သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္က AA ရဲ႕ တရားစီရင္ေရးလုပ္ငန္း စစ္တပ္ ဖိအားေပးဟန္႔တား 


ရခုိင္ျပည္နယ္ေတာင္ပိုင္း (MIMU)


[[Zawgyi/Unicode]]

ရခုိင္ျပည္နယ္မွာ ရခိုင္တိုင္းရင္းသား လက္နက္ကိုင္ AA အဖြဲ႔ထိန္းခ်ဳပ္မႈ သိပ္မ႐ွိတဲ့ ျပည္နယ္ေတာင္ပိုင္းက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စစ္ေဆးတာ၊ ေက်း႐ြာေတြအတြင္း စစ္ေၾကာင္းေတြ ဝင္ထြက္သြားလာမႈ မ်ားလာတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ တရားစီရင္ေရး၊ အုပ္ခ်ဳပ္ေရးအတြက္ AA က ႀကီးၾကပ္စီစဥ္ထားတဲ့ ULA ရခုိင္အမ်ဳိးသား အဖြဲ႔ခ်ဳပ္ ႐ံုးတခ်ဳိ႕ကိုလည္း ပိတ္ထားရပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္္ႏိုင္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေတာင္ပိုင္းက ေတာင္ကုတ္၊ ရမ္းၿဗဲ၊ ေက်ာက္ျဖဴ၊ ေလးေတာင္ စတဲ့ၿမိဳ႕နယ္ေတြက ေက်းရြာတခ်ဳိ႕မွာ အခုရက္ပိုင္း အတြင္း စစ္ေၾကာင္းေတြ ဝင္ေရာက္ သြားလာတာ၊ စစ္ေဆးတာေတြရွိေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ စနဲၿမိဳ႕အတြင္းက ေပါက္ျပင္၊ မင္းျပင္ ေက်းရြာဘက္ဆိုရင္လည္း ဒီေန႔ မတ္လ ၂၅ ေသာၾကာေန႔အထိ စစ္ေကာင္စီတပ္ေတြ သြားလာေနၿပီး စစ္ေဆးမႈေတြလည္း လုပ္ေနတာေၾကာင့္ တို္က္ပြဲျဖစ္ပြားမွာကို ေဒသခံေတြ စိုးရိမ္ေနၾက တယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတဦးက ေျပာပါတယ္။

“တပ္မေတာ္စစ္ေၾကာင္းေတြကေတာ့ ဝင္ထြက္သြားလာတာေတြေတြ႕ေနရတယ္။ မေန႔ကလည္း ေတြ႔ရတယ္ ဒီေန႔လည္း ေတြ႔ရတယ္၊ ျပည္သူလူထုေတြ ဘာျဖစ္လို႔ စိုးရိမ္လဲဆိုေတာ့ တခုခုျဖစ္လာႏိုင္မလားေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ တကၠသိုလ္ဝင္တန္းစာေမးပြဲ စစ္ခါနီးၿပီဆိုေတာ့ ျပည္သူေတြက စိုးရိမ္ေနတာေပါ့၊ တကယ္လို႔ တခုခုျဖစ္ခဲ့ရင္ ေက်ာင္းသားမိဘေတြအေနနဲ႔ အခက္အခဲေလးေတြ ေတြ႔ႏိုင္တာေပါ့၊ ျပည္သူေတြကလည္း စိုးရိမ္စိတ္ေတြ တအားဝင္ေနၾကတယ္၊ တခ်ဳိ႕ဆိုရင္ ရြာထဲကို စစ္ေၾကာင္းေတြဝင္လာရင္ ရြာေတြမွာ သိပ္မေနရဲေတာ့ဘူး။ စိုးရိမ္ၾကတာေပါ့။”

အခုလို ေက်းရြာေတြအတြင္း စစ္ေကာင္စီတပ္ေတြ ဝင္ထြက္သြားလာေနတာေၾကာင့္ ေဒသတြင္း တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး ပိုင္းအတြက္ AA က ႀကီးၾကပ္စီစဥ္ထားတဲ့ ULA ရခုိင္အမ်ဳိးသားအဖြဲ႔ခ်ဳပ္ တရားရံုးေတြကို ပိတ္ထားရတာေတြရွိတယ္လို႔လည္း ေဒသခံတဦးက ေျပာပါတယ္။

“အဲဒါေလးေတြေတာ့ ရွိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပည္သူလူထုေတြ အခက္အခဲေတြရွိရင္ ULA ရံုးမွာ ေျဖရွင္းေနၾက ဆိုေတာ့ သူတို႔ဝင္လာရင္ ရံုးေတြကိုပိတ္ၿပီး တေနရာကို ေရွာင္ၾကတာေပါ့ ပိတ္ထားတာေတာ့ဟုတ္တယ္။”

ရခိုင္ျပည္နယ္မွာ ရခိုင္တိုင္းရင္းသားလက္နက္ကိုင္ AA အဖြဲနဲ႔ စစ္တပ္တို႔ၾကား အပစ္ အခတ္ရပ္စဲထားခ်ိန္မွာ AA အဖဲြ႔က အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးပိုင္းေတြကို အာ႐ံုစိုက္ လုပ္ေနပါတယ္။ AA အင္အားေကာင္းတဲ့ေနရာေတြမွာ တရားသူႀကီးေတြ၊ ေရွ႕ေန ေတြ၊ ေဒသခံ ရခုိင္ျပည္သူေတြပါဝင္တဲ့ ULA တရား႐ံုးေတြကိုလည္း ၿမိဳ႕ နယ္ေတြမွာ ဖြင့္လွစ္ထားပါတယ္။ ဒီရံုးေတြကို စစ္ ေကာင္စီဘက္က တရားဝင္ အသိအမွတ္မျပဳေပမဲ့ ေဒသခံျပည္သူေတြကေတာ့ ျပႆနာျဖစ္လာရင္ AA စီစဥ္ဖြင့္ထားတဲ့ ULA တရား႐ံုးေတြမွာပဲ သြားေရာက္တုိင္ၾကား ေျဖ႐ွင္းေနၾကတာမ်ားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ AA အဖြဲ႔က စစ္ေရးအျပင္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးပိုင္း ထိန္းခ်ဳပ္ထားနုိင္ေပမယ့္ ရခိုင္ျပည္နယ္ေတာင္ပိုင္းမွာေတာ့ AA အဖြဲ႔ရဲ႕ထိန္းခ်ဳပ္မႈ သိပ္မ႐ွိလွပါဘူး။ အခုလို AA အဖြဲ႔ထိန္းခ်ဳပ္မႈေရာ စစ္ေရး အရပါ အားနည္းေနတဲ့ ရခိုင္ေတာင္ပိုင္းကၿမိဳ႕နယ္ေတြမွာ AA ရဲ႕လႊမ္းမိုးမႈကို တားဆီးဖို႔ စစ္တပ္က လုပ္ေနပံုရတယ္လို႔ ရခိုင္ႏိုင္ငံေရးေလ့လာသံုးသပ္သူ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းက ေျပာပါတယ္။

“အမ်ားအားျဖင့္ က်ေနာ္တို႔ ရခိုင္ျပည္နယ္ ေတာင္ဘက္ျခမ္းလို႔ေျပာရမွာေပါ့၊ ULA/AA ႀသဇာသက္ေရာက္မွု နည္းတဲ့ေနရာေတြ ျဖစ္တဲ့ ေတာင္ကုတ္တို႔ ရမ္းၿဗဲတို႔ ေက်ာက္ျဖဴတို႔ေပါ့၊ အဲဒီေနရာမွာ ULA အုပ္ခ်ဳပ္ေရး တရားစီရင္ေရးေတြေတာ့ ရွိတယ္၊ ဒါေပမယ့္ စစ္ေရးအားျဖင့္ ပိုပိုသာသာ ဒီဘက္က မရွိေသးတဲ့အခါ အဲဒီကရြာေတြကို စစ္ေကာင္စီဘက္က သူတို႔ရဲ႕ႀသဇာအာဏာ လႊမ္းၿခံဳႏိုင္ ေရးအတြက္ေပါ့၊ လာေရာက္စစ္ေဆးတာေတြ ရံုးေတြရွိလား၊ တရားရံုးေတြဖြင့္ၿပီးေတာ့ ဒီဘက္က လုပ္ေနတယ္ဆိုတဲ့အသံကို ၾကားေတာ့ တရားရံုးရွိတဲ့ရြာေတြကို သူတို႔လာေရာက္ၿပီးေတာ့ စစ္ေဆးတာတို႔ ရွာေဖြတာတို႔ အဲဒါေၾကာင့္ တရားရံုးေတြေတာ့ အဲဘက္မွာ ပံုမွန္အားျဖင့္ မလည္ပတ္ႏိုင္တဲ့ အေျခအေနမ်ိဳး ေရာက္သြားတာေပါ့။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ AA ရဲ႕တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြ အေတာ္ ခရီးေရာက္ ေနပံုရတဲ့အတြက္ ေတာင္ပိုင္းမွာ အဲလိုျဖစ္လာမွာကို စစ္ေကာင္စီက စိုးရိမ္ပံုရတယ္လို႔လည္း ဦးေဖသန္းက သံုးသပ္ပါတယ္။

“တရားေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းကို ျပန္လည္တည္ေဆာက္တဲ့သေဘာေပါ့၊ ULA/AA ရဲ႕ ၾသဇာအာဏာ အဲဒီဘက္မွာ ပိုၿပီးေတာ့ တိုးလာမွာကို သူတို႔ကမႀကိဳက္ဘူးေပါ့၊ အဲဒါေၾကာင့္ သူတို႔က ဒီဘက္က လုပ္ငန္းေတြကိုလည္း ေျခဖ်က္တယ္၊ ၿပီးေတာ့ သူတို႔ ဘက္က အုပ္ခ်ုပ္ေရးတို႔ တရားေရးတို႔ကို သူတို႔က ပိုၿပီးေတာ့ လုပ္ႏို္င္လာေအာင္ ဒီဘက္ကို ေျခဖ်က္တဲ့သေဘာေပါ့။”

စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေရးလႈပ္႐ွားမႈေတြကို ရခိုင္ေတာင္ပိုင္းမွာတင္မဟုတ္ဘဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တခ်ဳိ႕ေဒသေတြ မွာလည္း လုပ္ေနပါတယ္။ စစ္ေတြၿမိဳ႕႔မွာဆိုရင္ စစ္သားအျပည့္တင္ေဆာင္ထားတဲ့ စစ္ကားေတြ ေန႔တိုင္း သြားေနတာရွိသလို ေပါက္ေတာၿမိဳ႕နယ္ဘက္မွာလည္း ေက်းရြာေတြကို ဝင္ေရာက္စစ္ေဆးတာေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ မင္းျပားၿမိဳ႕နယ္အတြင္းက စစ္တပ္စစ္ေၾကာင္းေတြ စခန္းခ်ေနထိုင္တဲ့ ပန္းေျမာင္းေက်းရြာမွာဆိုရင္လည္း ေက်းရြာအတြင္း ရခိုင္အမ်ိဳသားသီခ်င္းေတြ မဖြင့္ဖို႔ ေျပာဆိုတာေတြရွိတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာ လကုန္ပိုင္းေလာက္ကတည္းက တပ္မေတာ္နဲ႔ AA အဖြဲ႕ၾကားတို က္ပြဲေတြ ရပ္တန႔္ထားတာ ျဖစ္သလို တပ္နဲ႔ AA အဖြဲ႕တို႔ရဲ႕ နယ္ေျမေခါင္းေဆာင္ေတြ သီးသန႔္ ေတြ႕ဆုံးေဆြးေႏြးတာေတြလည္း ရွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းကစၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားစီရင္ေရးပိုင္းေတြကို ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ စတင္လုပ္ေဆာင္လာတာျဖစ္ပါတယ္။

စစ္တပ္ဘက္ကေတာ့ ရခိုင္ျပည္နယ္မွာ ULA/ AA အဖြဲ႔ရဲ႕ တရားစီရင္မႈေတြထဲ ဝင္ေရာက္ပတ္သက္ျခင္း မလုပ္ဖုိ႔၊ ULA/AA အဖြဲ႔ဝင္ေတြရွိရင္ သတင္းေပးဖို႔ ေဒသခံေတြကို ႏႈတ္နဲ႔တားျမစ္တာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ရခိုင်ပြည်နယ်က AA ရဲ့ တရားစီရင်ရေးလုပ်ငန်း စစ်တပ် ဖိအားပေးဟန့်တား


ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ထိန်းချုပ်မှု သိပ်မရှိတဲ့ ပြည်နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးတာ၊ ကျေးရွာတွေအတွင်း စစ်ကြောင်းတွေ ဝင်ထွက်သွားလာမှု များလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအတွက် AA က ကြီးကြပ်စီစဉ်ထားတဲ့ ULA ရခိုင်အမျိုးသား အဖွဲ့ချုပ် ရုံးတချို့ကိုလည်း ပိတ်ထားရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ လေးတောင် စတဲ့မြို့နယ်တွေက ကျေးရွာတချို့မှာ အခုရက်ပိုင်း အတွင်း စစ်ကြောင်းတွေ ဝင်ရောက် သွားလာတာ၊ စစ်ဆေးတာတွေရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အတွင်းက ပေါက်ပြင်၊ မင်းပြင် ကျေးရွာဘက်ဆိုရင်လည်း ဒီနေ့ မတ်လ ၂၅ သောကြာနေ့အထိ စစ်ကောင်စီတပ်တွေ သွားလာနေပြီး စစ်ဆေးမှုတွေလည်း လုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြ တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“တပ်မတော်စစ်ကြောင်းတွေကတော့ ဝင်ထွက်သွားလာတာတွေတွေ့နေရတယ်။ မနေ့ကလည်း တွေ့ရတယ် ဒီနေ့လည်း တွေ့ရတယ်၊ ပြည်သူလူထုတွေ ဘာဖြစ်လို့ စိုးရိမ်လဲဆိုတော့ တခုခုဖြစ်လာနိုင်မလားပေါ့နော်၊ နောက်ပြီးတော့ ကျနော်တို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ခါနီးပြီဆိုတော့ ပြည်သူတွေက စိုးရိမ်နေတာပေါ့၊ တကယ်လို့ တခုခုဖြစ်ခဲ့ရင် ကျောင်းသားမိဘတွေအနေနဲ့ အခက်အခဲလေးတွေ တွေ့နိုင်တာပေါ့၊ ပြည်သူတွေကလည်း စိုးရိမ်စိတ်တွေ တအားဝင်နေကြတယ်၊ တချို့ဆိုရင် ရွာထဲကို စစ်ကြောင်းတွေဝင်လာရင် ရွာတွေမှာ သိပ်မနေရဲတော့ဘူး။ စိုးရိမ်ကြတာပေါ့။”

အခုလို ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ထွက်သွားလာနေတာကြောင့် ဒေသတွင်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ပိုင်းအတွက် AA က ကြီးကြပ်စီစဉ်ထားတဲ့ ULA ရခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံးတွေကို ပိတ်ထားရတာတွေရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အဲဒါလေးတွေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေ အခက်အခဲတွေရှိရင် ULA ရုံးမှာ ဖြေရှင်းနေကြ ဆိုတော့ သူတို့ဝင်လာရင် ရုံးတွေကိုပိတ်ပြီး တနေရာကို ရှောင်ကြတာပေါ့ ပိတ်ထားတာတော့ဟုတ်တယ်။”

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲနဲ့ စစ်တပ်တို့ကြား အပစ် အခတ်ရပ်စဲထားချိန်မှာ AA အဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေကို အာရုံစိုက် လုပ်နေပါတယ်။ AA အင်အားကောင်းတဲ့နေရာတွေမှာ တရားသူကြီးတွေ၊ ရှေ့နေ တွေ၊ ဒေသခံ ရခိုင်ပြည်သူတွေပါဝင်တဲ့ ULA တရားရုံးတွေကိုလည်း မြို့ နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ဒီရုံးတွေကို စစ် ကောင်စီဘက်က တရားဝင် အသိအမှတ်မပြုပေမဲ့ ဒေသခံပြည်သူတွေကတော့ ပြဿနာဖြစ်လာရင် AA စီစဉ်ဖွင့်ထားတဲ့ ULA တရားရုံးတွေမှာပဲ သွားရောက်တိုင်ကြား ဖြေရှင်းနေကြတာများပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ AA အဖွဲ့က စစ်ရေးအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်း ထိန်းချုပ်ထားနိုင်ပေမယ့် ရခိုင်ပြည်နယ်တောင်ပိုင်းမှာတော့ AA အဖွဲ့ရဲ့ထိန်းချုပ်မှု သိပ်မရှိလှပါဘူး။ အခုလို AA အဖွဲ့ထိန်းချုပ်မှုရော စစ်ရေး အရပါ အားနည်းနေတဲ့ ရခိုင်တောင်ပိုင်းကမြို့နယ်တွေမှာ AA ရဲ့လွှမ်းမိုးမှုကို တားဆီးဖို့ စစ်တပ်က လုပ်နေပုံရတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“အများအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ် တောင်ဘက်ခြမ်းလို့ပြောရမှာပေါ့၊ ULA/AA သြဇာသက်ရောက်မှု နည်းတဲ့နေရာတွေ ဖြစ်တဲ့ တောင်ကုတ်တို့ ရမ်းဗြဲတို့ ကျောက်ဖြူတို့ပေါ့၊ အဲဒီနေရာမှာ ULA အုပ်ချုပ်ရေး တရားစီရင်ရေးတွေတော့ ရှိတယ်၊ ဒါပေမယ့် စစ်ရေးအားဖြင့် ပိုပိုသာသာ ဒီဘက်က မရှိသေးတဲ့အခါ အဲဒီကရွာတွေကို စစ်ကောင်စီဘက်က သူတို့ရဲ့သြဇာအာဏာ လွှမ်းခြုံနိုင် ရေးအတွက်ပေါ့၊ လာရောက်စစ်ဆေးတာတွေ ရုံးတွေရှိလား၊ တရားရုံးတွေဖွင့်ပြီးတော့ ဒီဘက်က လုပ်နေတယ်ဆိုတဲ့အသံကို ကြားတော့ တရားရုံးရှိတဲ့ရွာတွေကို သူတို့လာရောက်ပြီးတော့ စစ်ဆေးတာတို့ ရှာဖွေတာတို့ အဲဒါကြောင့် တရားရုံးတွေတော့ အဲဘက်မှာ ပုံမှန်အားဖြင့် မလည်ပတ်နိုင်တဲ့ အခြေအနေမျိုး ရောက်သွားတာပေါ့။”

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ AA ရဲ့တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတော် ခရီးရောက် နေပုံရတဲ့အတွက် တောင်ပိုင်းမှာ အဲလိုဖြစ်လာမှာကို စစ်ကောင်စီက စိုးရိမ်ပုံရတယ်လို့လည်း ဦးဖေသန်းက သုံးသပ်ပါတယ်။

“တရားရေးနဲ့ အုပ်ချုပ်ရေးပိုင်းကို ပြန်လည်တည်ဆောက်တဲ့သဘောပေါ့၊ ULA/AA ရဲ့ သြဇာအာဏာ အဲဒီဘက်မှာ ပိုပြီးတော့ တိုးလာမှာကို သူတို့ကမကြိုက်ဘူးပေါ့၊ အဲဒါကြောင့် သူတို့က ဒီဘက်က လုပ်ငန်းတွေကိုလည်း ခြေဖျက်တယ်၊ ပြီးတော့ သူတို့ ဘက်က အုပ်ချုပ်ရေးတို့ တရားရေးတို့ကို သူတို့က ပိုပြီးတော့ လုပ်နိုင်လာအောင် ဒီဘက်ကို ခြေဖျက်တဲ့သဘောပေါ့။”

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရခိုင်တောင်ပိုင်းမှာတင်မဟုတ်ဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက တချို့ဒေသတွေ မှာလည်း လုပ်နေပါတယ်။ စစ်တွေမြို့မှာဆိုရင် စစ်သားအပြည့်တင်ဆောင်ထားတဲ့ စစ်ကားတွေ နေ့တိုင်း သွားနေတာရှိသလို ပေါက်တောမြို့နယ်ဘက်မှာလည်း ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မင်းပြားမြို့နယ်အတွင်းက စစ်တပ်စစ်ကြောင်းတွေ စခန်းချနေထိုင်တဲ့ ပန်းမြောင်းကျေးရွာမှာဆိုရင်လည်း ကျေးရွာအတွင်း ရခိုင်အမျိုသားသီချင်းတွေ မဖွင့်ဖို့ ပြောဆိုတာတွေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်းလောက်ကတည်းက တပ်မတော်နဲ့ AA အဖွဲ့ကြားတို က်ပွဲတွေ ရပ်တန့်ထားတာ ဖြစ်သလို တပ်နဲ့ AA အဖွဲ့တို့ရဲ့ နယ်မြေခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံးဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းတွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ ULA/ AA အဖွဲ့ရဲ့ တရားစီရင်မှုတွေထဲ ဝင်ရောက်ပတ်သက်ခြင်း မလုပ်ဖို့၊ ULA/AA အဖွဲ့ဝင်တွေရှိရင် သတင်းပေးဖို့ ဒေသခံတွေကို နှုတ်နဲ့တားမြစ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

===============

XS
SM
MD
LG