သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Quintana မဲဆောက်ရောက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား
ကုလသမဂ္ဂ၊ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနား ဟာ အောက်တိုဘာလမှာ တင်မယ့် သူရဲ့ အစီရင်ခံစာအတွက် ထိုင်း-မြန်မာနယ်စပ်က လူအခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ သြဂုတ်လ ၇ ရက်နေ့က တွေ့ဆုံပြီး သတင်းအချက်အလက်တွေ စုဆောင်းသွားခဲ့ပါတယ်။ ဒီအကြောင်း အစုံအလင် ကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ၊ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အစီရင်ခံစာတင်ဖို့ အတွက် လေ့လာ စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနားကို နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းရဲ့တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က မြန်မာပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ အကျဉ်းထောင်အခြေအနေ၊ နောက်တခုက ကချင်ပြည်နယ်မှာ ကချင်တွေ အဖမ်းခံထားရတဲ့ အနေအထားတွေရယ်၊ နောက်တခုက ရခိုင်မှာ အဖမ်းအဆီးတွေ ရှိနေတဲ့ ကိစ္စ၊ အဲဒီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဖမ်းအဆီးရယ်တင် မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်၊ ဥပမာ- လယ်မြေ သိမ်းတဲ့ ကိစ္စတွေ၊ ဒါတွေကလည်း မြန်မာပြည်နိုင်ငံအနှံ့မှာ ဖြစ်နေတယ်၊ ရန်ကုန်မှာဖြစ်နေတယ်။ တနင်္သာရီ၊ ကချင်မှာဖြစ်နေတယ် အစရှိသဖြင့်ပေါ့။

ဒီလို လယ်ယာအသိမ်းခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်ယာမြေဆုံးရှုံးနေတဲ့ ကိစ္စတွေ၊ နောက်တခုက အဖမ်းအဆီး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာ ရှိပါတယ်။ သူကိုယ်တိုင်ကလည်း လက်ခံ ထားတာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဆိုရင် တိုင်းပြည် တပြည်ရဲ့ အပြောင်း အလဲမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသား တော်တော် များများက မျှတတဲ့ တရားစီရင်ရေးတွေကိုလည်း ရခဲ့ကြတာ မဟုတ်ဘူး။ ရခိုင်မှာ၊ ကချင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း သူ သေသေချာချာ သဘောပေါက်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့််ရှောက်ရေးအသင်း မြန်မာနိုင်ငံနဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ကျန်းမာရေး၊ လူမှုရေး လူထု အခြေပြုအဖွဲ့အစည်ေးတွနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ အဖမ်းအဆီးတွေ၊ တိုက်ပွဲတွေ ရှိနေသေးတယ်လို့ ထိုင်-းမြန်မာ နယ်စပ်အခြေစိုက် အဖွဲအစည်းတွေက သုံးသပ်ပြောဆိုခဲ့တာပါ။ ဆွေနွေးမှုတွေအတွင်းမှာ မစ္စတာ ကင်တားနား အဓိက သိလိုတဲ့အချက်ကတော့ ကရင်ပြည်နယ်တွင်းမှာ အပစ်အခတ်ရပ်စဲပြီးနောက် အခြေအနေ၊ ဒုက္ခသည်တွေရဲ့ အနေအထားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

သူတို့အနေနဲ့ တင်ပြခဲ့တာတွေကို တာဝန်ခံဖြစ်တဲ့ ကိုစောအဲလ်ဘတ်က အခုလို ပြောပါတယ်။

သူပြောသွားတာကတော့ ကရင်ပြည်နယ်တွင်းမှာ မြေမြှုပ်မှိုင်းတွေ ကျန်ရှိနေတာ၊ တိုက်ပွဲတွေ လည်း ဖြစ်နေတုန်းပဲ၊ အပစ်အခတ်ရပ်စဲရေး မတည်ငြိမ်သေးချိန်မှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ မသင့်သေးတာ၊ တကယ်လို့ ပြန်ပို့မယ်လို့ ဆုံးဖြတ်ရင်လည်း သူတို့ကို ပြန်ပို့ တဲ့နေရာတွေမှာ မြေမြုှပ် မိုင်းတွေ ရှိမရှိ အဓိက ဖြေရှင်းပေးရမယ်ဆိုတာတွေကို ပြောသွားတာပါ။
ဒါ့အပြင် ဒုက္ခသည်တွေရဲ့ ဘဝရပ်တည်ရေးအတွက် ကုလသမဂ္ဂက ဘယ်လောက်ကြာကြာ ကူညီနိုင်မလဲဆိုတာကို စဉ်းစားနိုင်ဖို့တွေ၊ သူတိ့ုရဲ့ နေထိုင်ရပ်တည်ရေး ကို သေချာဖြေရှင်းမှ ပြန်ပို့နိုင်ဖို့တွေ ကို ပြောပြဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်တွင်းမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေ တဲ့ မြေလွတ် မြေရိုင်းတွေကို စီးပွားရေးကုမ္ပဏီတွေကို ရောင်းချလိုက်တဲ့အတွက် ဒေသခံတွေ လုပ်ကိုင် စားသောက်ဖို့ အခက်အခဲဖြစ်သွားရတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေ ကို ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောသွားပါတယ်။

မစ္စတာကင်တာနားအနေနဲ့ လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ရဲ့ လူ့အခွင့်အရေးကိစ္စတွေကို တင်ပြဖို့ ရှိပြီး မြန်မာနိုင်ငံမှာလက်ရှိ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် တွင်းက အခြေအနေတွေကို သူ့အနေနဲ့ သဘောပေါက် နားလည်ပုံရှိတယ်လို့ ကိုဘိုကြည်က ပြော သွားပါတယ်။

“ရခိုင်ကိစ္စက အင်မတန်မှ နက်နဲခက်ခဲတယ်ဆိုတာကို သူကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူ့ဘက်က အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတာတော့ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အနေအထားတွေ၊ အခက်အခဲတွေကိုတော့ သူကောင်းကောင်းနားလည်တယ်လို့ ကျနော်တို့ ခန့်မှန်းလို့ ရပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားဟာ မကြာခင်ကပဲ မြန်မာနိုင်ငံကိုသွာရောက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ တိုင်းရင်းသားတွေနဲ့ တေ့ွဆုံခဲ့တာပါ။ သြဂုတ်လ ၇ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် ကိုလာရောက်ပြီး မြန်မာပြည်က အပြောင်း အလဲတွေကြောင့် လ့ူအခွင့်အရေး တိုးတက်မှုတွေ ရှိလာပြီလားဆိုတာကို မေးမြန်းစုံစမ်းခဲ့ပြီး အပစ်ရပ် ထားတဲ့ ကရင် ပြည်နယ်တွင်းက လူ့အခွင့်အရေး အခြေအနေကို လာရောက်လေ့လာစုံစမ်းသွားတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG