မင်းသား Andrew တော်ဝင် အဆောင်အယောင် နဲ့ တာဝန်တွေ ရုပ်သိမ်းခံရ
{{Zawgyi/Unicode}}
အသက်မပြည့်သေးတဲ့ မိန်းခလေးတဦးကို မဖွယ်မရာလိင်ဆက်ဆံမှုရှိတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရတဲ့ Andrew မင်းသားကို လက်ရှိထမ်းဆောင်နေတဲ့ စစ်ဘက်နဲ့ တော်ဝင်သူကောင်းပြုထားတဲ့ York မြို့စား တာဝန်ကနေ ရုပ်သိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဗြိတိန်ဘုရင်မကြီး Elizabeth က ကြေညာလိုက်ပါတယ်။
York မြို့စား မင်းသား Andrew အနေနဲ့ ဘယ် လူထုလုပ်ငန်းတာဝန်ကိုမှ ဆက်ထမ်းဆောင်ခွင့်မရှိတဲ့အပြင် အမှုရင်ဆိုင်ရာမှာလည်း သာမန်အရပ်သားတဦးအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း Buckingham နန်းတော်က ကြာသပတေးနေ့ ထုတ်ပြန်တဲ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် York မြို့စားရဲ့ စစ်ဘက်နဲ့ တော်ဝင်တာဝန်တွေကို ဘုရင်မကြီးက ပြန်လည်ရုပ်သိမ်းကြောင်းလည်း ဖေါ်ပြထားတာပါ။
Andrew မင်းသားက မဖွယ်မရာလိင်ဆက်ဆံကြောင်း စွပ်စွဲထားတဲ့ Virginia Giuffre ကို နယူးရောက်တရားသူကြီးက ဒီသီတင်းပတ်အစောပိုင်းမှာပဲ တရားစွဲဆိုခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ လူမှောင်ခိုကူးသူအဖြစ် အပစ်ပေးတာခံခဲ့ရတဲ့ Jeffrey Epstein နဲ့ သူ့အပေါင်းအသင်း Ghislaine Maxwell တို့ရဲ့ခိုင်းစေမှုကြောင့် သူ့ကို မင်းသား Andrew နဲ့ လိင်ဆက်ဆံခဲ့ရကြောင်း သူမက စွပ်စွဲခဲ့တာ ဖြစ်ပြီး ဒါကို Andrew မင်းသားက ငြင်းဆိုပါတယ်။
နယူးယောက် Manhattan အကျဉ်းထောင်မှာ နောက်အမှုတခု ရင်ဆိုင်ဖို့ စောင့်ဆိုင်းရင်း အကျဉ်းကျ ခံနေရတဲ့ Epstein ဟာ ၂၀၁၉ မှာ ထောင်တွင်းသေဆုံးသွားခဲ့ပြီး ဒါဟာ သူ့ကိုယ်သူ သတ်သေတာဖြစ်ကြောင်း တာဝန်ခံတွေက ပြောပါတယ်။ Maxwell ဟာလည်း မကြာသေးခင်ကပဲ လူမှောင်ခိုမှုနဲ့ ပြစ်ဒဏ်ချမှတ်တာ ခံထားရပါတယ်။
............................................
{{Unicode}}