သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးမှုတွေအောင်မြင်မှ နယ်စပ်ဒုက္ခသည်တွေပြန်နိုင်မည်


This aerial photo shows the damaged buildings in the town of Amatrice, central Italy, after a 6.2 magnitude earthquake that killed at least 73 people. The mayor of Amatrice, Sergio Pirozzi, said, "Three quarters of the town is not there anymore.''
This aerial photo shows the damaged buildings in the town of Amatrice, central Italy, after a 6.2 magnitude earthquake that killed at least 73 people. The mayor of Amatrice, Sergio Pirozzi, said, "Three quarters of the town is not there anymore.''

ထိုင်းမြန်မာနယ်စပ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ပြင်ဆင်မှုတွေလုပ်နေပေမယ့် လက်ရှိအခြေအနေမှာ နေရပ်ပြန်မယ့်သူတွေအတွက် လုံခြုံရေးနဲ့ ရေရှည်ရပ်တည်ဖို့ အာမခံချက် မရှိသေးဘူးလို့ မြန်မာ ဒုက္ခသည်အရေးကို ဆောင်ရွက်နေတဲ့ The Border Consortium ၊ TBC အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး Sally Thompson ကပြောလိုက်ပါတယ်။ စစ်ပွဲ ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်အများစုအနေနဲ့ သူတို့နေရပ်တွေမှာ စစ်တပ်တွေရှိနေသေးတဲ့အပေါ် အဓိက စိုးရိမ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကနေ စစ်တပ်တွေရုပ်သိမ်းဖို့၊ မြေမြှုပ်မိုင်းရှင်းလင်းဖို့ စတဲ့ကိစ္စတွေက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်မှသာ နောက်ဆက်ဖြစ်လာမယ့် ကိစ္စတွေဖြစ်တယ်လို့ VOA နဲ့သီးသန့်မေးမြန်းခန်းမှာ Sally Thompson ကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ သိန်းနဲ့ချီ ရှိနေသေးတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက်ဟာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကလောက် မမြင့်မားတော့ပေမယ့် သူတို့ပြန်နိုင်တဲ့အခြေအနေရောက်ရင်ပြန်ကြဖို့အတွက် လိုအပ်တာတွေကိုတော့ ပြင်ဆင်နေပါတယ်လို့ The Border Consortium ၊ TBC အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Sally Thompson က VOA မြန်မာပိုင်းကို ပြောပါတယ်။ မြန်မာဒုက္ခသည်အရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက် နေတဲ့ Sally Thompson အမေရိကန်ပြည်ထောင်စု Washington မြို့တော်ကို ခေတ္တရောက်နေချိန်မှာ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး အလားအလာနဲ့ ပတ်သက်လို့ VOA ကတွေ့ဆုံမေးမြန်းစဉ်မှာ ခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲအပြီးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က ရှိခဲ့တဲ့ အကောင်းမြင်ခဲ့မှုနဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိအခြေအနေက ဒုက္ခသည်တွေ ပြန်လို့ရတဲ့ အခြေအနေရှိလာမှာပါလို့ မျှော်လင့်နေတာမျိုးပါ၊ သူတို့ နေရပ်ပြန်နိုင်ကြမယ့်နေ့ ရောက်လာတဲ့အခါမှာ ပြန်နိုင်ကြဖို့တော့ ကျမတို့က ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက အခြေအနေတွေဟာ သေသေချာချာ စီစဉ်မထားဘဲ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့ အနေအထားမှာ မရှိသေးပါဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတချို့ ရှိလာခဲ့ပြီး အစိုးရတပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြားမှာလဲ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေးနေကြချိန်မှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက် ပိုမရှိ သင့်ဘူးလားလို့ မေးတဲ့အခါမှာတော့-

“ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကျမတို့အမြင်ကို ပြောရရင်တော့ ဆွေးနွေးမှုတွေဟာ ချောမွေ့နေပုံမရဘူး၊ နှေးကွေးနေတယ်။ အဓိကဖြေရှင်းဖို့ လိုတဲ့ကိစ္စတွေ အထူးသဖြင့် စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကိစ္စတွေအတွက်က အချိန်ပေးရပါဦးမယ်၊ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတာက စစ်သားတွေကြားမှာ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တပ်တွေပြန်ရုပ်သိမ်းဖို့ကိစ္စတွေ၊ တပ်ဖြန့်ချတဲ့နေရာမှာ စည်းစနစ်ရှိရမဲ့ ကိစ္စတွေ၊ အဲဒါတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေက ဒုက္ခသည်အသိုင်းအဝိုင်းဖက်က အလေးထားစောင့်ကြည့်နေကြတဲ့ အချက်တွေပါ၊ ဒုက္ခတွေပြန်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ကိစ္စကို သူတို့နဲ့ဆွေးနွေးတိုင်း၊ သူတို့ ရွာတွေမှာ စစ်တပ်တွေရှိနေသေးတဲ့ကိစ္စကို စိုးရိမ်ကြပါတယ်။ အများစုက မြန်မာအစိုးရတပ်တွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေပါ၊ ဒုက္ခသည်တွေအနေနဲ့ တပ်တွေရုပ်သွားဖို့အရေး မျှော်လင့်နေကြပါတယ်။ ဒါမှပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တကယ်ပဲရှေ့ဆက်သွားနေတယ်ဆိုတဲ့ ယုံကြည်မှုကို သူတို့ရကြမှာဖြစ်ပါတယ်။”

လက်ရှိအခြေအနေဟာ နယ်စပ်ကဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အားပေးဖို့ မသင့်တော်သေးဘူးလို့ TBC အဖွဲ့နဲ့ ပြည်တွင်းမှာ ဆွေးနွေးမှုတွေရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံး UNHCR ကလည်း လက်ခံတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရ၊ ထိုင်းအစိုးရနဲ့ ဒုက္ခသည်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံးကလဲ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ကြဖို့လိုအပ်တဲ့ အဆင့်တွေ အများကြီးလုပ်ဖို့ကျန်သေးတယ်ဆိုတာကို နားလည် ထားကြတယ်လို့ TBC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Sally Thompson ကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေပြီးရင် နိုင်ငံရေးဆွေးနွေးမှုတွေ၊ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စတွေ၊ ဒုက္ခသည်တွေပြန်ကြရမယ့် နေရာထိုင်ခင်းကိစ္စတွေ၊ သူတို့ကို အကာအကွယ်ပေးရေး လုံခြုံရေးကိစ္စတွေ အများကြီးကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလုပ်နေချိန် အရင်က နယ်စပ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့တဲ့ နိုင်ငံတကာအလှုရှင်တော်တော်များများရဲ့ အာရုံစိုက်မှုဟာ ပြည်တွင်းဖက်ကို ပြောင်းသွားတဲ့ အပေါ်မှာလည်း ဒုက္ခသည်တွေ စိုးရိမ်မှုရှိနေကြပါတယ်။

“ဒီကိစ္စက အဓိကစိုးရိမ်နေကြတဲ့ ကိစ္စဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်အစိုးရက ဒုက္ခသည်တွေရဲ့ အခြေအနေအပေါ်မှာ အများကြီး ထောက်ခံမှု ပေးပါတယ်။ တခြားအစိုးရတွေအနေနဲ့ကတော့ ကမ္ဘာကြီးရဲ့ တခြားနေရာတွေမှာ ဖြေရှင်းရမဲ့ ပြဿနာတွေရှိနေတာမျိုးကြောင့် ဒုက္ခသည်တွေ အတွက် ပေးတဲ့ အထောက်အပံ့တွေကျဆင်းသွားပါတယ်။ အဲဒီအတွက် ဝန်ဆောင်မှုတွေကို လျှော့ချပစ်လိုက်ရပါတယ်။ ဒုက္ခသည်စခန်းတွေထဲမှာ ပေးနေတဲ့ ဝန်ဆောင်မှုတွေကို လျှော့လိုက်ရတဲ့အတွက် မြန်မာနိုင်ငံကိုပြန်နိုင်ကြတဲ့ အခြေအနေအလဲမရှိသေးတဲ့ ဒုက္ခတွေကြားမှာ စိတ်သောကရောက်ကြရပါတယ်။ တနေ့မှာ နေရပ်ပြန်နိုင်ကြတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေကြတဲ့ အခုလို အရေးကြီးတဲ့အချိန်မျိုးမှာ အစိုးရတွေအနေနဲ့ အခြေခံလူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့နေရပ်ပြန်ပြီး လူမှုအသိုင်းအဝိုင်းကို ပြန်လည်ထူထောင်နိုင်ကြမှာဖြစ်ပါတယ်။”

ဒုက္ခသည်အရေးကို ဆောင်ရွက်နေတဲ့ TBC အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Sally Thompson ရဲ့ အပြောအရ လက်ရှိမှာ မြန်မာနိုင်ငံကို သူတို့ သဘောနဲ့ ပြန်သွားကြတဲ့ ဒုက္ခသည်တွေရှိပေမယ့် အရေအတွက် အင်မတန်နည်းပါတယ်။ ဒုက္ခသည်အများစုကတော့ သူတို့ပြန်ရမဲ့ နေရာတွေမှာ စစ်တပ် ထိန်းချုပ်မှုကင်းမှသာ သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်ချနိုင်ကြမှာဖြစ်တယ်လို့ ပြောနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား လုပ်နေတဲ့ ဆွေးနွေးမှုတွေထဲမှာတော့ နယ်စပ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ မပါဝင်သေးဘူးလို့လည်း Sally Thompson ကပြောပါတယ်ရှင်။

XS
SM
MD
LG