သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ဝေဖန်မှုနဲ့ အဆိုတော်ဗျုဟာ ဖမ်းဆီးခံရ


အဆိုတော် ဗျူဟာ
အဆိုတော် ဗျူဟာ

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီ တာဝန်ရှိသူတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ အဆိုတော်ဗျုဟာကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုတွေအတွက် စစ်ကောင်စီအပေါ် အပြင်းအထန် ဝေဖန်ထားတဲ့ ဗွီဒီယို ပြီးခဲ့တဲ့ အင်္ဂါနေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။

စစ်တပ်က အာဏာသိမ်း ဖယ်ရှားပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်နဲ့ မတူပဲ နိုင်ငံအနှံ့ မီးပျက်နေတဲ့အပေါ် ဝေဖန်ခဲ့တဲ့ အဆိုတော်ဗျုဟာရဲ့ လုပ်ရပ်အတွက် ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူ တချို့က လူမှုကွန်ရက်တွေမှာ လှုံ့ဆော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရန်ကုန်မြို့ နေအိမ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ကိုဘာအမှုနဲ့ အရေးယူပြီး၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ နိုင်ငံပိုင်သတင်းစာတွေမှာတော့ လူမှုကွန်ရက်တွေကနေ အစိုးရယန္တယား ပျက်ပြားအောင် လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့မယ်ဆိုရင်၊ ထပ်ဆင့်ဖြန့်ဝေမယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေတွေနဲ့ အရေးယူနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုတော် ဗျူဟာဖမ်းဆီးခံရပြီး သတင်းစာမှာဖော်ပြခဲ့သည့်ဖြတ်ပိုင်းပုံ
အဆိုတော် ဗျူဟာဖမ်းဆီးခံရပြီး သတင်းစာမှာဖော်ပြခဲ့သည့်ဖြတ်ပိုင်းပုံ

အဆိုတော်ဗျုဟာ ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကစ ရေပမ်းစားခဲ့တဲ့ ‘ကမ္ဘာမကျေဘူး’ သီချင်းကို ရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာရဲ့ သားလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG