သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နောက်ဆက်တွဲ လူမှောင်ခိုဝင်မှု တနင်္သာရီတိုင်းမှာ စောင့်ကြပ်


ရခိုင်ပဋိပက္ခကြောင့်ထွက်ပြေးနေသူများ
ရခိုင်ပဋိပက္ခကြောင့်ထွက်ပြေးနေသူများ

ရခိုင်ဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ တရားမဝင်လူမှောင်ခိုဝင်ရောက်မှုမရှိစေဖို့ ပြည်သူအခြေပြုအဖွဲ့စည်းများဖွဲ့စည်းပြီး စောင့်ကြည့်နေတယ်လို့ တနင်္သာရီတိုင်းက ဒေသအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က အပြည့်အစုံကိုတင်ပြပေးပါမယ်။

တနင်္သာရီတိုင်းဒေသကြီးမှာအတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ရခိုင် ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရင်က လူမှောင်ခိုဝင်ရောက်မှုတွေရှိခဲ့တဲ့အတွက် စောင့်ကြည့်နေတာဖြစ်ပြီး အခုထက်ထိတော့ မှောင်ခိုဝင်ရောက်မှုတွေ မရှိသေးဘူးလို့ တနင်္သာရီတိုင်းဒေသကြီး ရဲမှူးဦးနေမျိုးကပြောပါတယ်။

"ရခိုင်မှာဖြစ်တဲ့အခါမှာ ဒီဘက်မှာဝင်ကျွန်းတွေကပ်တာတွေ ဟိုတုန်းကဖြစ်ခဲ့တာရှိတယ်။ ကပ်ခဲ့တုန်းက ငါတို့က ဖမ်းမိတုန်းက တရားစွဲတာတွေရှိတယ်။ ဟိုးတုန်းကပေါ့နော်ဖြစ်ခဲ့တာပြောတာ။ အခုတော့ ဒီလိုမျိုးတွေဖြစ်လာ မလားလို့စောင့်ကြည့်နေတာတွေရှိတယ်။ အခုတော့ဝင်လာတဲ့လှေကတော့မတွေ့သေးဘူး။ မရှိဘူး။ အခုရခိုင်မှာဖြစ်တာနဲ့ပတ်သက်ပြီး ဒီဘက်ကို ကျွန်းတွေဘာတွေခိုလာမလားလို့ စောင့်ကြည့်နေတဲ့အခါမှာ ဝင်လာတဲ့အနေအထားတော့မရှိဘူး။"

စက်တင်ဘာ ၁၁ ရက်နေ့မတိုင်ခင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ကောလဟာလများ ထွက်ပေါ်ခဲ့ပြီးနောက် ပိုင်း နယ်မြေခံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ထိုင်းမြန်မာနပ်စပ် အပါအဝင် ပင်လယ်ဘက်ကနေ လူမှောင်ဝင်ခိုဝင် ရောက်မှုတွေ နေ့ညစောင့်ကြည့်မှုများရှိတယ်လို့ ကော့သောင်းမြို့နယ် ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်ကပြောပါတယ်။

"ကျွန်တော်တို့ကဒီမှာ ဟိုတလောက ၁၁ ရက်နေ့မတိုင်ခင် သတင်းတွေအမျိုးမျိုးထွက်တယ်မဟုတ်လား။ ဟိုဘက်နေပြီးတော့ဝင်လာနိုင်တယ် ဘင်္ဂလီတွေဝင်လာနိုင်တယ်ဆိုတဲ့ဟာမှာ ကျွန်တော်တို့က ရပ်ကွက် ကျေးရွာအလိုက်ပေါ့နော် ကျွန်တော်တို့ နယ်မြေရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ဝင်ပေါက်ထွက် ပေါက် ကျွန်တော်တို့ဒီပင်လယ်နဲ့ ပါချန်မြစ်တလျှောက်ပေါ့နော် ကိုယ့်ရပ်ကွက်လိုက်ကိုယ် အစုအဖွဲ့လေးဖွဲ့ပြီး စောင့်ကြည့်တာမျိုးတော့ရှိတယ်။ နေကောညကော တဖက်ကနေလည်း ယိုးဒယားကနေလည်း ဝင်လာနိုင်တာ ပေါ့နော်။ တဖက်ကလည်း ပင်လယ်ဘက်ကလည်း ဆင်းလာနိုင်တဲ့အနေအထားမျိုးတွေပေါ့။ အဲ့လိုမျိုးတွေကို ကျွန်တော်တို့ကစောင့်ကြည့်တယ် ရပ်ကွက်အလိုက်ပေါ့ဗျာ။"

ထိုင်းမြန်မာ နယ်စပ်ဖြစ်တဲ့ကော့သောင်းနဲ့ တနင်္သာရီမြို့တို့မှာတော့ ပြည်သူအခြေပြုအဖွဲအများဆုံးဖွဲ့စည်းထားပါတယ်။ ကျန်မြို့နယ်တွေမှာလည်း ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့ဆောင်ရွက်နေတယ်လို့လည်း ကော့သောင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုလတ်ကိုဦးကပြောပါတယ်။

"စောင့်ကြည့်ရေးတွေက လုပ်ဖို့အစီအစဉ်ရှိတယ်။ လက်ရှိတော့မလုပ်ရသေးဘူး။ သူတို့တမြန်အစည်းအဝေးမှာတော့ ပြောတယ် စောင့်ကြည့်ရေးတွေလုပ်ဖို့အစီအစဉ်ရှိတယ်လို့သူတို့ပြောတယ်ခင်ဗျ။ အခုလက်ရှိကတော့ အကောင်အထည်မဖော်ရသေးဘူး။"

ပြည်သူအခြေပြုအဖွဲ့စည်းတွေက နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု နယ်စပ်ဖြတ်ကျော်လူမှောင်ခိုဝင်ရောက်မှုတွေမဖြစ်အောင် စောင့်ကြည့်သလို စစ်ဆေးဖမ်းဆီးမှုတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ အလားတူ ပြည်သူအခြေပြုစောင့် ကြည့်ရေးအဖွဲ့များကိုလည်း ရန်ကုန်မြို့မှာဖွဲ့စည်းပြီး ကင်းလှည့်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG