သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာ ကြားဝင်ဖို့ အာဆီယံ တောင်းဆို


စစ်တွေမြို့၊ သဲချောင်းဒုက္ခသည်စခန်းရှိ မူစလင် ဒုက္ခသည်များ။ အောက်တိုဘာ ၂၉၊ ၂၀၁၂
စစ်တွေမြို့၊ သဲချောင်းဒုက္ခသည်စခန်းရှိ မူစလင် ဒုက္ခသည်များ။ အောက်တိုဘာ ၂၉၊ ၂၀၁၂
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မူစလင်တွေကို အစွန်းရောက်တဲ့အခြေအနေဆီ ရောက်သွားစေနိုင်ပြီးတော့ ဒေသတခုလုံးရဲ့ တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေကို ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က တောင်းဆိုလိုက်ပါတယ်။

“အာဆီယံအနေနဲ့ လူတွေမှာဖြစ်နေတဲ့ ဖိအားတွေ၊ ဒုက္ခတွေ ကြုံနေရတာတွေကို လျော့သွားအောင် ကူညီပေးဖို့သက်သက်အတွက် လူသားချင်းစာနာတဲ့အနေနဲ့ စေ့စပ် ဆွေးနွေးမှုတွေကို ဦးဆောင်ပြီးလုပ်နိုင်ပါတယ်။ ပြီးတော့ တခြားပြဿနာတွေလည်း ရှိပါတယ်။ အဲဒါတွေကိုတော့ အာဆီယံက မလုပ်နိုင်တဲ့ပြဿနာတွေ ဖြစ်တဲ့အတွက် ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်က လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ပေးဖို့ဖြစ်ပါတယ်။ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကို လုပ်ဆောင်ဖို့အတွက် ကမ္ဘာကြီးအနေနဲ့ အားပေးသင့် ပါတယ်။”

ရခိုင်ပြည်နယ်မှာ ဒေသခံရခိုင်တွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြား အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့ပြီး သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးနိုင်တဲ့ အနေအထားရှိတယ်လို့ သူက ပြောပါတယ်။

အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးမဖြေရှင်းနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေဟာ အစွန်းရောက်လာနိုင်တယ်လို့ သူက ပြောပါတယ်။ အဲဒီအခြေအနေက အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေက စီးပွားရေးအခြေအနေ ကို ထိခိုက်ခြိမ်းခြောက်လာနိုင်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီးဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့် လူ ၂၂,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

တဘက်နဲ့တဘက် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိမ်ခြေ ၂,၈၀၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီး ၆၇ ယောက်သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရကတော့ ပြောပါတယ်။
XS
SM
MD
LG