သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံမှာ ရခိုင်ကိစ္စအရေးပါ


အလုံးအရင်းနဲ့ ထွက်သွားတဲ့ ဒုက္ခသည်များ

New York မြို့က ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သံတမန်တွေကြား ရခိုင်ပြည်နယ်ကအရေးကိစ္စက အဓိကထား ဆွေးနွေးစရာကိစ္စတခုဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်သွားနေတဲ့ပြဿနာကို အားလုံးက စိုးရိမ်နေကြတာဖြစ်တယ်လို့ သံအမတ် Nikki Haley ကပြောပါတယ်။

"စစ်တပ်က ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လုပ်နေတာကို နိုင်ငံတိုင်းက စိုးရိမ်နေကြသလို။ အစိုးရဖက်က ဆက်လက်ငြင်းဆန်နေတာကို စိုးရိမ်နေကြတာပါ။ ဒါကြောင့် ဒီအကြောင်းနိုင်ငံတကာက ဆက်ပြီးဆွေးနွေးကြတာ တေ့ွနေရဦးမယ်။ ရှေ့လျှောက် ပိုပြီးတက်တက်ကြွကြွဆွေးနွေးတာမြင်ရမယ်လို့ " အမေရိကန်သံအမတ်ကြီး Nikki Haley ပြောသွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတဲ့ ကိစ္စအပေါ် အမေရိကန်သမ္မတ Donald Trump ကလည်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။ နှိမ်နှင်းမှုတွေရပ်အောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်တပ်ခေါင်းဆောင်တွေကိုပါ အမေရိကန်အစိုးရက ဖိဖိစည်းစည်းပြောနေတယ်လို့လည်း ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းနဲ့ဆက်သွယ် ပြောကြားခဲ့သလို ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ သဘာပတိဗိုလ်ချုပ်ကြီး Joseph Dunford ကလည်း တပ်မတော်အကြီးအကဲကို ဖုန်းနဲ့ဆက်သွယ်ပြီး ဒီလုပ်ရပ်တွေဆက်လုပ်နေလို့မရဘူးဆိုတာ ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အသံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့သူ တိုက်ရိုက်စကားပြော ဆွေးနွေးခဲ့တယ်လို့ အထွေထွေညီလာခံတက်နေတဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကပြောပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေနဲ့ မြန်မာနိုင်ငံထဲက လူနည်းစုတွေအားလုံးအပေါ် အကြမ်းဖက်မှုတွေရပ်ပြီး အကာအကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို ကနေဒါက စာပေးပို့တောင်းဆိုထားတယ်လို့လည်း ဝန်ကြီးချုပ် Trudeau ကကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel ကလည်း ရိုဟင်ဂျာတွေအကြမ်းဖက်ခံရတာနဲ့ ဒုက္ခသည်တွေထွက်ပြေးတာကို ဥပမာပေးပြီး ဖြစ်လာတဲ့ပြဿနာကို စောစောစီးစီးကိုင်တွယ်သင့်တယ်လို့ကြာသပတေးနေ့က ပြောကြားတဲ့ အထွေထွေညီလာခံမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ ဆင်းရဲ ဒုက္ခသက်သာရ ရစေဖို့နဲ့ ပဋိက္ခတွေအဆုံးသပ်စေဖို့ နိုင်ငံရေးအရထောက်ခံမှုနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ အမြန်ဆုံးပေးနိုင်ဖို့ အရေးကြီးတယ်လို့ဆိုပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတဆင့် ဂျာမနီက အထောက်အပံ့တွေ တိုးပေးသွားမယ်လို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ကုလအထွေထွေညီလာခံမှာ ရခိုင်ကိစ္စအရေးပါ
please wait

No media source currently available

0:00 0:02:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG