သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကခ်င္ေျမာက္ပိုင္း လမ္းျပန္ဖြင္႔ေပးဖို႔ အခက္ႀကံဳ ေဒသခံေတြ ေမွ်ာ္လင္႔


putao map

ကခ်င္ေျမာက္ပိုင္း လမ္းျပန္ဖြင္႔ေပးဖို႔ အခက္ႀကံဳ ေဒသခံေတြ ေမွ်ာ္လင္႔

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ ျမစ္ႀကီးနား - ဆြမ္ဘရာဘြမ္ - ပူတာအိုလမ္း အသြားအလာ ျဖတ္ေတာက္ခံထားရတဲ့အတြက္ ေဒသခံေတြ အစားအစာနဲ႔ ကုန္ပစၥည္းေတြ ျပတ္လပ္မႈေတြ ႀကံဳေနပါတယ္။ ဒါေၾကာင့္ အေျခခံစားကုန္နဲ႔ စက္သံုးဆီေတြ သယ္ယူႏုိင္ဖုိ႔ ျမစ္ႀကီးနား-ပူတာအိုလမ္းကုိ မနက္ျဖန္ကေန အကန္႔အသတ္နဲ႔ ျပန္ဖြင့္ေပးမယ္လို႔ ပူတာအိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အေရးေပၚလူနာေတြကိုေတာင္ ျမစ္ႀကီးနားၿမိဳ႕ကို ပို႔ေဆာင္ေဆးကုဖုိ႔ ခက္ခဲတဲ့ အေျခအေနျဖစ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မအင္ၾကင္းႏိုင္ ကတင္ျပပါမယ္။

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA ၊ ေဒသကာကြယ္ေရး PDF တပ္ဖြဲ႕ေတြၾကား ေန႔တိုင္းနီးပါး တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ နယ္ေျမလုံၿခဳံေရးအရဆိုၿပီး ႏွစ္ဘက္စလုံးက လမ္းပန္းဆက္သြယ္ေရးကို အသီးသီးျဖတ္ေတာက္ထားပါတယ္။

လမ္းပမ္းဆက္သြယ္ေရး ျပတ္ေတာက္ေနလို႔ စက္သုံးဆီအပါအဝင္ အေျခခံစားေသာက္ကုန္နဲ႔ ေဆးဝါးေတြလည္း အဆမတန္ ေစ်းတက္ေနပါတယ္။ ျမစ္ႀကီးနား - ဆြမ္ဘရာဘြမ္ - ပူတာအိုလမ္းကို ယာယီပိတ္ထားရာကေန မတ္လ ၂ ရက္၊ ဗုဒၶဟူးေန႔ကစၿပီး စက္သုံးဆီနဲ႔ ကုန္တင္ယာဥ္ေတြကုိ ျဖတ္သန္းသြားခြင့္ျပဳမယ္လို႔ ပူတာအိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

အခုလို လမ္းျပန္ပြင့္သြားရင္ ကုန္စည္ျပန္စီးဆင္းႏိုင္မယ္လို႔ ေဒသခံေတြဘက္က ေမွ်ာ္လင့္ေနပါတယ္။

"ၿမိဳ႕တြင္းအေျခအေနကေတာ့ ေလာေလာဆယ္ အကုန္လုံးေျပာရမယ္ဆို ပ်က္လု႔နီးနီး၊ လႈပ္ရွားမႈပိုင္းဆိုင္ရာမွာေတာ့ ေတာ္ေတာ္ေလးကို ရပ္တန႔္သေလာက္ ျဖစ္သြားတယ္။ ပူတာအိုၿမိဳ႕တြင္းထဲမွာေတာ့ အေရာင္းအဝယ္ေတြ ေအးတိေအးစက္ ျဖစ္ကုန္တာေပါ့။ မရႈႏိုင္ မကယ္ႏိုင္တဲ့ အေျခအေနက်ေတာ့ အခုလို ဒီလိုဖြင့္ေပးလိုက္တဲ့အခ်ိန္က် အသက္ရႉေပါက္ေလးေတာ့ ရတာေပါ့။ ပိုၿပီးေတာ့ အသက္ရႉနည္းနည္း ျပန္ေခ်ာင္လာတာေပါ့၊ အဲလိုပဲယူဆလို႔ရတယ္။"

ျမစ္ႀကီးနား - ဆြမ္ဘရာဘြမ္ - ပူတာအို လမ္းပိုင္းမွာ တိုက္ပြဲေတြျပင္းထန္လို႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ကစၿပီး ျဖတ္သန္းခြင့္ ယာယီပိတ္ထားခဲ့တာပါ။ ကုန္စည္စီးဆင္းမႈ ျပတ္ေတာက္ခဲ့လို႔ ပူတာအိုၿမိဳ႕တြင္းမွာ စက္သုံးဆီျပတ္ေတာက္မႈေတြလည္း ျဖစ္ခဲ့ပါတယ္။ ေစ်းေတြကလည္း အဆမတန္တက္ခဲ့တာပါ။ အသြားအလာလုပ္လုိ႔ မရတဲ့အတြက္ လူနာေတြကို ျမစ္ႀကီးနားၿမိဳ႕ကို ပို႔ေဆာင္ ေဆးကုလို႔ေတာင္ မရဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"အခက္အခဲက ဘယ္ေလာက္ျဖစ္သြားလဲဆိုေတာ့ တခ်ိဳ႕က်ေတာ့ ျမစ္ႀကီးနားဘက္ဆင္းမယ္၊ အေရးေပၚလူနာေတြဆို။ ဥပမာဆိုပါစို႔ ေလယာဥ္ေပၚမွာက်ေတာ့ ေအာက္ဆီဂ်င္တြဲၿပီးေတာ့ သယ္လို႔မရ၊ ေျမျပန႔္မွာက်ေတာ့ ေအာက္ဆီဂ်င္တြဲၿပီးသယ္လို႔ရတဲ့ ပရဟိတလုပ္ငန္းလုပ္တဲ့လူေတြ အခက္အခဲေတြ႕တယ္။ ခြဲစိတ္ကုသဖို႔လိုအပ္တဲ့ ေရာဂါအေျခအေန ဆိုး႐ြားတဲ့သူေတြဆိုလည္း အခက္အခဲေတြအမ်ိဳးစုံ ႀကဳံတယ္။ ၿပီးရင္ သြားလာမႈကုန္သြယ္တဲ့အပိုင္း၊ ဥပမာ က်ေနာ္တို႔ ပူတာအိုကေန ေခါင္လန္ဖူးကို ကုန္သြယ္တဲ့အပိုင္းမွာလည္း အခက္အခဲအမ်ိဳးမ်ိဳးျဖစ္သြားတယ္။ ဘယ္ေလာက္ထိ ျဖစ္သြားလဲဆိုေတာ့ ဆီတအားရွားသြားတဲ့အတြက္ေၾကာင့္ ခါတိုင္းက ပန္နန္းဒင္အထိကို ကားတစီးကို အလြန္ဆုံးမွ ေလးသိန္းခြဲဆို သြားလို႔ရတယ္၊ ကားငွားၿပီးသြားတာေပါ့။ အခုက်ေတာ့ ကားခက ဆယ္သိန္းေက်ာ္ေလာက္ေပါက္တယ္။ အဲလိုေတြျဖစ္သြားေတာ့ အနီးအနားသြားတာေတာင္မွ ေစ်းေတြက မတရားတက္သြားတဲ့အခါက်ေတာ့ အားလုံးကေတာ့ ဘယ္လိုေျပာလဲဆိုေတာ့ ခဏရပ္ၾကည့္တာေပါ့။ အေျခအေနေကာင္းမွ ျပန္သြားမယ္ဆိုတဲ့ အေနအထားမွာ ေစာင့္ၾကည့္တဲ့အေနအထားမွာပဲ အဲလိုအေျခအေနျဖစ္သြားတဲ့အခါက် ေအးတိေအးစက္ႏိုင္တဲ့ ကာလတခုကိုေတာ့ ျဖတ္ရတာေပါ့။"

ပူတာအိုၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ ဆီဆိုင္တခ်ိဳ႕မွာ ေရာင္းခ်ဖို႔ ဆီမရွိေတာ့လို႔ ဆိုင္ပိတ္ထားရတဲ့အထိ ျဖစ္ေနပါတယ္။ သာေရး၊ နာေရး ကူညီေဆာင္႐ြက္ေပးေနတဲ့ ပရဟိတယာဥ္တခ်ိဳ႕လည္း ဆီမရွိေတာ့လို႔ ကူညီေရးလမ္းေၾကာင္းေတြကို ယာယီရပ္ဆိုင္းထားရပါတယ္။ ေရရွည္မွာ အေျခခံစားနပ္ရိကၡာ ျပတ္ေတာက္သြားမွာကိုလည္း ေဒသခံေတြက စိုးရိမ္ေနၾကတာပါ။ ကိုဗစ္ကပ္ေရာဂါကာလမွာ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ေဆးပစၥည္းေတြလည္း ဝယ္မရတဲ့အေျခအေနျဖစ္ခဲ့တယ္လို႔ ပူတာအိုၿမိဳ႕တြင္းမွာ ဖြင့္လွစ္ထားတဲ့ ေဆးဆိုင္ပိုင္ရွင္တဦးက ေျပာပါတယ္။

"တခ်ိဳ႕ေဆးေတြဆို ေတာ္ေတာ္ေလးျပတ္သြားၿပီ။ ၾကာၿပီ တပတ္ေလာက္ရွိသြားတာေပါ့ေနာ္။ လမ္းမဖြင့္ေသးဘူးဆိုေတာ့ မွာရင္လည္းမေရာက္ေတာ့ဘူး။ အခုမွဖြင့္မယ္ဆိုေတာ့ ျပန္မွာထားတယ္။ မဖြင့္ရင္ေတာ့ ေဆးကေတာ့ျပတ္လတ္ေနဦးမွာပဲ အဲလိုျဖစ္သြားမွာ။ တကယ္လို႔ ဖြင့္ေပးမယ္ဆိုရင္ေတာ့ က်မတို႔ ဒီပူတာအိုဘက္မွာေတာ့ စားေသာက္ကုန္ေတြေရာ၊ အစစအရာရာမွာေတာ့ လူသုံးကုန္ပစၥည္းေတြလည္း အဆင္ေျပသြားတာေပါ့ေနာ္။"

အခုလိုအေျခအေနႀကံဳေနခ်ိန္ ပူတာအို- ျမစ္ႀကီးနာလမ္းကေန ကုန္ပစၥည္းနဲ႔ စက္သံုးဆီေတြကို သယ္ယူပို႔ေဆာင္ႏုိင္မယ္ဆိုတဲ့အေပၚ ေဒသခံေတြ အေတာ္ေလးေမ ွ်ာ္လင့္ေနၾကပါတယ္။

ျမစ္ႀကီးနား - ဆြမ္ဘရာဘြမ္ - ပူတာအို လမ္းပိုင္းကို မနက္ ၆ နာရီကေန ညေန ၅ နာရီအတြင္း စက္သုံးဆီနဲ႔ ကုန္တင္ယာဥ္ေတြကို ျဖတ္သန္းသယ္ေဆာင္ခြင့္ျပဳမယ္လို႔ ပူတာအိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ သြားလာခြင့္ျပဳမယ့္ထဲမွာ ခရီးသည္တင္ယာဥ္ေတြ မပါေသးသလို၊ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ ထုတ္ကုန္ပစၥည္းေတြနဲ႔ စစ္သားေတြ၊ စစ္လက္နက္ကိရိယာေတြကိုလည္း သြားလာခြင့္မျပဳဘူးလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

ကချင်မြောက်ပိုင်း လမ်းပြန်ဖွင့်ပေးဖို့ အခက်ကြုံ ဒေသခံတွေ မျှော်လင့်

{{Zawgyi/Unicode}}

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအိုလမ်း အသွားအလာ ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေ အစားအစာနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေ ကြုံနေပါတယ်။ ဒါကြောင့် အခြေခံစားကုန်နဲ့ စက်သုံးဆီတွေ သယ်ယူနိုင်ဖို့ မြစ်ကြီးနား-ပူတာအိုလမ်းကို မနက်ဖြန်ကနေ အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လောလောဆယ်မှာတော့ အရေးပေါ်လူနာတွေကိုတောင် မြစ်ကြီးနားမြို့ကို ပို့ဆောင်ဆေးကုဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မအင်ကြင်းနိုင် ကတင်ပြပါမယ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နယ်မြေလုံခြုံရေးအရဆိုပြီး နှစ်ဘက်စလုံးက လမ်းပန်းဆက်သွယ်ရေးကို အသီးသီးဖြတ်တောက်ထားပါတယ်။

လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေလို့ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေလည်း အဆမတန် ဈေးတက်နေပါတယ်။ မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအိုလမ်းကို ယာယီပိတ်ထားရာကနေ မတ်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ကစပြီး စက်သုံးဆီနဲ့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသွားခွင့်ပြုမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလို လမ်းပြန်ပွင့်သွားရင် ကုန်စည်ပြန်စီးဆင်းနိုင်မယ်လို့ ဒေသခံတွေဘက်က မျှော်လင့်နေပါတယ်။

"မြို့တွင်းအခြေအနေကတော့ လောလောဆယ် အကုန်လုံးပြောရမယ်ဆို ပျက်လု့နီးနီး၊ လှုပ်ရှားမှုပိုင်းဆိုင်ရာမှာတော့ တော်တော်လေးကို ရပ်တန့်သလောက် ဖြစ်သွားတယ်။ ပူတာအိုမြို့တွင်းထဲမှာတော့ အရောင်းအဝယ်တွေ အေးတိအေးစက် ဖြစ်ကုန်တာပေါ့။ မရှုနိုင် မကယ်နိုင်တဲ့ အခြေအနေကျတော့ အခုလို ဒီလိုဖွင့်ပေးလိုက်တဲ့အချိန်ကျ အသက်ရှူပေါက်လေးတော့ ရတာပေါ့။ ပိုပြီးတော့ အသက်ရှူနည်းနည်း ပြန်ချောင်လာတာပေါ့၊ အဲလိုပဲယူဆလို့ရတယ်။"

မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လို့ ဖေဖော်ဝါရီလ ၂၂ ရက်ကစပြီး ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့တာပါ။ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့လို့ ပူတာအိုမြို့တွင်းမှာ စက်သုံးဆီပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဈေးတွေကလည်း အဆမတန်တက်ခဲ့တာပါ။ အသွားအလာလုပ်လို့ မရတဲ့အတွက် လူနာတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင် ဆေးကုလို့တောင် မရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"အခက်အခဲက ဘယ်လောက်ဖြစ်သွားလဲဆိုတော့ တချို့ကျတော့ မြစ်ကြီးနားဘက်ဆင်းမယ်၊ အရေးပေါ်လူနာတွေဆို။ ဥပမာဆိုပါစို့ လေယာဉ်ပေါ်မှာကျတော့ အောက်ဆီဂျင်တွဲပြီးတော့ သယ်လို့မရ၊ မြေပြန့်မှာကျတော့ အောက်ဆီဂျင်တွဲပြီးသယ်လို့ရတဲ့ ပရဟိတလုပ်ငန်းလုပ်တဲ့လူတွေ အခက်အခဲတွေ့တယ်။ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ ရောဂါအခြေအနေ ဆိုးရွားတဲ့သူတွေဆိုလည်း အခက်အခဲတွေအမျိုးစုံ ကြုံတယ်။ ပြီးရင် သွားလာမှုကုန်သွယ်တဲ့အပိုင်း၊ ဥပမာ ကျနော်တို့ ပူတာအိုကနေ ခေါင်လန်ဖူးကို ကုန်သွယ်တဲ့အပိုင်းမှာလည်း အခက်အခဲအမျိုးမျိုးဖြစ်သွားတယ်။ ဘယ်လောက်ထိ ဖြစ်သွားလဲဆိုတော့ ဆီတအားရှားသွားတဲ့အတွက်ကြောင့် ခါတိုင်းက ပန်နန်းဒင်အထိကို ကားတစီးကို အလွန်ဆုံးမှ လေးသိန်းခွဲဆို သွားလို့ရတယ်၊ ကားငှားပြီးသွားတာပေါ့။ အခုကျတော့ ကားခက ဆယ်သိန်းကျော်လောက်ပေါက်တယ်။ အဲလိုတွေဖြစ်သွားတော့ အနီးအနားသွားတာတောင်မှ ဈေးတွေက မတရားတက်သွားတဲ့အခါကျတော့ အားလုံးကတော့ ဘယ်လိုပြောလဲဆိုတော့ ခဏရပ်ကြည့်တာပေါ့။ အခြေအနေကောင်းမှ ပြန်သွားမယ်ဆိုတဲ့ အနေအထားမှာ စောင့်ကြည့်တဲ့အနေအထားမှာပဲ အဲလိုအခြေအနေဖြစ်သွားတဲ့အခါကျ အေးတိအေးစက်နိုင်တဲ့ ကာလတခုကိုတော့ ဖြတ်ရတာပေါ့။"

ပူတာအိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ဆီဆိုင်တချို့မှာ ရောင်းချဖို့ ဆီမရှိတော့လို့ ဆိုင်ပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။ သာရေး၊ နာရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတယာဉ်တချို့လည်း ဆီမရှိတော့လို့ ကူညီရေးလမ်းကြောင်းတွေကို ယာယီရပ်ဆိုင်းထားရပါတယ်။ ရေရှည်မှာ အခြေခံစားနပ်ရိက္ခာ ပြတ်တောက်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ကိုဗစ်ကပ်ရောဂါကာလမှာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးပစ္စည်းတွေလည်း ဝယ်မရတဲ့အခြေအနေဖြစ်ခဲ့တယ်လို့ ပူတာအိုမြို့တွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

"တချို့ဆေးတွေဆို တော်တော်လေးပြတ်သွားပြီ။ ကြာပြီ တပတ်လောက်ရှိသွားတာပေါ့နော်။ လမ်းမဖွင့်သေးဘူးဆိုတော့ မှာရင်လည်းမရောက်တော့ဘူး။ အခုမှဖွင့်မယ်ဆိုတော့ ပြန်မှာထားတယ်။ မဖွင့်ရင်တော့ ဆေးကတော့ပြတ်လတ်နေဦးမှာပဲ အဲလိုဖြစ်သွားမှာ။ တကယ်လို့ ဖွင့်ပေးမယ်ဆိုရင်တော့ ကျမတို့ ဒီပူတာအိုဘက်မှာတော့ စားသောက်ကုန်တွေရော၊ အစစအရာရာမှာတော့ လူသုံးကုန်ပစ္စည်းတွေလည်း အဆင်ပြေသွားတာပေါ့နော်။"

အခုလိုအခြေအနေကြုံနေချိန် ပူတာအို- မြစ်ကြီးနာလမ်းကနေ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပို့ဆောင်နိုင်မယ်ဆိုတဲ့အပေါ် ဒေသခံတွေ အတော်လေးမေ ျှာ်လင့်နေကြပါတယ်။

မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို လမ်းပိုင်းကို မနက် ၆ နာရီကနေ ညနေ ၅ နာရီအတွင်း စက်သုံးဆီနဲ့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်ပြုမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သွားလာခွင့်ပြုမယ့်ထဲမှာ ခရီးသည်တင်ယာဉ်တွေ မပါသေးသလို၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ စစ်သားတွေ၊ စစ်လက်နက်ကိရိယာတွေကိုလည်း သွားလာခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG