သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်လုံခြုံရေး စိုးရိမ်ရမှု အဆင့်မြှင့်


လန်ဒန်မြေအောက်ရထား ၁ စင်းပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ် ( စက်တင်ဘာ ၁၅-၂၀၁၇)
လန်ဒန်မြေအောက်ရထား ၁ စင်းပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ် ( စက်တင်ဘာ ၁၅-၂၀၁၇)

ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ ရန်အန္တရာယ်ကို အစိုးရိမ်ရဆုံးအဆင့်ဖြစ်တဲ့ Critical အဆင့်ကို မြှင့်လိုက်ပါတယ်။ သောကြာနေ့မနက်က လန်ဒန်မြေအောက်ရထား ၁ စင်းပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်မှာ ခုလိုလုံခြုံရေးအဆင့်ကို မြှင့်လိုက် တာဖြစ်ပါတယ်။ ဒီဖောက်ခွဲမှုကို သူတို့လုပ်တာလို့ IS စစ်သွေးကြွအဖွဲ့က ဆိုပါတယ်။

ဗုံးကွဲမှုဖြစ်ခဲ့ပြီးနောက် အကြမ်းဖက်မှုဆိုင်ရာ ပူးတွဲသုံးသပ်ရေးစင်တာ JTAC က လုံခြုံရေးအဆင့်ကို "Severe" အဆင့်ကနေ "Critical" အဆင့်ကိုမြှင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကကြေညာခဲ့ပါတယ်။ JTAC ရဲ့သုံးသပ်ချက်အရ နောက်ထပ်တိုက်ခိုက်မှုဖြစ်နိုင်တဲ့ အန္တရာယ်အလွန်ကြီးမားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ ရဲတပ်ဖွဲ့ကို စစ်တပ်က အကူအညီပေးမှာဖြစ်သလို သာမန်ပြည်သူတွေသွားလို့မရတဲ့နေရာတွေမှာ စစ်တပ်ကို လုံခြုံရေး တာဝန်ပေးမယ်လို့လည်း ဝန်ကြီးချုပ် May က ပြောကြားခဲ့ပါတယ်။ ဗုံးဖေါက်ခွဲမှုကို အကြမ်းဖက်ဝါဒအခြေခံတဲ့တိုက်ခိုက်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။ သောကြာနေ့မနက် ရုံးသွား ရုံးလာတွေနဲ့စည်ကားနေချိန်မှာ Parsons Green ဘူတာရုံမှာ ရပ်နေတဲ့ရထားတစီးပေါ်မှာ လက်လုပ်ဗုံးတလုံးပေါက်ကွဲခဲ့လို့ ၂၉ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီချိန်ကိုက်ဗုံးကို IS နဲ့ဆက်စပ်နေတဲ့အဖွဲ့က ဖောက်ခွဲခဲ့တာလို့ IS စစ်သွေးကြွအဖွဲ့က ဆိုထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ တယောက်မှ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။ Wimbledon ဘူတာရုံကနေ အရှေ့ဖက်ကိုဦးတည်သွားတဲ့ District Line ရထားလိုင်းပေါ်က ရထားတစင်းရဲ့ ရထားတွဲတခု တံခါးပေါက်ထားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG