သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြေနရပ္မျပန္ခင္ ေဘးကင္းလုံျခံဳမႈရွိဖို႔လိုအပ္ (ကုလအရာရွိ)


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

[[Zawgyi/Unicode]]


ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျမန္မာႏိုင္ငံဘက္ ေနရပ္ျပန္ပို႔မယ္ဆိုရင္ သူ႔တို႔ရဲ႕ ေဘးကင္းလုံျခဳံမႈနဲ႔ အခြင့္အေရးကို အာမခံႏိုင္ဖို႔ လိုတဲ့အေၾကာင္း မေန႔က ဒုကၡသည္စခန္းေတြကို သြားေရာက္တဲ့ ကုလသမဂၢ အရာရွိေတြက ေျပာဆိုပါတယ္။

“ဒုကၡသည္ေတြရဲ႕လိုအပ္ခ်က္ေတြကို သိဖို႔၊ အနာဂတ္ဆုံးျဖတ္ခ်က္ေတြမွာ အေၾကာင္းၾကားႏိုင္ဖို႔ သိပ္ကိုအေရးႀကီးပါတယ္။ ဒါမွလည္း ေနရပ္ျပန္တဲ့အခါ လုံျခဳံမႈ ရွိတယ္-ဆိုတဲ့ အသိ သူတို႔ ရႏိုင္မွာပါ။ မွတ္တမ္းအေထာ္ကအထားေတြ ရပိုင္ခြင့္၊ ပညာေရးနဲ႔ လြတ္လြတ္လပ္လပ္ သြားလာခြင့္ စတဲ့ အခြင့္အေရးေတြ ရဖို႔နဲ႔ တိုင္းျပည္အတြင္းမွာ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳခံရဖို႔ေတြ လိုအပ္ပါတယ္”-လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး ဆက္သြယ္ေရးအရာရွိ Regina De La Portilla ေျပာသြားတာပါ။

Regina De La Portilla ဟာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔အတူ မေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့ပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးအစီအစဥ္ဟာ ဒီႏွစ္ကုန္ ဒီဇင္ဘာလေလာက္မွာ ျဖစ္ႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးအတြင္းဝန္ Masud Bin Momen က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေျပာဆိုပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ၂၀၁၇ ခုႏွစ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္လာခဲ့ၿပီး ၅ ႏွစ္ျပည့္တဲ့အခ်ိန္မွာ ေနရပ္ျပန္ပို႔ေရးျပန္စဖို႔ ေျပာဆိုတာကို The Daily Star သတင္းစာမွာ ေဖၚျပပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း Noeleen Heyzer နဲ႔ ေတြ႕ဆုံခဲ့တဲ့ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ ဒုကၡသည္ေတြေနရပ္ျပန္ပို႔ေရးနဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ႏွစ္ႏိုင္ငံအၾကား သေဘာတူထားတဲ့ ပုံစံအတိုင္း ဒုကၡသည္စာရင္းကို ေပးအပ္ျခင္းမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

႐ိုဟင္ဂ်ာဆိုၿပီး ေခၚေဝၚတာကို လုံးဝ လက္မခံႏိုင္တဲ့အေၾကာင္း ဒါေပမဲ့ ျမန္မာႏိုင္ငံအတြင္းမွာ ေနထိင္ခဲ့တဲ့ အေထာက္အထားျပႏိုင္မယ္ဆိုရင္ လက္ခံမယ့္အေၾကာင္း ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[Unicode]]

ရိုဟင်ဂျာတွေနေရပ်မပြန်ခင် ဘေးကင်းလုံခြုံမှုရှိဖို့လိုအပ် (ကုလအရာရှိ)


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ပို့မယ်ဆိုရင် သူ့တို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေးကို အာမခံနိုင်ဖို့ လိုတဲ့အကြောင်း မနေ့က ဒုက္ခသည်စခန်းတွေကို သွားရောက်တဲ့ ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုပါတယ်။

“ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကို သိဖို့၊ အနာဂတ်ဆုံးဖြတ်ချက်တွေမှာ အကြောင်းကြားနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒါမှလည်း နေရပ်ပြန်တဲ့အခါ လုံခြုံမှု ရှိတယ်-ဆိုတဲ့ အသိ သူတို့ ရနိုင်မှာပါ။ မှတ်တမ်းအထော်ကအထားတွေ ရပိုင်ခွင့်၊ ပညာရေးနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် စတဲ့ အခွင့်အရေးတွေ ရဖို့နဲ့ တိုင်းပြည်အတွင်းမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့တွေ လိုအပ်ပါတယ်”-လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ဆက်သွယ်ရေးအရာရှိ Regina De La Portilla ပြောသွားတာပါ။

Regina De La Portilla ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့အတူ မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ ဒီနှစ်ကုန် ဒီဇင်ဘာလလောက်မှာ ဖြစ်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Masud Bin Momen က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောဆိုပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်လာခဲ့ပြီး ၅ နှစ်ပြည့်တဲ့အချိန်မှာ နေရပ်ပြန်ပို့ရေးပြန်စဖို့ ပြောဆိုတာကို The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Noeleen Heyzer နဲ့ တွေ့ဆုံခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုပြီး ခေါ်ဝေါ်တာကို လုံးဝ လက်မခံနိုင်တဲ့အကြောင်း ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ နေထိင်ခဲ့တဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် လက်ခံမယ့်အကြောင်း ပြောဆိုပါတယ်။

XS
SM
MD
LG