သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အေရးေပၚအကူညီ အတြက္ သက္စြန႔္ဆံဖ်ားလုပ္ေဆာင္သူ အားလုံးကို ကုလ ဂုဏ္ျပဳ


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း အေရးေပၚအကူအညီလိုအပ္ေနသူေတြအတြက္ အသက္စြန႔္ၿပီး ကူညီေဆာင္႐ြက္ေပးေနၾကသူေတြ၊ ကူညီေဆာင္႐ြက္ေပးရင္း အသက္ေပးသြားၾကသူေတြနဲ႔ ထိခိုက္ဒဏ္ရာရသူေတြအားလုံးကို ေလးစားဂုဏ္ျပဳပါေၾကာင္း ဒီေန႔က်ေရာက္တဲ့ ကမာၻ႔လူသားခ်င္းစာနာမႈဆိုင္ရာေန႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးမႉး Ramanathan Balakrishnan က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

လိုအပ္ေနတဲ့ စာနာမႈဆိုင္ရာ အကူအညီေတြပို႔ေပးႏိုင္ေအာင္ လူမႈအသိုင္းအဝိုင္းကိုထိတ္လန႔္ေနေစတဲ့ အဆုံးမသတ္ႏိုင္တဲ့ အၾကမ္းဖက္မႈေတြရပ္တန႔္ၾကဖို႔ ဒီကေန႔မွာ ေတာင္းဆိုလိုေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အရပ္သားေတြကို ဘယ္ေတာ့မွ ပစ္မွတ္မထားသင့္သလို ႏိုင္ငံတကာကထုတ္ျပန္ထားတဲ့ ဥပေဒေတြနဲ႔အညီ ျမန္မာႏိုင္ ငံက စာနာမႈဆိုင္ရာ အကူအညီေပးေနသူေတြအေနနဲ႔ အေႏွာင့္အယွက္ အကန႔္အသတ္မရွိ လုပ္ကိုင္ခြင့္ရွိသင့္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံအတြင္း အကူအညီလိုအပ္ေနတဲ့ လူမႈအသိုင္းအဝန္းကို ကူညီေထာက္ပံ့ေနၾကတဲ့ ကြန္ရက္ေတြနဲ႔အတူ ရပ္တည္ၿပီး ကုလသမဂၢ၊ ႏိုင္ငံတကာ NGO အဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕တို႔က ဝိုင္းဝန္းကူညီေပးေနၾကေၾကာင္း၊ ျမန္မာျပည္သူေတြ ေန႔စဥ္ ႀကဳံေတြ႕ ခံစားေနရတဲ့ ေသာကေတြ ေလ်ာ့က်ေရး နည္းလမ္းရွာၿပီး မၿငီးမတြား ကူညီေပးေနၾကသူေတြကို ေလးစား ဂုဏ္ျပဳပါေၾကာင္းလည္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးမႉး Ramanathan Balakrishnan ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာျပည္သူေတြလိုအပ္ေနတဲ့အကူအညီေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ေစတနာထက္သန္စြာနဲ႔ အခုလို ကာလမ်ိဳးမွာ ကူညီေပးၾကဖို႔ ဒီ ကမာၻ႔ လူသားခ်င္းစာနာမႈဆိုင္ရာေန႔မွာ ေတာင္းဆိုလိုပါေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြန်မာနိုင်ငံတွင်း အရေးပေါ်အကူညီ အတွက် သက်စွန့်ဆံဖျားလုပ်ဆောင်သူ အားလုံးကို ကုလ ဂုဏ်ပြု

မြန်မာနိုင်ငံအတွင်း အရေးပေါ်အကူအညီလိုအပ်နေသူတွေအတွက် အသက်စွန့်ပြီး ကူညီဆောင်ရွက်ပေးနေကြသူတွေ၊ ကူညီဆောင်ရွက်ပေးရင်း အသက်ပေးသွားကြသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအားလုံးကို လေးစားဂုဏ်ပြုပါကြောင်း ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Ramanathan Balakrishnan က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

လိုအပ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီတွေပို့ပေးနိုင်အောင် လူမှုအသိုင်းအဝိုင်းကိုထိတ်လန့်နေစေတဲ့ အဆုံးမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ကြဖို့ ဒီကနေ့မှာ တောင်းဆိုလိုကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အရပ်သားတွေကို ဘယ်တော့မှ ပစ်မှတ်မထားသင့်သလို နိုင်ငံတကာကထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီ မြန်မာနိုင် ငံက စာနာမှုဆိုင်ရာ အကူအညီပေးနေသူတွေအနေနဲ့ အနှောင့်အယှက် အကန့်အသတ်မရှိ လုပ်ကိုင်ခွင့်ရှိသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝန်းကို ကူညီထောက်ပံ့နေကြတဲ့ ကွန်ရက်တွေနဲ့အတူ ရပ်တည်ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တို့က ဝိုင်းဝန်းကူညီပေးနေကြကြောင်း၊ မြန်မာပြည်သူတွေ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့ သောကတွေ လျော့ကျရေး နည်းလမ်းရှာပြီး မငြီးမတွား ကူညီပေးနေကြသူတွေကို လေးစား ဂုဏ်ပြုပါကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးမှူး Ramanathan Balakrishnan ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေလိုအပ်နေတဲ့အကူအညီတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စေတနာထက်သန်စွာနဲ့ အခုလို ကာလမျိုးမှာ ကူညီပေးကြဖို့ ဒီ ကမ္ဘာ့ လူသားချင်းစာနာမှုဆိုင်ရာနေ့မှာ တောင်းဆိုလိုပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG