သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ ၅ ကြိမ်မြောက် သက်တမ်း ကျမ်းသစ္စာကျိန်ဆို


ရုရှားသမ္မတ Vladimir Putin ၅ ကြိမ်မြောက် သမ္မတ သက်တမ်းကျမ်းသစ္စာ ကျိန်ဆိုပွဲမြင်ကွင်းဓာတ်ပုံများ (မေ ၇၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin ၅ ကြိမ်မြောက် သမ္မတ သက်တမ်းကျမ်းသစ္စာ ကျိန်ဆိုပွဲမြင်ကွင်းဓာတ်ပုံများ (မေ ၇၊ ၂၀၂၄)

ရုရှားနိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေကို ချေမှုန်း ဖျက်ဆီးတာ၊​ ယူကရိန်းကို ကျေမွ ပျက်စီးသွားအောင် စစ်ပွဲဆင်နွှဲတာနဲ့ ရှိသမျှ အာဏာအားလုံး သူ့လက်ထဲမှာ အကုန်ထိန်းချုပ်ထားလိုက်ပြီးတဲ့နောက် ရုရှားသမ္မတ Vladimir Putin ဟာ ၅ ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။​

ခေါင်းဆောင်ဟောင်း Josef Stalin ပြီးရင် သက်တမ်းအကြာဆုံးသူအဖြစ် နှစ်ပေါင်း ၂၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ပြီးဖြစ်တဲ့ သမ္မတ Putin ဟာ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ပြန်ဝင်ရမယ့် ၂၀၃၀ ခုနှစ်အထိ ဒီရာထူးကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။​

မော်စကိုမြို့ Kremlin နန်းတော်အတွင်း စိတ်ကြိုက် ရွေးချယ် ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တွေရှေ့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတ Putin က ရုရှား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်လက်တင်ပြီး ဖွဲ့စည်းပုံကို ခုခံ ကာကွယ်သွားမယ့်အကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။​

သမ္မတဟောင်း Boris Yeltsin ထံက ၁၉၉၉ ခုနှစ်မှာ သမ္မတရာထူးကို လက်ခံ ရယူပြီးတဲ့နောက် သမ္မတ Putin ဟာ စီးပွားရေး ချွတ်ခြုံကျနေတဲ့ ရုရှားကို နိုင်ငံတကာရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတဲ့ အပယ်ခံနိုင်ငံတခုအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဥရောပတိုက်မှာ အကြီးဆုံး စစ်ပွဲတခုဖြစ်လာတဲ့ ရုရှားက ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲကြောင့် ရုရှားအပေါ် နိုင်ငံတကာက ဒဏ်ခတ် အရေးယူမှုတွေ အများအပြား ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုချိန်မှာ ရုရှားဟာ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ထံက အကူအညီတွေ ရယူတဲ့အခြေအနေကို ဆိုက်ရောက်လာပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ Vladimir Putin ဟာ သူ့ရဲ့ ၅ ကြိမ်မြောက် သမ္မတသက်တမ်းအတွင်း ပြည်တွင်းနဲ့ ပြည်ပရေးရာကိစ္စတွေမှာ ဘာတွေ ဆက်လုပ်သွားမလဲဆိုတဲ့အပေါ် စောင့်ကြည့်နေကြပါတယ်။

ရုရှားသမ္မတ ၅ ကြိမ်မြောက် သက်တမ်း ကျမ်းသစ္စာကျိန်ဆို
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG