သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် စစ်တွေဒုက္ခသည်စခန်းတွေ သွားရောက်ကြည့်ရှု


ရခိုင်ကိုရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပညာဝကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည်စခန်းသွားရောက်။
ရခိုင်ကိုရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပညာဝကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည်စခန်းသွားရောက်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလ ကိုယ်စားလှယ် မစ္စစ် Yanghee Lee ရဲ့ ဒုတိယနေ့ ခရီးစဉ်အဖြစ် မနက်ပိုင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းကို သွား ရောက်ခဲ့ပြီးနောက် အစ္စလာမ် ဘာသာဝင်တွေနေ တဲ့ အောင်မင်္ဂလာရပ်ကို သွားရောက်ခဲ့ပါတယ်။ နေ့လည်ပိုင်း မှာတော့ စစ်တွေဟိုတယ်မှာ ရပ်မိရပ်ဖတွေနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံ တာမှာ အချို့သော ရပ်မိရပ်ဖတွေက တွေ့ဆုံဖို့ငြင်းဆန်ခဲ့သလို ရခိုင်ပြည်နယ်မှာ အင်အားကြီး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကလည်း မစ္စစ် Yanghee Lee ကို တွေ့ဆုံဖို့ငြင်းဆန်ခဲ့ ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေက မေခကပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်ကို စတုထ္တအကြိမ်မြောက်ရောက်ရှိနေတဲ့ ကုလ ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီဟာ ဒီကနေ့ ရခိုင်ပြည်နယ် ဒုတိယနေ့ခရီးစဉ်တွေမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ ရှိတဲ့ ရခိုင်ဒုက္ခသည် စခန်း၊ အစ္စလာမ်ဘာသာဝင်တွေနေ တဲ့ အောင်မင်္ဂလာရပ် နဲ့ သွားခဲ့ပြီး စစ်တွေဟိုတယ်မှာ ရပ်မိရပ်ဖတွေနဲ့ တွေ့ခဲ့တယ် လို့ ကုလသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကပြောပါတယ်။

" ရခိုင် IDP ကမ့်သစ်ကို သွားတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာကိုသွားပါတယ်။ အရင်တုန်းက စစ်တွေမှာဖြစ်လို့ အိုးအိမ်ဆုံးရှုံးသွားတဲ့ ရခိုင်က မိသားစုတွေ အောင်မင်္ဂလာရပ်ကွက်ပါ။"

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီ ဟာ စစ်တွေမြို့မှာ ရခိုင်တို့ဘက်မှ ရွှေစေတီဆရာတော် ၊ ရခိုင်အမျိူ းသားပါတီ ( ANP ) နဲ့ ရခိုင်မြို့မိမြို့ဖ အဖွဲ့ဝင်များနဲ့သီးခြားစီတွေ့ဆုံရန် စီစဉ်ကမ်းလှမ်းခဲ့ပေမယ့် ရခိုင်အမျိူ းသားပါတီ ( ANP ) နဲ့ ရခိုင်မြို့မိမြို့ဖ အဖွဲ့ဝင်တွေက တွေ့ဆုံဖို့ငြင်းဆန် ခဲ့ပါတယ်။

တွေ့ဆုံဖို့ငြင်းဆန်ခဲ့တာနဲ့ပတ်သတ်ပြီး စစ်တွေရပ်မိရပ်ဖ ဦးသန်းဝင်းက ဗွီအိုအေကိုခုလိုပြောပါတယ်။

" သူလာတဲ့အတွက်ကြောင့် ဘာတွေ ထူးခြားမလဲမေးရင် မြန်မာနိုင်ငံအတွက်ရော ရခိုင်ပြည်နယ် အတွက်ရော Positive View ဖြစ်လာစရာ ဘာမှ မတွေ့ဘူး။ နှစ်ဆန်းပိုင်းလောက်ရောက် တာနဲ့ ဘင်္ဂလီတွေက အရင်တုန်းက သူတို့မှာ အရင်တုန်းက မရှိဖူးတဲ့ စာသင်ကျောင်းတွေ ဒုက္ခသည်စခန်းမှာ ရှိလာတယ်။ ဆေးပေးခန်းတွေရှိလာတယ်။ သူတို့ဟာ အဆင့်တခုအထိမြင့်တက်သွားတယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒီကြားထဲပဲ မစ်ယန်ဟီးလီဟာ မြန်မာနိုင်ငံက ဘာပဲလုပ်လုပ် အကောင်းဘက်က မမြင်ပဲနဲ့ Negative View က ကြည့်နေတဲ့လူတယောက်လာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာ ကောင်းတဲ့ အကျိုး ရလာလိမ့်မယ်လို့ ကျနော်ကတော့ မထင်ဘူး။ "

ယန်ဟီးလီ ဟာ မနေ့ကနိုင်ငံသားစိစစ်မယ့်အစီအစဉ်ကို ငြင်းဆိုနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာက မူဆလင်တွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်တော် မြို့နယ် ပညာဝကျေးရွာက ရခိုင်စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ လည်း သွားရောက်တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ စစ်တွေမြို့မှာရှိတဲ့ အစ္စလမ် ဘာသာဝင်တွေနဲ့ ရခိုင်လူမျိုးတွေကို သွားရောက်တွေ့ဆုံမှုတွေ လုပ်ခဲ့တာပါ။

ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေမှာတော့ တွေ့ချင်သူတွေနဲ့ လွတ်လွတ် လပ်လပ်တွေ့ဆုံခွင့် ရခဲ့ပြီး၊ အာဏာပိုင်တွေ အခြားသူတွေ ဝင်ရောက်နားထောင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ယန်ဟီးလီဟာ မနက်ဖြန်မှာတော့ ရန်ကုန်ကို ပြန်လာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG