မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့ ကချင်ပြည်နယ်မြစ်ကြီးနားကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီး အင်းစိန်အကျဉ်းထောင်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် အကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးရုံးက ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူကတော့ အင်းစိန်ထောင်တွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ ဒီကနေ့ ခရီးစဉ်သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မစ္စတာ ကင်တားနားဟာ မြစ်ကြီးနားမြို့ကနေ ဒီကနေ့ မနက် ၉နာရီကျော်က ထွက်ခွာလာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ကို နေ့ခင်း ၁၂နာရီလောက် မှာ ရောက်ရှိခဲ့ပါတယ်။ နေ့ခင်း ၁နာရီလောက်မှာတော့ ရန်ကုန်မြို့က နံမည်ဆိုးနဲ့ ထင်ရှားတဲ့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ အကျဥ်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။
" အော် ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့ အင်းစိန်ထောင်ကနေ အကျဉ်းသားတွေနဲ့တွေ့ပြီး ကျနော်တို့ ထွက်လာပါတယ်။ မနက်ကနေ မြစ်ကြီးနားက နေ ပြန်ရောက်တာပါခင်ဗျ။ လောလောဆယ် ကျနော့်မှာ ဘာမှ နောက်ထပ်ထပ်ပြောစရာမရှိပါဘူးခင်ဗျာ။ ဟုတ်ကဲ့။"
လေ့လာတွေ့ရှိတဲ့အချက်တွေကိုတော့ မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး သတင်းထုတ်ပြန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ တွဲဖက်အတွင်းရေးမှုး ဦးဘိုကြည်ကတော့ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတချို့ကျန်ရှိနေပြီး သူတို့နဲ့တွေ့ဆုံဆွေးနွေးဖြစ်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
"ကျနော်တို့ကတော့ အင်းစိန်ထောင်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပို့ပေးထားတာရှိပါတယ်။ ဒီတခေါက်တော့ ၁၅ယောက်ရှိတယ် အဲ့ဒီ့အထဲမှာ တွေ့သွားပါ လို့ပြောထားတာရှိတယ်လေ ။ ခါတိုင်းတော့ အကျဉ်းထောင်ထဲက အခြေအနေတွေ သူမေးလေ့ရှိတယ်။ နောက် လက်ရှိနိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုအခြေအနေ ကို မေးလေ့ရှိတယ်။ နောက်သူတို့ ညှင်းပမ်းနှိပ်စက်မှု ခံရ မခံရ အဲ့တာတွေကို မေးလေ့ရှိပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့အခြေအနေတွေကို မေးလေ့ရှိပါတယ်။ အခုလည်း သူလာတာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို စုံစမ်းလေ့လာဖို့ လာတာဆိုတော့ လူ့အခွင့်အရေးဆိုင်ရာ ရှု့ထောင့်ကပဲ သူချဉ်းကပ်ပြီးတော့ မေးခွန်းတွေကို မေးလိမ့်မယ်လို့ ထင်ပါတယ်။"
ဒီကနေ့ညနေမှာတော့ မစ္စတာကင်တားနားနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ မြန်မာပြည်က လက်ရှိ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြသွားမယ်လို့လည်း ဦးဘိုကြည်က ပြောပါတယ်။
"အဓိကကတော့ လက်ရှိအဖမ်းအဆီးတွေရယ်၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားကိစ္စတွေရယ်၊ ဒါတွေကို အဓိကထားပြီး ဆွေးနွေးမှာပါ။ နောက် အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသား ၁၂၄ယောက်၊ ကျန်နေတာရှိတယ်။ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ ကိစ္စတွေနဲ့ လွတ်လပ်စွာ စုဝေးခွင့်တို့ ဥပဒေ ဒီကိစ္စတွေကို ဆွေးနွေးပါမယ်။ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေပေါ့။ နော်အုံးလှအဖမ်းခံရတဲ့ကိစ္စဆိုရင် တော်တော်လေး ရုပ်ဆိုးတယ်လေ။ ဒါဟာ အမျိုးသမီးတယောက်ကို ကာအိန္ဒြေပျက်ပြားလောက်အောင် လုပ်ခဲ့တာ။ ဒါတွေဟာ တကယ်တမ်းကျတော့ ဖြစ်ကို မဖြစ်သင့်ပါဘူး။ နောက်တခုက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ဟာကို ဒီလောက်ကြီး လုပ်သင့်တဲ့ကိစ္စမဟုတ်ဘူးလေ။ ဒီလိုကိစ္စတွေလည်းပါမယ်။ နောက် ဥပဒေစိုးမိုးမှုမရှိတာတွေ၊ နောက် မျှတတဲ့တရားစီရင်မှုမရတာတွေ၊ဒီကိစ္စတွေကို ဇောင်းပေးပြီး ပြောသွားမှာပါ။"
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာပြည်မှာ ၁၀ရက်ကြာနေထိုင်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်တွေကတော့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး နောက်ရက်တွေမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက မိတ္ထီလာမြို့တွေကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ စစ်ပြေးဒုက္ခသည်တွေ အခြေအနေကို လေ့လာဖို့ အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို သွားရောက်ဖို့ ပြင်ဆင် ခဲ့ပေမဲ့ ခွင့်ပြုချက် မရခဲ့ပါဘူး။