သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရေဘေး လူအသေအပျောက်ရှိ


ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရေကြီးမှု အခြေအနေ (ဓာတ်ပုံ - MOI)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရေကြီးမှု အခြေအနေ (ဓာတ်ပုံ - MOI)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မကြာသေးခင်ရက်တွေအတွင်း မိုးသည်းထန်၊ ရေကြီးမှုတွေကြောင့် ကျေးရွာတော်တော်များများ ရေဘေးဒဏ်သင့်နေပြီး၊ လူထိခိုက်သေဆုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရေဘေးဒဏ်သင့်သူတွေ အတွက်လည်း အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။ ရေဘေးသင့် ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက အပြည့်အစုံ ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကလောက် ရေကြီးတဲ့ဒဏ် မဆိုးဝါးပေမယ့် ဒီရက်ပိုင်းအတွင်းမှာ မိုးဆက်တိုက် ရွာသွန်းမှု တောင်ကျရေကျ မှုတွေကြောင့်ကျေးရွာ အတော်များများ ရေနစ်မြုပ်ခဲ့ပြီး မြောက်ဦးမြို့နယ်ထဲမှာ လူသေဆုံးမူတွေရှိနေတယ်လို့ မြောက်ဦးမြို့က ရွေဆေးဝါး ဆရာတော်ဦးဓမ္မပီယက မိန့်ပါတယ်။

“မြောက်ဦးမြို့တောင်ဘက် ရွာမှာ အဖွားကြီးတယောက်သေသွားတယ်။ သူကရေကြီးလို့ထွက်ပြေးတာပေါ့နော်။ လှေနဲ့ထွက်တာမှာ လှေမှောက်ပြီးတော့ ပါသွားတယ်။ မင်းပြားဘက်မှာလည်း ရေတွေ တက်နေတယ်။ မြို့ မှာတော့မဟုတ်ဘူး ရွာတွေမှာ တော်တော်လေးကိုရေတက်တယ်။ ကမ်းပါးတွေပါသွားတာပေါ့နော်။ ဦးဇင်းပြောနိုင်တာကတော့ ရွာတော်တော်များများကတော့ မြုပ်ကြတယ် မမြုပ်တဲ့ရွာတော့မရှိဘူး။ မိုးကလည်းအရမ်းရွာတယ်။ တောင်ကျရေများတယ်။ နောက်တခြား မြစ်ရေတွေ မြင့်တက်တာပေါ့နော်။ အကုန်လုံးက ရေထပ်ပြီးတော့ကြီးမှာကြောက်နေရတယ်။”

မြို့ပေါ်တွေမှာလည်းရေကြီးနေသလို ကျေးရွာတွေကတော့ရေကြီးမူဒဏ်ကိုဆိုးဆိုးဝါးဝါးခံစားနေရပြီး ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း လာရောက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ် ပြီးခဲ့တဲ့ နှစ်ရေကြီးတဲ့ဒဏ်ခံရပြီး နလန်မထူနိုင်သေးတဲ့ ရခိုင်ပြည်နယ် အတွင်းမှာဒီနှစ်မှာလည်းရေကြီးမူဒဏ် ကိုဆက်လက်ခံနေရတာပါ။အခုထက်ထိတော့အစိုးရပိုင်းကအကူညီပေးရေးအဖွဲတွေလာရောက်တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အစိုးရဘက်က ကူညီပေးတာမရှိဘူး။ အခုဒီ ဝန်ကြီး ၂ ယောက်လာတယ်လို့ပြောသံ ကြားတယ်။ အဲဒါတော့ အတိအကျ မပြောတက်ဘူး။”

ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

လောလောဆည်နီစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေခိုလှုံနေကြပြိး စပါးတွေနစ်မြုပ်တာတွေ အစားအသောက်နဲ့ အဝတ်အထည်တွေ နစ်မြုပ်တာတွေကြောင့် အကူညီတွေလိုအပ်နေတယ်လို့ လည်းဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒုတိယညွန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ကမ်းရိုးတန်း ဒေသတွေမှာ မိုးဆက်လက်ကောင်း နေအုန်းမယ်လို့ခန့်မှန်းပြောဆိုသွားပါတယ်။

“ကောလင်းမြို့ကနေပြီးတော့ နောက်ဆုံးရရှိတဲ့ ရာသီဥတုပုံတွေ ကြည့်ကြည့်တာရယ် နောက်ဆုံးမြန်မာနိုင်ငံ မိုးလေဝသစခန်းတွေက တိုင်းတာတွေ့ရှိချက်အရ ကြည့်ချင်းအားဖြင့်ကလည်း မြန်မာနိုင်ငံ အထက်ပိုင်းမှာတော့ မိုးရွာသွန်းမှုတွေ နည်းနည်းလျော့နည်းသွားတာတွေ့ရတယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ ဒီ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတော့ မိုးအား ဆက်လက်ကောင်းနေတာတွေ့ရပါတယ်။အဲဒီတော့ နောက်ရက်တွေအတွက်ဆိုရင်လည်း မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုန်မိုး ဆက်လက်အားကောင်းနေပြီးတော့ မိုးအားကောင်းနေမယ်လို့တော့ ခန့်မှန်းရပါတယ်ခင်ဗျ။”

ကူညီကယ်ဆယ်ရေးအဖွဲတွေကလည်းလမ်းပမ်းဆက်သွယ်ရေးအခြေအနေတွေကြောင့်ရခိုင်ပြည်နယ်တွင်းကို မရောက်နိုင်ကြသေးသလို ရပ်ရွာကပဲ အချင်းချင်း ကူညီရိုင်းပင်းမူတွေနဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တဝှမ်းလုံးမှာ ပြီးခဲ့တဲ့နှစ်တုန်းက ရေကြီးမူတွေကြောင့်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာရေဘေး သင့်ရာမှာ ရခိုင်ပြည်နယ်ကလဲ အဆိုးဆုံးဒေသထဲမှာ ပါဝင်တာပါ။ ပြီးခဲ့တဲ့နှစ်က ရေကြီးမူတွေကြောင့် တနိုင်ငံလုံးမှာ ရေဘေးသင့်ပြည်သူ တသန်း ကျော်ရှိခဲ့သလို ရေဘေးကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ရခိုင်ရေဘေး လူအသေအပျောက်ရှိ
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG