သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး တဦးချင်းအမှားပုံကြီးချဲ့ပြီး တပ်မတော်ကို စွပ်စွဲဟု ထုတ်ပြန်


နယ်မြေရှင်းလင်းရေးလုပ်စဉ်
နယ်မြေရှင်းလင်းရေးလုပ်စဉ်

ရခိုင်မြောက်ပိုင်းဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တာဝန်က ရပ်နားခဲ့တယ်လို့ မြန်မာစစ်တပ်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့အခြေအနေအပေါ် ကိုင်တွယ်ရာမှာ အားနည်းချက်တွေရှိတာကြောင့် တာဝန်ဆက်လက်ထမ်းဆောင်ခွင့်ကို ရပ်နားခဲ့တယ်လို့ သုံးနှုန်းပေမယ့်၊ စစ်တပ်ကနေ အနားပေးတာလား ဒါမှမဟုတ် နေရာပြောင်းရွှေ့တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။

ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့ အရာရှိ စစ်သည် ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ကိုလည်း တည်ဆဲ ဥပဒေတွေနဲ့ အရေးယူအပြစ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလို ဆောင်ရွက်နေတဲ့ကြား ကပဲ တပ်မတော်ရဲ့ မူဝါဒမဟုတ်တဲ့ တဦးချင်း လုပ်ကိုင်မှုအမှားတွေကို ပုံကြီးချဲ့ပြီး၊ တပ်မတော်တရပ်လုံးက ကျူးလွန်နေသယောင်စွပ်စွဲမှုတွေလုပ်တယ်ဆိုပြီး မကြာခင်က ဥရောပသမဂ္ဂရဲ့ မြန်မာစစ်တပ်ကို အရေးယူမယ်ဆိုတဲ့ သဘောထားထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်ပါတယ်။

ရိုဟင်ဂျာအရေး မြန်မာစစ်တပ်နဲ့ပတ်သက်လို့ ဗြိတိန်လွှတ်တော်အမတ်တွေရဲ့ စွပ်စွဲချက်တွေ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာကောင်စီရဲ့ ဆုံးဖြတ်ချက်တွေဟာ၊ မြန်မာ့တပ်မတော်ရဲ့ လုံခြုံရေးဆောင်ရွက်မှုနဲ့ ရခိုင်အရေး အစိုးရဆောင်ရွက်ချက်တွေ အပေါ် ပြည်တွင်းပြည်ပကနေ အထင်အမြင်လွဲမှားစရာတွေဖြစ်စေတယ်လို့ဆိုပါတယ်။ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ICC ပြစ်မှုဆိုင်ရာနိုင်ငံတကာ ရုံးမှာ အရေးယူနိုင်ရေးအတွက် ဗြိတိန်လွှတ်တော်အမတ် တရာကျော်ကနေ ဗြိတိန်အစိုးရကို ဖေဖော်ဝါရီလကုန်ပိုင်းက ဖိအားပေးခဲ့ကြပါတယ်။

အဲဒီနောက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီ မြန်မာ့အရေးဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေကို လျော့ချဖို့နဲ့ ရခိုင်အရေးတာဝန်ရှိ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ အဆိုကို ထည့်သွင်းခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒါတွေဟာ လုပ်ကြံဖန်တီးတဲ့ စွပ်စွဲချက်တွေအပေါ် အခြေတည်ထားတာဖြစ်ပြီး၊ တကယ်တမ်း ရခိုင်အရေးအခုကြုံနေရတဲ့ကိစ္စတွေ၄မှာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်လာမှုကြောင့်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG