သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အတိုင္ပင္ခံနဲ႔တပ္ခ်ဳပ္ မိန႔္ခြန္းေျပာ


ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အတိုင္ပင္ခံ မိန႔္ခြန္းေျပာေနစဥ္

(Zawgyi/Unicode)

ၿငိမ္းခ်မ္းေရးမရွိရင္ ေရရွည္တည္တန္႔တဲ့ ဖြံ႔ၿဖိဳးတုိးတက္မႈ မရွိႏိုင္ဘူးလို႔ ႏိုင္ငံေတာ္တိုင္ပင္ခံပုဂၢိဳလ္က ေျပာဆိုလိုက္ပါတယ္။ ဒီျပင္ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ ဘာသာေပါင္းစံုၾကား ဟန္ခ်က္ညီတဲ့ တရားမွ်တမႈ ရွိဖို႔ ႀကိဳးစားသြားဖို႔ တိုက္တြန္း သြားပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေတာ့ ဘာသာေရးကို ခုတံုး မလုပ္ၾကဖို႔နဲ႔ ဘယ္ဘာသာဝင္မဆို ျမန္မာႏိုင္ငံတြင္းေနထိုင္ၾကသူေတြအေနနဲ႔ ျမန္မာႏို္င္ငံအေပၚ သစၥာေစာင့္သိၾကဖို႔ တိုက္တြန္းသြားပါတယ္။ ေနျပည္ေတာ္မွာ လုပ္တဲ့ တတိယအႀကိမ္ေျမာက္ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရး အႀကံျပဳစကားဝိုင္းမွာ အခုလိုေျပာခဲ့ ၾကတာပါ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ေမခက ေပးပို႔ထားပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး တတိယအႀကိမ္ အႀကံျပဳ ေဆြးေႏြးပြဲမွာ ျမန္မာ အစိုးရ တာဝန္ရွိသူေတြနဲ႔ တပ္မေတာ္အရာရွိေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ဒီေဆြးေႏြးပြဲေတြကို ၂ ရက္တာ ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံက ၿငိမ္းခ်မ္းေရးရဖို႔ ဘာသာေပါင္းစံုၾကားဟန္ခ်က္ညီတဲ့ တရားမွ်တမႈ ရွိဖို႔ ႀကိဳးစားသြားဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးမရွိရင္ ဘာတိုးတက္မႈမွ မရႏိုင္တာကိုလည္း သတိထားဆင္ျခင္ဖို႔ တိုက္တြန္းခ့ဲပါတယ္။

"ၿငိမ္းခ်မ္းေရး မရွိရင္ ေရရွည္တည္တန္႔တဲ့ ဖြံ႔ၿဖိဳးတုိးတက္မႈဆုိတာ ရွိမွာ မဟုတ္သလုိ သဟဇာတ မွ်တမႈနဲ႔ တရားမွ်တမႈဆုိတာလည္း ရွိမွာ မဟုတ္ပါဘူး။ သဟဇာတ မွ်တမႈနဲ႔ တရားမွ်တမႈဆုိတဲ့ အခ်က္ေတြဟာ ဘာသာတရားေတြရဲ႕ အဓိက သြန္သင္ ေဟာၾကားမႈေတြ ျဖစ္ပါတယ္။ အဲဒီ သြန္သင္ ေဟာၾကားမႈေတြကုိ လုိက္နာသူေတြဟာ သဟဇာတ မွ်တမႈနဲ႔ တရားမွ်တမႈအေပၚ ထားရွိတဲ့ ယုံၾကည္ခ်က္ျခင္း တူညီၾကသလုိ ျမန္မာႏုိင္ငံအတြက္သာမကဘဲ တကမၻာလုံးအတြက္ ၿငိမ္းခ်မ္းေရးအတြက္ အခြင့္အလန္းေကာင္းေတြလည္း ျဖစ္ပါတယ္။"

ဒီကေန႔အခမ္းအနားကို ပထမဆံုးအႀကိမ္တက္လာတဲ့ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လိႈင္ကေတာ့ ဘာသာေရးကို အေျခခံၿပီး ခုတံုးလုပ္တာေတြ မလုပ္ၾကဖို႔ကို ေျပာဆိုသြားပါတယ္။

"မည္သည္႔ဘာသာကို ကိုးကြယ္ၾကသည္ျဖစ္ေစ။ က်ေနာ္တို႔အားလံုးဟာ ျမန္မာႏိုင္ငံသားျဖစ္ၾကတဲ့ အတြက္ ျမန္မာေတြသာျဖစ္ၿပီး ျမန္မာစိတ္ေမြးၿပီး ျမန္မာႏိုင္ငံအေပၚ သစၥာေစာင့္သိၾကရပါမယ္။ ယဥ္ေက်းမႈဓေလ့ထံုးစံေတြ ဘာသာေရးေတြေပၚမွာ မွီျငမ္းသြားရတာမ်ိဳး ရွိေကာင္းရွိမွာျဖစ္ေပမယ့္ မိမိ အယူအဆနဲ႔မိမိ ေဆာင္ရြက္တာမွာ ဘာသာေရးကိုခုတံုးလုပ္ၿပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆာင္ရြက္ သင့္ပါဘူး။ လံႈ႔ေဆာ္တာကိုလည္း အားမေပးသင့္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ ဒီကေန႔ က်ေနာ္တို႔ႏိုင္ငံ ဟာျပည္သူဆႏၵအတိုင္းဒီမိုကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနတာျဖစ္လို႔ က်ေနာ္တို႔လိုလား ခ်က္ကိုလက္နက္ကိုင္ေတာင္းေနလို႔ မျဖစ္ပါဘူး။ ၿငိမ္းခ်မ္းေရးလိုခ်င္တဲ့ စိတ္ရွိရင္ၿငိမ္းခ်မ္းေရးမရစရာ မရွိဘူးလို႔ ျမင္ပါတယ္။"

ကာကြယ္ေရးဦးစီးခ်ဳပ္က ဒီပြဲမွာ အပစ္မရပ္ေသးတဲ့ တိုင္းရင္းသားအဖြဲ႔ေတြအေနနဲ႔ ဥပေဒျပင္ပ အၾကမ္းဖက္လုပ္ရပ္ေတြကိုစြန္႔ၿပီး ျပည္သူေတြ မ်က္နွာၾကည္႔ၿငိမ္းခ်မ္းေရး လမ္းဆက္ေလွ်ာက္ဖို႔ ထပ္မံဖိတ္ေခၚေၾကာင္းကိုလည္း ေျပာဆိုခဲ့ပါတယ္။

ဒီပြဲကို ကုလသမဂၢ ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံတကာသံရံုးေတြက တာဝန္ရွိသူေတြ၊ ျပည္တြင္းျပည္ပ အရပ္ဘက္အဖြဲ႔ေတြ၊ တိုင္းရင္းသားကိုယ္စားလွယ္ေတြ ဘာသာေပါင္းစံုကေခါင္းေဆာင္ေတြ တက္ေရာက္ၾကပါတယ္။

ဘာသာေပါင္းစံုပါတဲ့ ၿငိမ္းခ်မ္းေမတၱာေဖာင္ေဒးရွင္းကို ၂၀၁၂ မွာစတင္ဖြဲ႔စည္းခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဘာသာေရးလူမ်ိဳးေရး အသြင္ေဆာင္တဲ့ ပဋိပကၡေတြျဖစ္ၿပီးေနာက္ပိူင္းမွာ ဒီလိုဘာသာေပါင္းစံုခ်စ္ၾကည္ေရးလႈပ္ရွားမႈေတြ လုပ္လာၿပီး အခုလို ေဆြးေႏြးပြဲေတြ လုပ္လာတာျဖစ္ပါတယ္။ ဒီလိုက်င္းပတာဟာ ဒီတႀကိမ္နဲ႔ဆို တတိယအႀကိမ္ ရွိၿပီျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတိုင်ပင်ခံနဲ့တပ်ချုပ် မိန့်ခွန်းပြော

ငြိမ်းချမ်းရေးမရှိရင် ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူးလို့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ ဒီပြင် ငြိမ်းချမ်းရေးရဖို့အတွက် ဘာသာပေါင်းစုံကြား ဟန်ချက်ညီတဲ့ တရားမျှတမှု ရှိဖို့ ကြိုးစားသွားဖို့ တိုက်တွန်း သွားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ဘာသာရေးကို ခုတုံး မလုပ်ကြဖို့နဲ့ ဘယ်ဘာသာဝင်မဆို မြန်မာနိုင်ငံတွင်းနေထိုင်ကြသူတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိကြဖို့ တိုက်တွန်းသွားပါတယ်။ နေပြည်တော်မှာ လုပ်တဲ့ တတိယအကြိမ်မြောက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အကြံပြုစကားဝိုင်းမှာ အခုလိုပြောခဲ့ ကြတာပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတတိယအကြိမ် အကြံပြု ဆွေးနွေးပွဲမှာ မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တပ်မတော်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲတွေကို ၂ ရက်တာ နေပြည်တော်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံက ငြိမ်းချမ်းရေးရဖို့ ဘာသာပေါင်းစုံကြားဟန်ချက်ညီတဲ့ တရားမျှတမှု ရှိဖို့ ကြိုးစားသွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဘာတိုးတက်မှုမှ မရနိုင်တာကိုလည်း သတိထားဆင်ခြင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

"ငြိမ်းချမ်းရေး မရှိရင် ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ရှိမှာ မဟုတ်သလို သဟဇာတ မျှတမှုနဲ့ တရားမျှတမှုဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ သဟဇာတ မျှတမှုနဲ့ တရားမျှတမှုဆိုတဲ့ အချက်တွေဟာ ဘာသာတရားတွေရဲ့ အဓိက သွန်သင် ဟောကြားမှုတွေ ဖြစ်ပါတယ်။ အဲဒီ သွန်သင် ဟောကြားမှုတွေကို လိုက်နာသူတွေဟာ သဟဇာတ မျှတမှုနဲ့ တရားမျှတမှုအပေါ် ထားရှိတဲ့ ယုံကြည်ချက်ခြင်း တူညီကြသလို မြန်မာနိုင်ငံအတွက်သာမကဘဲ တကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးအတွက် အခွင့်အလန်းကောင်းတွေလည်း ဖြစ်ပါတယ်။"

ဒီကနေ့အခမ်းအနားကို ပထမဆုံးအကြိမ်တက်လာတဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ဘာသာရေးကို အခြေခံပြီး ခုတုံးလုပ်တာတွေ မလုပ်ကြဖို့ကို ပြောဆိုသွားပါတယ်။

"မည်သည့်ဘာသာကို ကိုးကွယ်ကြသည်ဖြစ်စေ။ ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ကြတဲ့ အတွက် မြန်မာတွေသာဖြစ်ပြီး မြန်မာစိတ်မွေးပြီး မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိကြရပါမယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ဘာသာရေးတွေပေါ်မှာ မှီငြမ်းသွားရတာမျိုး ရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိ အယူအဆနဲ့မိမိ ဆောင်ရွက်တာမှာ ဘာသာရေးကိုခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက် သင့်ပါဘူး။ လှုံ့ဆော်တာကိုလည်း အားမပေးသင့်ပါဘူးလို့ ပြောချင်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံ ဟာပြည်သူဆန္ဒအတိုင်းဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာဖြစ်လို့ ကျနော်တို့လိုလား ချက်ကိုလက်နက်ကိုင်တောင်းနေလို့ မဖြစ်ပါဘူး။ ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ရှိရင်ငြိမ်းချမ်းရေးမရစရာ မရှိဘူးလို့ မြင်ပါတယ်။"

ကာကွယ်ရေးဦးစီးချုပ်က ဒီပွဲမှာ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဥပဒေပြင်ပ အကြမ်းဖက်လုပ်ရပ်တွေကိုစွန့်ပြီး ပြည်သူတွေ မျက်နှာကြည့်ငြိမ်းချမ်းရေး လမ်းဆက်လျှောက်ဖို့ ထပ်မံဖိတ်ခေါ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

ဒီပွဲကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ဘာသာပေါင်းစုံကခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဘာသာပေါင်းစုံပါတဲ့ ငြိမ်းချမ်းမေတ္တာဖောင်ဒေးရှင်းကို ၂၀၁၂ မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပြီးနောက်ပိူင်းမှာ ဒီလိုဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတွေ လုပ်လာပြီး အခုလို ဆွေးနွေးပွဲတွေ လုပ်လာတာဖြစ်ပါတယ်။ ဒီလိုကျင်းပတာဟာ ဒီတကြိမ်နဲ့ဆို တတိယအကြိမ် ရှိပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG