သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး တဘက်နိုင်ငံကသေချာရှင်းပြရဲ့လား


မြိုလူမျိုးစုများနေထိုင်ရန် ပဲခူးတိုင်းအစိုးရအဖွဲ့မှ လှူဒါန်းသည့် အိမ်ယာရှေ့မှာ ရပ်နေသည့် သားအမိနှစ်ဦး
မြိုလူမျိုးစုများနေထိုင်ရန် ပဲခူးတိုင်းအစိုးရအဖွဲ့မှ လှူဒါန်းသည့် အိမ်ယာရှေ့မှာ ရပ်နေသည့် သားအမိနှစ်ဦး

ဒုက္ခသည် ပြန်လည်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေရှ့်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခ သည်တွေဖြည့်စွက်ရမယ့် ကိုယ်ရေး အချက်အလက်ပုံစံတွေကို တဖက်အာဏာပိုင် ဘက်က ဖြန့်ဝေပေးတာ မရှိဘူးလို့ ပြန် လည်ရောက်ရှိလာကြတဲ့ ဒုက္ခသည်အချို့ကပြောပါတယ်။ ဒီသတင်းကို ရခိုင် ပြည်နယ်မောင်တောမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက်မေခကပေးပို့ထားပါတယ်။

မလေးရှား နိုင်ငံသို့ သွားရောက်တာမှာ ရာသီဥတုကြောင့် စက်လှေပျက်ပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပင်လယ် ကမ်းခြေမှာ တွေ့ရှိခဲ့တဲ့ လှေစီး ဒုက္ခသည်တွေကို လက်ရှိမှာ မြန်မာအစိုးရဘက်က ငါးခူရ ပြန်လည် လက်ခံရေးစခန်းမှာ ခေါ်ထားပါတယ်။ လှေစီးဒုက္ခသည်စုစုပေါင်းဟာ ၁၀၄ ဦးရှိပြီး အမျိုးသား ၄၄ ဦးနဲ့အမျိုးသမီး ၆၀ ဦးတို့ ပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးပါဝင်ပြီး ကျန်တာတွေကတော့ မောင်တောဒေသတွင်းမှာ နေထိုင်ခဲ့ သူတွေ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လည်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်တွေ ပြည်လည်ဖြည့်စွက်ပေးရမယ့် ကိုယ်ရေး အချက် အလက် ပုံစံတွေကို တဖက်အာဏာပိုင်တွေဘက်က ဖြန့်ဝေပေးတာ မရှိခဲ့ဘူးလို့ ဒုက္ခသည်တွေက ဗွီအိုအေကို ပြောပြကြပါတယ်။ အသက် ၁၈ နှစ်အရွယ် လှေစီး ဒုက္ခသည် အမျိုးသမီး မရှယ်ဟေရာက အဲဒီစာရွက်စာတမ်းတွေ မရရှိခဲ့ကြောင်း စကားပြန်ကတဆင့် - ပြောပါတယ်။

အသက် ၄၀ အရွယ်အဒူလ်မားဒလာကလည်း အစိုးရလုပ်နေတဲ့ ပြန်လည်လက်ခံရေးပိုင်းကို တိကျစွာ သိရှိခဲ့ခြင်းမရှိဘူးလို့ (စကားပြန်ကတဆင့်) အခုလို ပြောပါတယ်။

"စာရွက်စာတမ်းတွေ ပေးတာမရှိပါဘူး။"

မေး။ ။ မြန်မာနိုင်ငံကနေထွက်သွားတဲ့လူတွေကို ပြန်လည် လက်ခံဖို့ စီစဉ်နေတာမျိုးကိုကော သိထားတာရှိလား။

ဖြေ။ ။ ကြားတဲ့လူကြားတယ်၊ မကြားတဲ့လူ မကြားဘူး။ သတင်းတွေဘာတွေမှာပဲ သူတို့က မြင်ရတယ်။

ငါးခူရ ပြန်လည် လက်ခံရေးစခန်းမှာ ကြီးကြပ် ဆောင်ရွက်နေသူ လူ/ကယ်ပြန်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က သူတို့ကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဗွီအိုအေကမေးမြန်းတာမှာသူက အခုလို ဖြေဆိုသွားပါတယ်။

"(ကျနော်တို့က) - လက်ခံရေးစခန်းကို ရောက်တယ်၊ လက်ခံရေးစခန်းကို ရောက်ပြီးတော့ မှ စိစစ်မှုတွေလုပ်မယ်။ စိစစ်မှုတွေလုပ်ပြီးတာနဲ့ ကြားစခန်း လှဖိုးခေါင်ကိုသွားမယ်။ လှဖိုးခေါင်ကနေ ထပ်မံပြီးတော့မှ သူတို့အတွက် လိုအပ်တာတွေယူပြီးတာနဲ့သက်ဆိုင်ရာ ရှေ့နေတွေ၊ အုပ်ချုပ်ရေးမှူးတွေ က နေပြီးတော့မှ လာခေါ်သွားမယ်။ လာခေါ်သွားတဲ့ အချိန်မှာ ကျနော်တို့က လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးလိုက်မယ်။ စားနပ် ရိက္ခာကော၊ အဝတ် အထည်ကော၊ အသုံးအဆောင်ပစ္စည်းတွေကော၊ စားအိုး စားခွက် တွေရော၊ kitchen set တွေကအစ ကျနော်တို့ပေးမှာ။ ...ငါးခူရစခန်းကို ရောက်ရောက် ချင်းတုန်းကတော့ လူတကိုယ်သုံးပစ္စည်းတွေ ပေးတယ်။"

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ၂ နှစ်အတွင်း နေရပ်ပြန်ရေးအတွက် အစီအစဉ် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘင်္ဂလား ဒေ့ရှ်-မြန်မာ ၂ နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ပေမယ့် သက်ဆိုင်ရာ နိုင်ငံဘက်က ဒုက္ခသည်တွေပြန်လည်လက်ခံရေး သေချာရှင်းမပြနိုင်တာကြောင့် ကြန့်ကြာနေရတယ်လို့ မြန်မာအစိုးရဘက်က ဆိုပါတယ်။

"ဒီမှာလာတဲ့ အခါတွေမှာ စောစောကလိုပုံစံမျိုးတွေပဲ ပြန်ဖြည့်ရတာပဲ။ ဘာမှ အခက်အခဲ မရှိဘူး။ အဓိက-ကတော့ စီမံခန့်ခွဲမှုစနစ်ပေါ့။ သူတို့ဘက်က နေပြီးတော့များဘယ်လို စီမံခန့်ခွဲမှုစနစ်တွေလုပ်နေလဲ ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူးလေ။"

ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောပြသွားတာပါ။

ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကတည်းက စတင် လက်ခံဖို့ တရားဝင် ကြေငြာခဲ့ပေမယ့် ခုချိန်ထိတရားဝင်မလာကြသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေရှ် ဒုက္ခသည်စခန်းကနေ ပြန်လည်ခိုးဝင်လာတဲ့ လူ ၆၂ ဦး ရှိခဲ့ပြီး ဒီလူတွေကို မြန်မာအစိုးရဘက်က လဝက ဥပဒေနဲ့ အရေးယူဖို့ မူလကလုပ်ခဲ့ ပေမယ့် လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး လက်ခံခဲ့ပါတယ်။ နေထိုင်ခဲ့တဲ့ ကျေးရွာတွေဆီ ပြန်လည် ပို့ပြီးနောက်မှာ ၁၀ယောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ အစိုးရ က ဆိုပါတယ်။

မြန်မာ အစိုးရ ပြောဆိုချက်ကတော့ ဘယ်လိုဘဲ ပြန်ရောက်လာတဲ့သူတွေဖြစ်ဖြစ်သူတို့ကို ပြန်လည်စိစစ်လက်ခံသွား ဖို့ လုပ်သွားမှာဖြစ်ပြီး သူတို့ကိုနိုင်ငံသား စိစစ်ခံမည့်သူတွေကို ထုတ်ပေးတဲ့ NV ကတ်တွေထုတ်ပေးထားတယ်လို့ ဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG