သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Qaida စခန်း ဆီးရီးယားသူပုန်တွေသိမ်း


ဆီးရီးယားနိုင်ငံမြောက်ပိုင်း Aleppo မြို့မှာ သူပုန်တွေဟာ al-Qaida အနွယ် သူတို့ပြိုင်ဖက်အုပ်စု အခြေစိုက်လှုပ်ရှားနေတဲ့ ဆေးရုံတရုံကို သိမ်းယူလိုက်တယ်လို့ ဆီးရီးယားတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတ Bashar al-Assad ကို ဆန့်ကျင်ကြတဲ့ အုပ်စုတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဟာ အခုဆို ၆ ရက်မြောက် ရှိသွားပါပြီ။ Islamic State of Iraq and the Levant ဆိုတဲ့ အစွန်းရောက်အဖွဲ့ကို စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက်၊ သူတို့အခြေစိုက်စခန်းကို သူပုန်ညွန့်ပေါင်းအဖွဲ့က သိမ်းယူခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က
ပြောပါတယ်။

အဲဒီညွန့်ပေါင်းအဖွဲ့ဟာ သဘောထားပျော့ပြောင်းတဲ့ အစ္စလာမ်သူပုန်အုပ်စုတွေနဲ့ စုစည်းထားတာပါ။ Aleppo မှာရှိတဲ့ ဂျီဟာဒ်အဖွဲ့ ဌာနချုပ်ကို သူပုန်တွေက သိမ်းယူပြီးတဲ့နောက် အဲဒီမှာ ဖမ်းထားတဲ့ အကျဉ်းသား အတော်များများကိုလည်း ပြန်လွှတ်လိုက်ပါတယ်။

ISIL အစွန်းရောက်အဖွဲ့ရဲ့ ပြောခွင့်ရသူက သူတို့တပ်ဖွဲ့တွေအနေနဲ့ ပြိုင်ဖက် သူပုန်အဖွဲ့တွေကို ချေမှုန်းသွားမယ်ဆိုပြီး ပြောဆိုလိုက်တဲ့နောက်၊ အခုလို အခြားသူပုန်တွေက သူတို့ကို ပြန်လည် တိုက်ခိုက်ခဲ့ကြတာပါ။ ISIL အနေနဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့နဲ့ သူ့ရဲ့ ဆီးရီးယားလွတ်မြောက်ရေးတပ်ကို စပြီး စစ်ကြေညာခဲ့တာပါ။
XS
SM
MD
LG