ ဆြမ္ပီယန္တပ္စခန္းကို စစ္ေကာင္စီတပ္က မတ္လ ၃ရက္ေန႔မွာ ျပန္လည္ထိုးစစ္ဆင္ၿပီးေနာက္ သိမ္းယူခဲ့တာပါ။ ဒီလိုသိမ္းယူၿပီး စစ္ေကာင္စီတပ္က ဆြမ္ပီယန္ေက်း႐ြာေတြအတြင္းမွာ စခန္းခ်ေနစဥ္ ေနအိမ္ရွိ ပစၥည္းေတြ သိမ္းယူတာေတြရွိေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။

ဆြမ္ပီယန္နဲ႔ အင္စီယန္႐ြာသားေတြ ေနရပ္ျပန္ဖို႔ေဆာင္႐ြက္ေနခ်ိန္မွာပဲ လုံရွာယန္႐ြာက ေတာေတာင္ေတြထဲကို တိမ္းေရွာင္ေနသူေတြကိုလည္း မၾကာမီ ေနရပ္ျပန္ႏိုင္ဖို႔ ညႇိႏႈိင္းခဲ့ေၾကာင္း ဦးလမိုင္ဂြမ္ဂ်ာက ဆက္ေျပာပါတယ္။

“ မေန႔ကပဲ က်ေနာ္တို႔ သြားေရာက္ ေတြ႕ဆုံခဲ့ပါၿပီ။ အဲဒီမွာလည္း တခ်ိဳ႕က စိုးရိမ္လို႔ေပါ့ေလ။ အဲဒီမွာေတာ့ တိုက္ပြဲမျဖစ္ေပမဲ့လည္း ပတ္ဝန္းက်င္ အနီးအနားမွာ တိုက္ပြဲျဖစ္တဲ့အခါက်ေတာ့ ဟိုဘက္ကလည္း လက္နက္ႀကီးနဲ႔ထု၊ ဒီဘက္ကလည္းထုဆိုတဲ့အခါက်ေတာ့ သူတို႔မွာလည္း စိုးရိမ္မႈေၾကာင့္ တိမ္းေရွာင္ေနတာရွိတယ္။ တခ်ိဳ႕ကေတာ့ ႐ြာမွာ ျပန္လာၾကတယ္။ တခ်ိဳ႕ပဲ က်န္ေတာ့တယ္ အခု ေလာေလာဆည္ကေတာ့။”

လုံရွာယန္ေဒသခံတစ္ဦးကေတာ့ ေတာေတာင္ေတြထဲမွာ တိမ္းေရွာင္ေနသူ ရာနဲ႔ခ်ီက်န္ရွိေနၿပီး သူတို႔ေတြက တိုက္ပြဲထပ္ျဖစ္မွာကို စိုးရိမ္ေနတာေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။

“ အိမ္မွာ ျပန္လာတဲ့သူလည္း ရွိတယ္။ တခ်ိဳ႕က ျပန္လာတယ္။ တခ်ိဳ႕က မျပန္လာေသးဘူး။ ေတာ္ေတာ္က်န္ေသးတယ္။ ရွိတယ္။ ရာဂဏန္းေလာက္ ရွိတယ္။ စစ္သားေတြ ျပန္လာရင္ တိုက္ပြဲျဖစ္မလား ေၾကာက္လို႔ေပါ့။ ဝါဒတ္က စစ္ေကာင္စီေတြက ညမွာ ထြက္သြားေတာ့ ဘယ္ဘက္ ထြက္သြားတယ္ဆိုတာ မသိလိုက္ဘူးတဲ့။ ေတာမွာပဲ ေနသလား။ ဘယ္မွာ ေရာက္သြားလဲ မသိဘူး။ အဲလိုမ်ိဳးဟိုဘက္သြား၊ ဒီဘက္သြား ဆိုရင္ေတာ့ တိုက္ပြဲျဖစ္မွာ ေၾကာက္လို႔ ေပါ့ က်ေနာ္တို႔က။ ”

လုံရွာယန္ေက်း႐ြာဘက္မွာေတာ့ ၿပီးခဲ့တဲ့ အပတ္က ေဒသခံ ၂၀၀၀ေက်ာ္ေလာက္ ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း ေဒသတြင္း လူမႈအသင္းအဖြဲ႕ေတြရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ပူတာအိုၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြၿငိမ္သက္ေနေပမဲ့ ကခ်င္ျပည္နယ္က ျမစ္ႀကီးနား၊ ဟိုပင္နဲ႔ ေ႐ႊကူၿမိဳ႕နယ္ေတြမွာေတာ့ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္

နေရပ်ပြန်သူ နှင့် မပြန်ရဲသေးတဲ့ ကချင်စစ်ဘေးရှောင်များ

{{Unicode}}

ဖေဖော်ဝါရီလဆန်းက တိုက်ပွဲဖြစ်ပွားပြီးနောက် တောထဲမှာ ပုန်းရှောင်နေခဲ့ကြတဲ့ ပူတာအိုမြို့နယ် ဆွမ်ပီယန် နဲ့ အင်စီယန်ကျေးရွာတွေက ဒေသခံကျေးရွာသားတွေဟာ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့တွေ ကြားဝင်ညှိနှိုင်းပေးတာကြောင့် နေရပ်ပြန်လာကြပြီဖြစ်ပါတယ်။ လုံရှာယန်ရွာက တိမ်းရှောင်သူတွေ နေရပ်ပြန်နိုင်ဖို့ ညှိနှိုင်းတာတွေရှိပေမဲ့ အတော်များများက တိုက်ပွဲတွေ ထပ်မံဖြစ်ပွားမှာစိုးရိမ်တာကြောင့် မပြန်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုရဲမွန် က တင်ပြထားပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့က ပူတာအိုမြို့နယ်အတွင်းက တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ၃ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့နောက် ဆွမ်ပီယန်၊ အင်စီယန်နဲ့ လုံရှာယန်ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ တောတောင်တွေအတွင်းကို ပုန်းရှောင်ခဲ့ရတာပါ။

ဒီရက်ပိုင်းမှာတော့တိုက်ပွဲတွေ ငြိမ်သက်လာတာနဲ့ ရိက္ခာအခက်အခဲဖြစ်လာတာကြောင့် စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြစ်ကြီးနား ခရစ်ယာန်ကောင်စီ၊ ကချင်အတိုင်ပင်ခံကောင်စီနဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေက ကြားဝင် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

အင်္ဂါနေ့ မနက်ပိုင်းမှာတော့ဆွန်ပီယန်နဲ့ အင်စီယန်ကျေးရွာက တောအတွင်းတိမ်းရှောင်နေသူ ၃၀၀ကျော်လောက်ဟာ နေရပ်ပြန်လာပြီဖြစ်ကြောင်း PCG က ဦးလမိုင်ဂွမ်ဂျာက VOA ကို ပြောပါတယ်။

“ မနေ့က ၂၂ရက်နေ့မှာ စုစုပေါင်း ၃၀၀ နဲ့မှ ၁၉ဦး ပေါ့လေ။ သူတို့ တောမှာ တိမ်းရှောင်နေတဲ့အဖွဲ့တွေ သူတို့ ပြန်ရောက်ပါပြီ။ အဲဒီ ပူတာအိုတို့ မြစ်ကြီးနားမှာ တိမ်းရှောင်နေတဲ့သူကတော့ ၈၀၀ကျော် ၉၀၀ လောက်ကျန်သေးတယ်။ ဒါတွေကတော့ မနက်ဖန်၊ သဘက်ခါဆို အားလုံးပြန်နိုင်ဖို့ ဆိုပြီးမှ ၂ဖက်ကို ညှိနှိုင်းထားတာတော့ ရှိတယ်ဗျ။”

ဖေဖော်ဝါရီလဆန်းက KIA က သိမ်းယူခဲ့တဲ့ ဆွမ်ပီယန်တပ်စခန်းကို စစ်ကောင်စီတပ်က မတ်လ ၃ရက်နေ့မှာ ပြန်လည်ထိုးစစ်ဆင်ပြီးနောက် သိမ်းယူခဲ့တာပါ။ ဒီလိုသိမ်းယူပြီး စစ်ကောင်စီတပ်က ဆွမ်ပီယန်ကျေးရွာတွေအတွင်းမှာ စခန်းချနေစဉ် နေအိမ်ရှိ ပစ္စည်းတွေ သိမ်းယူတာတွေရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဆွမ်ပီယန်နဲ့ အင်စီယန်ရွာသားတွေ နေရပ်ပြန်ဖို့ဆောင်ရွက်နေချိန်မှာပဲ လုံရှာယန်ရွာက တောတောင်တွေထဲကို တိမ်းရှောင်နေသူတွေကိုလည်း မကြာမီ နေရပ်ပြန်နိုင်ဖို့ ညှိနှိုင်းခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

“ မနေ့ကပဲ ကျနော်တို့ သွားရောက် တွေ့ဆုံခဲ့ပါပြီ။ အဲဒီမှာလည်း တချို့က စိုးရိမ်လို့ပေါ့လေ။ အဲဒီမှာတော့ တိုက်ပွဲမဖြစ်ပေမဲ့လည်း ပတ်ဝန်းကျင် အနီးအနားမှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ဟိုဘက်ကလည်း လက်နက်ကြီးနဲ့ထု၊ ဒီဘက်ကလည်းထုဆိုတဲ့အခါကျတော့ သူတို့မှာလည်း စိုးရိမ်မှုကြောင့် တိမ်းရှောင်နေတာရှိတယ်။ တချို့ကတော့ ရွာမှာ ပြန်လာကြတယ်။ တချို့ပဲ ကျန်တော့တယ် အခု လောလောဆည်ကတော့။”

လုံရှာယန်ဒေသခံတစ်ဦးကတော့ တောတောင်တွေထဲမှာ တိမ်းရှောင်နေသူ ရာနဲ့ချီကျန်ရှိနေပြီး သူတို့တွေက တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“ အိမ်မှာ ပြန်လာတဲ့သူလည်း ရှိတယ်။ တချို့က ပြန်လာတယ်။ တချို့က မပြန်လာသေးဘူး။ တော်တော်ကျန်သေးတယ်။ ရှိတယ်။ ရာဂဏန်းလောက် ရှိတယ်။ စစ်သားတွေ ပြန်လာရင် တိုက်ပွဲဖြစ်မလား ကြောက်လို့ပေါ့။ ဝါဒတ်က စစ်ကောင်စီတွေက ညမှာ ထွက်သွားတော့ ဘယ်ဘက် ထွက်သွားတယ်ဆိုတာ မသိလိုက်ဘူးတဲ့။ တောမှာပဲ နေသလား။ ဘယ်မှာ ရောက်သွားလဲ မသိဘူး။ အဲလိုမျိုးဟိုဘက်သွား၊ ဒီဘက်သွား ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ပေါ့ ကျနော်တို့က။ ”

လုံရှာယန်ကျေးရွာဘက်မှာတော့ ပြီးခဲ့တဲ့ အပတ်က ဒေသခံ ၂၀၀၀ကျော်လောက် တောတောင်တွေထဲ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသတွင်း လူမှုအသင်းအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ပူတာအိုမြို့နယ်ဘက်မှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဟိုပင်နဲ့ ရွှေကူမြို့နယ်တွေမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG