သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ကျဉ်းတွေ လွတ်မြောက်မှု ကင်တားနားကြိုဆို


အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်း နဲ့ မသန္တာ။
အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်း နဲ့ မသန္တာ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄၄ ဦးကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန် နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ရှေ့ရှု အကောင်အထည် ဖော်နေတာကို မစ္စတာ ကင်တားနားက ချီးကျူးလိုက်ပါတယ်။

သူစတင်တာဝန်ယူခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက နိုင်ငံရေးအမှုနဲ့ အကျဉ်းကျသူ ၁၉၀၀ ကျော် ရှိခဲ့ရာက အခုဆိုရင် ၅၀ အောက်အထိ လျော့ကျသွားကြောင်း၊ ဒါကြောင့် သိသိသာသာ တိုးတက်လာတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း၊ ဒီကော်မတီအနေနဲ့ လွတ်မြောက်လာသူတွေအပေါ် ဘယ်လို ဆက်ဆံပြုမူသလဲ ဆိုတာကိုပါ အနီးကပ် စောင့်ကြည့်ဖို့ တာဝန်ကို တိုးချဲ့ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဆီယံနိုင်ငံ အစိုးရတွေပါဝင်မယ့် လူ့အခွင့်အရေးကော်မရှင် စတင် ဖွဲ့စည်းမယ့် အာဆီယံအသင်းကြီးကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတော့မယ့် မြန်မာနိုင်ငံဟာ ကတိအတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးနိုင်ခဲ့မယ်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈ ကိုလည်း ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြလိုက်ပါတယ်။
XS
SM
MD
LG