သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ရုရှားသမ္မတနှစ်ဦး ထိပ်သီးဆွေးနွေးဖို့ ပြင်ဆင်


၂၀၁၇ နိုဝင်ဘာတုန်းက ကန်နဲ့ ရုရှားသမ္မတနှစ်ဦး တွေ့ဆုံစဉ်
၂၀၁၇ နိုဝင်ဘာတုန်းက ကန်နဲ့ ရုရှားသမ္မတနှစ်ဦး တွေ့ဆုံစဉ်

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ထိပ်သီးတွေ့ဆုံဖို့ စီစဉ်နေကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြနေကြပါတယ်။ သမ္မတTrump ရဲ့ ရှေ့လ ဥရောပခရီးစဉ်အတွင်း ထိပ်သီးတွေ့ဆုံဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်နေကြတာပါ။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဇူလိုင်လ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပမယ့် မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ (NATO) အစည်းအဝေး မတိုင်ခင်မှာဖြစ်ဖြစ်၊ နောက် ၂ ရက်အကြာ ဗြိတိန်ခရီးစဉ် နောက်ပိုင်းဖြစ်ဖြစ် ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ မနေ့နှောင်းပိုင်းအထိ ငြင်းဆန်ခဲ့ပြီး၊ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီကလည်း ဗွီအိုအေရဲ့ မေးမြန်းချက်ကို တစုံတရာ တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။

ထိပ်သီးတွေ့ဆုံမယ့် သတင်းနဲ့ ပတ်သက်လို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရသူ Dmitry Peskov ကလည်း ဒီနေ့တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲအတွင်း မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ရှေ့သီတင်းပတ်ထဲ ရုရှားနိုင်ငံကို လာရောက်ပြီး ကြိုတင်ပြင်ဆင်ဖို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ တေ့ွဆုံမယ့်နေရာကို တရားဝင်ထုတ်ဖော် ပြောဆိုတာမျိုး မရှိပေမဲ့လည်း NATO ထိပ်သီးအစည်းအဝေးပွဲနောက်ပိုင်း ဥရောပနိုင်ငံက မြို့တော်တခုခုမှာ ဖြစ်နိုင်ကြောင်း ပြည်ပသတင်းအေဂျင်စီ တော်တော်များများက ဖော်ပြနေကြတာပါ။

သြစတြီးယားနိုင်ငံ ဗီယမ်နာမြို့မှာ တွေ့ဆုံဖို့ အလားအလာ ရှိကြောင်းလည်း သတင်းတချို့က ဖော်ပြနေပါတယ်။ သမ္မတ Trump ကတော့ ရုရှားသမ္မတ ကမ္ဘာ့အလယ်မှာ ပြန်လည်ဝန်ဆန့်စေလိုကြောင်း ပြောဆိုထားတာပါ။ ဒီလဆန်းပိုင်း ကနေဒါနိုင်ငံ Quebec မှာ ညီလာခံ ကျင်းပခဲ့တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) မှာ ရုရှားနိုင်ငံကို ပြန်လည်လက်ခံဖို့လည်း သမ္မတ Trump ကတိုက်တွန်းခဲ့ပါတယ်။ ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် ၂၀၁၄ ခုနှစ်မှာ သွတ်သွင်းခဲ့ပြီးနောက်မှာပဲ ရုရှားကို G-7 အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ခဲ့တာပါ။

ကန်နဲ့ ရုရှားသမ္မတနှစ်ဦး ထိပ်သီးဆွေးနွေးဖို့ ပြင်ဆင်
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG