သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Putin နဲ့ Trump တတိယနိုင်ငံမှာတွေ့ဆုံဖို့ သဘောတူညီမှုရ


ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Trump တို့ ၂၀၁၇ နိုဝင်ဘာ ဗီယက်နမ်နိုင်ငံက APEC ညီလာခံမှာတွေ့ဆုံကြစဉ်။
ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Trump တို့ ၂၀၁၇ နိုဝင်ဘာ ဗီယက်နမ်နိုင်ငံက APEC ညီလာခံမှာတွေ့ဆုံကြစဉ်။

ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ တရပ်ကို ကျင်းပဖို့ သဘောတူလိုက်ကြပြီလို့ ရုရှားအစိုးရ အရာရှိကြီးတွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး John Bolton သမ္မတ ပူတင်နဲ့ ရုရှားအရာရှိကြီးတွေကို မော်စကိုမြို့တော်မှာ ဗုဒ္ဓဟူးနေ့ တွေ့ဆုံပြီးနောက် ဒီကြေညာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တွေ့ဆုံမယ့် နေရာအသေးစိတ်ကို ကြာသပတေးနေ့ ကြေညာမယ်လို့ ရုရှားအစိုးရ နိုင်ငံခြားရေးလက်ထောက် Yuri Ushakov ကဆိုပါတယ်။

သမ္မတ Trump နေတိုးထိပ်သီး အစည်းဝေးပွဲနဲ့ ဗြိတိန်ခရီးစဉ်အပြီး ဂျူလိုင်(၁၃)ရက်နောက်ပိုင်း သမ္မတ(၂)ဦးတွေ့ဆုံမှု ဖြစ်လာနိုင်ပြီး သြစတြီးယားနိုင်ငံ Vienna မြို့နဲ့ ဖင်လန်နိုင်ငံ Helsinki မြို့တို့ဟာ တွေ့ဆုံမယ့်နေရာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မစ္စတာ Bolton ရဲ့ မော်စကိုခရီးစဉ်ကြောင့် ရုရှား-အမေရိကန် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်မယ့် အလားအလာ ဖြစ်ထွန်းလာနိုင် တယ်လို့ သမ္မတ Putin က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ လောလောဆယ်မှာ အကောင်းဆုံး အနေအထား မရှိဘူးလို့ နှစ်ဘက်စလုံးက ပြောဆိုနေကြပြီး သမ္မတနှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG