သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ရခိုင်ပြည်နယ်သွားရောက်


၂၀၁၄ ဇူလိုင်လတုန်းက Ms. Yanghee Lee ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာစဉ်
၂၀၁၄ ဇူလိုင်လတုန်းက Ms. Yanghee Lee ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့မှာ ပြည်နယ်အစိုးရတွေနဲ့ တွေ့ဆုံခဲ့ပြီး ပုဏ္ဏားကျွန်း နဲ့ ကျောက်တော် မြို့နယ်တွေက ဒုက္ခသည်တွေ ကိုလည်း သွားရောက်ခဲ့ပါတယ်။ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee lee ဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနေ့ ၂၂ ရက်နေ့မနက် ၉နာရီ ၅၅ မှာ စစ်တွေကိုရောက်ပါတယ်။ ရောက်ပြီးတော့ သူ့ရဲ့ အစီရင်ခံစာကိစ္စအတွက် သူလာတာပါ။ သူသိချင်တဲ့ကိစ္စလေးတွေ၊ သူကြည့်ချင်တဲ့နေရာလေးတွေကို ကျနော်တို့က အဆင်ပြေအောင်ဆောင်ရွက်ပေးတာပါ။ အစိုးရ နဲ့တွေ့တဲ့အချိန်မှာ သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်ခဲ့တယ် ဘာတွေပြောခဲ့တယ်ဆိုတာတွေကတော့သတင်းတွေလည်းထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူတွေ့ဆုံခဲ့တဲ့အကြောင်း ပြောပါတယ်။ ကျနော်တို့အနေနဲ့ကလည်း လိုအပ်တာကို ကူညီဆောင်ရွက်ပေးမယ့်အကြောင်း ဒီလောက်ပဲပြောပါတယ်။”

အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ မူစလင်များနေထိုင်တဲ့ ကာဒီကျေးရွာကို သွားရောက်ခဲ့ပြီးနောက် ကျောက်တော်မြို့နယ်၊ ပညာဝကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားခဲ့တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“၁၀ နာရီခွဲလောက်မှာသူတို့ စစ်တွေကနေထွက်သွားပါတယ်။ ပုဏ္ဏားကျွန်းမှာရှိတဲ့ ကာဒီကျေးရွာသွားပါတယ်။ အဲဒီ ကာဒီကျေးရွာကနေတဆင့် ကျောက်တော်ကို သွားနေပါတယ်။”

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်မှာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် Ms. Yanghee Lee ရဲ့အရင် ရခိုင်ပြည်နယ် ခရီးစဉ်တွေမှာ ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့သလို ၂၀၁၅ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်မရခဲ့ပါဘူး။ ရိုဟင်ဂျာ ဆိုတဲ့ စကားအသုံးအနှုန်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုပ်ချခံထားရတာပါ။

တဖက်မှာတော့ လူမျိုးစုကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်စေနိုင်တာကြောင့် "ရခိုင်ပြည်နယ်ရှိ မူစလင်အသိုင်းအဝိုင်း" လို့ ခေါ်ဝေါ်သုံးစွဲဖို့ မြန်မာအစိုးရဖက်က ကုသမဂ္ဂကို တိုက်တွန်းထားပါတယ်။

Ms. Yanghee Lee ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် လွှတ်တော်မှာ နေရာအများစုအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့တွေ့ဆုံဖို့စီစဉ်ပေမယ့် ANP ပါတီဘက်ကတော့ တွေ့ဆုံမှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တစိုက်မတ်မတ်သုံးစွဲနေသလို၊ Ms. Yanghee Lee ရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေစာတမ်းတွေမှာလည်း ဘက်လိုက်ရေးသားမှုတွေကြောင့် တွေ့ဆုံဖို့ ငြင်းဆန်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Ms. Yanghee Lee ရဲ့ ကျန်ရှိနေသေးတဲ့ ခရီးစဉ်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို သွားရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ရခိုင်ပြည်နယ်သွားရောက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG