သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ ေလနဲ႔မိုးဒဏ္ေၾကာင့္ ဒုကၡသည္တဲအိမ္ေတြပ်က္စီးၿပီး အခက္အခဲၾကံဳေနၾက 


ရခိုင္ျပည္နယ္အတြင္းက ဒုကၡသည္စခန္းတခု (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ထဲက ေျမာက္ဦး၊ ေက်ာက္ေတာ္အပါအဝင္ ၿမိဳ႕နယ္တခ်ဳိ႕မွာ ေလျပင္းတိုက္ခတ္၊ မိုးသည္းထန္စြာ ႐ြာတဲ့အတြက္ ျပည္တြင္းဒုကၡသည္စခန္း အခု ၄၀ ခုက ယာယီတဲအိမ္ ၃၀၀ ထက္မနည္း ပ်က္စီးသြားတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ဳိးႏြယ္မ်ားအစည္းအ႐ုံး (REC) ကေျပာပါတယ္။ ယာယီတဲအိမ္အမ်ားအျပား အိမ္ေခါင္မိုးေတြ လန္ထြက္ကုန္ၿပီး ေနအိမ္တခ်ဳိ႕ကေတာ့ ၿပိဳလဲပ်က္စီးကုန္ၿပီး ဒုကၡသည္ေတြ ေနစရာအခက္အခဲနဲ႔ ႀကံဳေနၾကပါတယ္။ ပ်က္စီးသြားတာေတြ ျပန္လည္တည္ေဆာက္ဖို႔အတြက္လည္း အကူအညီေတြ လိုအပ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ဧၿပီ ၂၀ ရက္ေန႔က မိုးသည္းထန္စြာ႐ြာၿပီး ေလျပင္းတိုက္ခတ္ တာေၾကာင့္ ၿမိဳ႕နယ္ ၄ ခုေလာက္မွာ႐ွိတဲ့ ယာယီ ဒုကၡသည္စခန္းေတြ ထိခိုက္ ပ်က္စီးခဲ့ပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ ျမတန္ေဆာင္းစခန္းအပါအဝင္ စခန္း ၆ ခုက ေနအိမ္ရာနဲ႔ခ်ီ ထိခိုက္ပ်က္စီးသြားတယ္လို႔ ျမတန္ေဆာင္းဆရာေတာ္ အရွင္ နႏၵသာရက မိန္႔ၾကားပါတယ္။

“ေျမာက္ဦးၿမိဳ႕နယ္နဲ႔ဆိုရင္ စခန္းတိုင္းလိုလိုက ၿပိဳတယ္ဗ်။ စခန္းတိုင္းလိုလိုမွာ အိမ္ ၁၀၀ ေက်ာ္ေက်ာ္ေလး၊ ၁၅၀ ပတ္ဝန္းက်င္ ေလာက္ေတာ့ စခန္းတခုစီမွာ ၁၅၀ ပတ္ဝန္းက်င္ေလာက္ေတာ့ ပါသြားတယ္ေပါ့။ အနည္းဆံုးက ၅၀၀ နဲ႔ ၅၀၀ ေက်ာ္ေက်ာ္ ၆၀၀ ေလာက္ေတာ့ ပါသြားမယ္ေပါ့။ တခ်ဳိ႕အိမ္ေတြဆိုရင္ လံုးဝၿပိဳသြားတာရွိတယ္။ တခ်ိဳ႕အိမ္ေတြကေတာ့ ေခါင္မိုးေတြက ပြင့္ထြက္ သြားတာရွိတယ္။”

မိုးႀကီးေလႀကီးက်ၿပီးတဲ့ေနာက္ ICRC က ေရာက္လာၿပီး တာလပတ္စ ၉၀ ခု လွဴဒါန္းခဲ့တဲ့အတြက္ တခ်ဳိ႕ေနအိမ္ေတြ ျပန္လည္ ျပဳျပင္ၿပီး ျပန္ေနထိုင္ၾကပါတယ္။ ျပန္ေနလို႔ အဆင္မေျပတဲ့သူေတြအတြက္ နီးစပ္ရာ ဘုန္းႀကီးေက်ာင္း စာသင္ေက်ာင္းေတြမွာ ေရႊ႔ေျပာင္းထားတယ္လို႔ အရွင္နႏၵသာရက မိန္႔ၾကားပါတယ္။

“ျပင္လို႔ရတဲ့ အိမ္ေတြကိုေတာ့ ျပင္ၿပီးေတာ့ ျပန္ေနၾကတယ္ေပါ့။ ျပင္လို႔မရေတာ့ဘဲနဲ႔ လံုးဝၿပိဳသြားတဲ့ အိမ္ေတြဆိုရင္ေတာ့ ဦးဇင္းတို႔ ေက်ာင္းမွာကေတာ့ ဓမၼာ႐ုံေတြၿပီးရင္ ကေလးေတြကို စာသင္ေပးတဲ့ စာသင္ေက်ာင္းေတြ အဲ့ဒီအခိုင္အမာေဆာက္လုပ္ထားတဲ့ အေဆာက္အဦးေတြမွာ ေရႊ႕ေျပာင္းၿပီးေတာ့ ေနရာခ်ထားေပးတယ္။ ေလာေလာဆယ္ စစ္ေဘးေရွာင္ေတြေရာ ဦးဇင္းေရာ အေၾကာက္ဆံုးကေတာ့ မိုးရြာမွာကို ေၾကာက္ေနတယ္။ မနက္ေစာေစာကလည္း နည္းနည္းေလး မိုးရြာတယ္။ မိုးရြာရင္ေတာ့ မိုးယုိတာနဲ႔ မိုးအိမ္ေတြန႔ဲ ေနလို႔အဆင္မေျပဘူးေပါ့။ ဆိုေတာ့ ဘာအကူအညီေတြလိုလဲဆိုရင္ ေလာေလာဆယ္ ဒီအမိုးအကာ လံုၿခံဳဖို႔အတြက္ အကူအညီလိုတာေပါ့။”

ေက်ာက္ေတာ္ၿမိဳ႕နယ္က ေတာင္မင္းကလာ ဒုကၡသည္စခန္းမွာဆိုလည္း ေနအိမ္ ၁၈ လံုးေလာက္ပ်က္စီးသြားၿပီး ေနထိုင္ဖို႔နဲ႔ ခ်က္ျပဳတ္စရာေနရာေတြ အခက္အခဲျဖစ္တယ္လို႔ ေတာင္မင္းကလာ စစ္ေရွာင္စခန္းက အမ်ဳိးသမီးနဲ႔ ကေလးသူငယ္အေရး တက္ႂကြလႈပ္ရွားသူ မေအးခိုင္က ေျပာပါတယ္။

“ေလတိုက္ၿပီးေတာ့ အိမ္ေတြၿပိဳတဲ့လူလည္းရွိတယ္။ အိမ္ေခါင္းမိုးလန္တဲ့လူလည္းရွိတယ္။ ပ်က္စီးတဲ့အိမ္ကေတာ့ ၁၈ အိမ္ပဲ ရွိတယ္။ (အိမ္ေခါင္းမိုး) လန္ၿပီးေတာ့ မိုးရြာတာေပါ့ မိုးရြာေတာ့ အကုန္စုိကုန္တာပဲ။ ေနစရာမရွိေတာ့ နည္းနည္းပါးပါး တရက္က ေတာ့ အခက္အခဲရွိတာေပ့ါ။ မေန႔ညကေေတာ့ ေနဖို႔ေနရာ ထမင္းခ်က္ ဖို႔ေနရာလည္းမရွိ။ က်န္တဲ့လူလည္း မိုးယိုတာအကုန္လံုးပဲ။ မိုးကေတာ့ အကုန္လံုးယိုတာပဲ။ ဘာျဖစ္လဲဆိုလို႔ရွိရင္ ဒီမွာကလည္း ယာယီဆိုေတာ့ တာလပတ္နဲ႔ေလ၊ အိမ္ေတြကလည္း အကုန္လံုးပဲ အပ်က္လိုနဲ႔တူတယ္၊ က်မတို႔ စခန္းထဲမွာေပါ့ေနာ္ အေဆာင္ေတြျပဳျပင္ဖို႔ အဓိကလိုတယ္၊ ၿပီးေတာ့ စားဝတ္ေနေရးကလည္း အဆင္မေျပဘူး။”

ေတာင္မင္းကလာ ဒုကၡသည္စခန္းမွာ ယာယီတဲေပါင္း ၉၀ ေက်ာ္ရွိပါတယ္။ တာလပတ္အမိုးေတြနဲ႔ ယာယီေဆာက္လုပ္ထားတဲ့ အိမ္တိုင္းလိုလို မိုးယုိေနတာေၾကာင့္ ျပန္လည္ျပင္ျပဳဖို႔ အကူအညီလိုအပ္ေနတယ္လို႔ ေျပာၾကပါတယ္။

ရခိုင္တိုင္းရင္းသားမ်ဳိးႏြယ္မ်ားအစည္းအ႐ုံး (REC) ကေတာ့ သူတုိ႔ ေလာေလာဆယ္ ရ႐ွိထားတဲ့ စာရင္းအရ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ စစ္ေျပးဒုကၡသည္ ယာယီစခန္း ၄၀ ခုက ေနအိမ္ ၃၀၀ ေလာက္ ထိခုိက္ပ်က္စီးသြားတယ္လို႔ အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

''အဓိက ပ်က္စီးသြားတဲ့ ၿမိဳ႕နယ္ေတြက​ေတာ့ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြကေတာ့ မ်ားတယ္။ ေနာက္ ဒီ ရေသ့ ေတာင္၊ ဘူးသီးေတာင္မွာလည္း အနည္းငယ္ပ်က္စီးတာေတြရွိတယ္။ အကုန္လုံး camp ေတြက camp ၄၀ ေလာက္မွာေပါ့ေနာ္ အိမ္ေျခ ၃၀၀ ဝန္းက်င္ေလာက္ေတာင္မွ ပ်က္စီးသြားတာ ရွိပါတယ္ဗ်။ အဓိကေတာ့ ဒီတဲေတြက နဂိုကတည္းက ေဆာက္တာ ၾကာလွၿပီးေပါ့ေနာ္။ ေဟာင္းႏြမ္းေနတဲ့ ေနအိမ္ေတြ တဲေတြျဖစ္ပါတယ္။ အဲ့ေတာ့ ေလျပင္းဒဏ္ေတြ မခံႏိုင္ဘူးေပါ့ေလ။''

ယာယီတဲေတြ ျပန္လည္တည္ေဆာက္ဖို႔ လိုအပ္တဲ့ပစၥည္းေတြကို ICRC ကို အကူအညီေတာင္းထားၾကတယ္လို႔လည္း သူက ေျပာပါတယ္။

“ဒီ ICRC က စၿပီးေတာ့ တခ်ဳိ႕တာလပတ္စေတြ ေဝတဲ့ camp ေတြေတာ့ ရွိတယ္ လို႔ သိရတယ္။ ဒါေပမယ့္လည္း အကုန္လံုးကုိ ေတာ့ မေပးႏိုင္ေသးဘူးေပါ့ေနာ္။ လူေတြကေတာ့ ေလာေလာဆယ္မွာေတာ့ သူတို႔မွာရွိတဲ့ဟာေလးေတြနဲ႔ တဲေတြ ျပင္ဆင္တာ ေတြရွိတယ္။ ဒါေပမယ့္ လိုအပ္ခ်က္ေတာ့ ရွိတာေပါ့ေနာ္။ အခုကေတာ့ camp ေတြကလည္း လွမ္းၿပီးေတာ့ အကူအညီ ေတာင္း ၾကတယ္။ သူတို႔ကို ဝါးေတြ ေနာက္ၿပီးေတာ့ ဓနိေတြ ေနာက္ တျခားတာလပတ္စေတြနဲ႔ တျခားလိုအပ္တာ ကူညီဖို႔ဆိုၿပီးမွ က်ေနာ္ တို႔ဆီကိုလည္း လွမ္းၿပီးေတာ့ အကူအညီေတာင္းေတြရွိတယ္။ တျခားအဖြဲ႔ေတြလည္း အတူအညီေတာင္းတယ္လို႔ သိရပါတယ္။”

ရခိုင္ျပည္နယ္ထဲမွာ ရခိုင္တုိင္းရင္းသားလက္နက္ကိုင္ AA နဲ႔ အစိုးရစစ္တပ္ေတြ တိုက္ပြဲျဖစ္ခဲ့ခ်ိန္က အိုးအိမ္စြန္႔ ထြက္ေျပးခဲ့ၾကတဲ့ ရခိုင္တုိင္းရင္းသားအေျမာက္အမ်ားဟာ ယာယီဒုကၡသည္စခန္းေတြမွာ ခိုလႈံေနထုိင္ေနၾကတာ ၃ ႏွစ္ေက်ာ္႐ွိေနပါၿပီ။ ယာယီတဲ အိမ္ေတြမွာ ေနထိုင္ေနၾကရတာျဖစ္လို႔ မိုးတြင္းကာလမွာဆို အေတာ္ေလး အခက္အခဲျဖစ္ၾကရတယ္လို႔ ဒုကၡသည္ေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========


[[Unicode]]


ရခိုင်ပြည်နယ် လေနဲ့မိုးဒဏ်ကြောင့် ဒုက္ခသည်တဲအိမ်တွေပျက်စီးပြီး အခက်အခဲကြုံနေကြ

ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ ကျောက်တော်အပါအဝင် မြို့နယ်တချို့မှာ လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ရွာတဲ့အတွက် ပြည်တွင်းဒုက္ခသည်စခန်း အခု ၄၀ ခုက ယာယီတဲအိမ် ၃၀၀ ထက်မနည်း ပျက်စီးသွားတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ကပြောပါတယ်။ ယာယီတဲအိမ်အများအပြား အိမ်ခေါင်မိုးတွေ လန်ထွက်ကုန်ပြီး နေအိမ်တချို့ကတော့ ပြိုလဲပျက်စီးကုန်ပြီး ဒုက္ခသည်တွေ နေစရာအခက်အခဲနဲ့ ကြုံနေကြပါတယ်။ ပျက်စီးသွားတာတွေ ပြန်လည်တည်ဆောက်ဖို့အတွက်လည်း အကူအညီတွေ လိုအပ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဧပြီ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ် တာကြောင့် မြို့နယ် ၄ ခုလောက်မှာရှိတဲ့ ယာယီ ဒုက္ခသည်စခန်းတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။ မြောက်ဦးမြို့နယ်ထဲမှာ မြတန်ဆောင်းစခန်းအပါအဝင် စခန်း ၆ ခုက နေအိမ်ရာနဲ့ချီ ထိခိုက်ပျက်စီးသွားတယ်လို့ မြတန်ဆောင်းဆရာတော် အရှင် နန္ဒသာရက မိန့်ကြားပါတယ်။

“မြောက်ဦးမြို့နယ်နဲ့ဆိုရင် စခန်းတိုင်းလိုလိုက ပြိုတယ်ဗျ။ စခန်းတိုင်းလိုလိုမှာ အိမ် ၁၀၀ ကျော်ကျော်လေး၊ ၁၅၀ ပတ်ဝန်းကျင် လောက်တော့ စခန်းတခုစီမှာ ၁၅၀ ပတ်ဝန်းကျင်လောက်တော့ ပါသွားတယ်ပေါ့။ အနည်းဆုံးက ၅၀၀ နဲ့ ၅၀၀ ကျော်ကျော် ၆၀၀ လောက်တော့ ပါသွားမယ်ပေါ့။ တချို့အိမ်တွေဆိုရင် လုံးဝပြိုသွားတာရှိတယ်။ တချို့အိမ်တွေကတော့ ခေါင်မိုးတွေက ပွင့်ထွက် သွားတာရှိတယ်။”

မိုးကြီးလေကြီးကျပြီးတဲ့နောက် ICRC က ရောက်လာပြီး တာလပတ်စ ၉၀ ခု လှူဒါန်းခဲ့တဲ့အတွက် တချို့နေအိမ်တွေ ပြန်လည် ပြုပြင်ပြီး ပြန်နေထိုင်ကြပါတယ်။ ပြန်နေလို့ အဆင်မပြေတဲ့သူတွေအတွက် နီးစပ်ရာ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းထားတယ်လို့ အရှင်နန္ဒသာရက မိန့်ကြားပါတယ်။

“ပြင်လို့ရတဲ့ အိမ်တွေကိုတော့ ပြင်ပြီးတော့ ပြန်နေကြတယ်ပေါ့။ ပြင်လို့မရတော့ဘဲနဲ့ လုံးဝပြိုသွားတဲ့ အိမ်တွေဆိုရင်တော့ ဦးဇင်းတို့ ကျောင်းမှာကတော့ ဓမ္မာရုံတွေပြီးရင် ကလေးတွေကို စာသင်ပေးတဲ့ စာသင်ကျောင်းတွေ အဲ့ဒီအခိုင်အမာဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေမှာ ရွှေ့ပြောင်းပြီးတော့ နေရာချထားပေးတယ်။ လောလောဆယ် စစ်ဘေးရှောင်တွေရော ဦးဇင်းရော အကြောက်ဆုံးကတော့ မိုးရွာမှာကို ကြောက်နေတယ်။ မနက်စောစောကလည်း နည်းနည်းလေး မိုးရွာတယ်။ မိုးရွာရင်တော့ မိုးယိုတာနဲ့ မိုးအိမ်တွေနဲ့ နေလို့အဆင်မပြေဘူးပေါ့။ ဆိုတော့ ဘာအကူအညီတွေလိုလဲဆိုရင် လောလောဆယ် ဒီအမိုးအကာ လုံခြုံဖို့အတွက် အကူအညီလိုတာပေါ့။”

ကျောက်တော်မြို့နယ်က တောင်မင်းကလာ ဒုက္ခသည်စခန်းမှာဆိုလည်း နေအိမ် ၁၈ လုံးလောက်ပျက်စီးသွားပြီး နေထိုင်ဖို့နဲ့ ချက်ပြုတ်စရာနေရာတွေ အခက်အခဲဖြစ်တယ်လို့ တောင်မင်းကလာ စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားသူ မအေးခိုင်က ပြောပါတယ်။

“လေတိုက်ပြီးတော့ အိမ်တွေပြိုတဲ့လူလည်းရှိတယ်။ အိမ်ခေါင်းမိုးလန်တဲ့လူလည်းရှိတယ်။ ပျက်စီးတဲ့အိမ်ကတော့ ၁၈ အိမ်ပဲ ရှိတယ်။ (အိမ်ခေါင်းမိုး) လန်ပြီးတော့ မိုးရွာတာပေါ့ မိုးရွာတော့ အကုန်စိုကုန်တာပဲ။ နေစရာမရှိတော့ နည်းနည်းပါးပါး တရက်က တော့ အခက်အခဲရှိတာပေ့ါ။ မနေ့ညကေတော့ နေဖို့နေရာ ထမင်းချက် ဖို့နေရာလည်းမရှိ။ ကျန်တဲ့လူလည်း မိုးယိုတာအကုန်လုံးပဲ။ မိုးကတော့ အကုန်လုံးယိုတာပဲ။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီမှာကလည်း ယာယီဆိုတော့ တာလပတ်နဲ့လေ၊ အိမ်တွေကလည်း အကုန်လုံးပဲ အပျက်လိုနဲ့တူတယ်၊ ကျမတို့ စခန်းထဲမှာပေါ့နော် အဆောင်တွေပြုပြင်ဖို့ အဓိကလိုတယ်၊ ပြီးတော့ စားဝတ်နေရေးကလည်း အဆင်မပြေဘူး။”

တောင်မင်းကလာ ဒုက္ခသည်စခန်းမှာ ယာယီတဲပေါင်း ၉၀ ကျော်ရှိပါတယ်။ တာလပတ်အမိုးတွေနဲ့ ယာယီဆောက်လုပ်ထားတဲ့ အိမ်တိုင်းလိုလို မိုးယိုနေတာကြောင့် ပြန်လည်ပြင်ပြုဖို့ အကူအညီလိုအပ်နေတယ်လို့ ပြောကြပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ကတော့ သူတို့ လောလောဆယ် ရရှိထားတဲ့ စာရင်းအရ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စစ်ပြေးဒုက္ခသည် ယာယီစခန်း ၄၀ ခုက နေအိမ် ၃၀၀ လောက် ထိခိုက်ပျက်စီးသွားတယ်လို့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

''အဓိက ပျက်စီးသွားတဲ့ မြို့နယ်တွေကတော့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကတော့ များတယ်။ နောက် ဒီ ရသေ့ တောင်၊ ဘူးသီးတောင်မှာလည်း အနည်းငယ်ပျက်စီးတာတွေရှိတယ်။ အကုန်လုံး camp တွေက camp ၄၀ လောက်မှာပေါ့နော် အိမ်ခြေ ၃၀၀ ဝန်းကျင်လောက်တောင်မှ ပျက်စီးသွားတာ ရှိပါတယ်ဗျ။ အဓိကတော့ ဒီတဲတွေက နဂိုကတည်းက ဆောက်တာ ကြာလှပြီးပေါ့နော်။ ဟောင်းနွမ်းနေတဲ့ နေအိမ်တွေ တဲတွေဖြစ်ပါတယ်။ အဲ့တော့ လေပြင်းဒဏ်တွေ မခံနိုင်ဘူးပေါ့လေ။''

ယာယီတဲတွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ICRC ကို အကူအညီတောင်းထားကြတယ်လို့လည်း သူက ပြောပါတယ်။

“ဒီ ICRC က စပြီးတော့ တချို့တာလပတ်စတွေ ဝေတဲ့ camp တွေတော့ ရှိတယ် လို့ သိရတယ်။ ဒါပေမယ့်လည်း အကုန်လုံးကို တော့ မပေးနိုင်သေးဘူးပေါ့နော်။ လူတွေကတော့ လောလောဆယ်မှာတော့ သူတို့မှာရှိတဲ့ဟာလေးတွေနဲ့ တဲတွေ ပြင်ဆင်တာ တွေရှိတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ ရှိတာပေါ့နော်။ အခုကတော့ camp တွေကလည်း လှမ်းပြီးတော့ အကူအညီ တောင်း ကြတယ်။ သူတို့ကို ဝါးတွေ နောက်ပြီးတော့ ဓနိတွေ နောက် တခြားတာလပတ်စတွေနဲ့ တခြားလိုအပ်တာ ကူညီဖို့ဆိုပြီးမှ ကျနော် တို့ဆီကိုလည်း လှမ်းပြီးတော့ အကူအညီတောင်းတွေရှိတယ်။ တခြားအဖွဲ့တွေလည်း အတူအညီတောင်းတယ်လို့ သိရပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ချိန်က အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားအမြောက်အများဟာ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတာ ၃ နှစ်ကျော်ရှိနေပါပြီ။ ယာယီတဲ အိမ်တွေမှာ နေထိုင်နေကြရတာဖြစ်လို့ မိုးတွင်းကာလမှာဆို အတော်လေး အခက်အခဲဖြစ်ကြရတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
==========

XS
SM
MD
LG