ျမန္မာစစ္ေကာင္စီအေနနဲ႔ ေလေၾကာင္းကေန တိုက္ခိုက္တာေတြ၊ မီး႐ိႈ႕ဖ်က္ဆီးတာေတြကို အ႐ွိန္အဟုန္နဲ႔ လုပ္ေဆာင္ခဲ့တာေၾကာင့္ ၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ေသဆုံးခဲ့တဲ့အေရအတြက္ဟာ ကမၻာမွာ အရပ္သားျပည္သူ ေသဆုံးမႈ ဒုတိယအေသအေပ်ာက္ အမ်ားဆုံးႏိုင္ငံ ျဖစ္ခဲ့ေၾကာင္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Dame Barbara Woodward က ေျပာၾကားလိုက္ပါတယ္။
စစ္အာဏာသိမ္း (၂) ႏွစ္ျပည့္ခ်ိန္မွာ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ အကူအညီေတြ ဆိုး႐ြားေနတာနဲ႔ ပတ္သက္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔အတူ ဒီသတင္းပတ္အတြင္း ႏိုင္ငံတကာကို ေျပာၾကားခဲ့တဲ့ ဗြီဒီယိုမိန္႔ခြန္းမွာ သံအမတ္ႀကီး Dame Barbara Woodward က အခုလို ေျပာသြားပါတယ္။
“စစ္တပ္က ေျမျပင္မွာ ေက်ာင္းေတြကို ဗုံးက်ဲ၊ ေက်း႐ြာေတြကို မီး႐ိႈ႕ဖ်က္ဆီးတာေတြ ျပဳလုပ္ေနပါတယ္။ ၂၀၂၂ ခုႏွစ္အတြင္းမွာဆိုရင္ ျမန္မာႏိုင္ငံဟာ ကမၻာေပၚမွာ အရပ္သားျပည္သူ ဒုတိယအေသအေပ်ာက္ အမ်ားဆုံးႏိုင္ငံျဖစ္ခဲ့ပါတယ္။”
ဒါအျပင္ လုံျခဳံေရးေကာင္စီရဲ႕ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ကို စစ္ေကာင္စီက လိုက္နာျခင္း႐ွိမ႐ွိ လာမယ့္ မတ္လမွာ သုံးသပ္မွာျဖစ္ၿပီး ေနာက္ထပ္ လိုအပ္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြလုပ္ဖို႔ အသင့္ျပင္ထားမယ္လို႔လည္း ၿဗိတိန္သံအမတ္ႀကီး Barbara Woodward က ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ျပည္သူေပါင္း ၁၇ သန္း ဟာ စာနာေထာက္ထားမႈအကူအညီေတြ လိုအပ္ေနေပမယ့္ စစ္တပ္က လူသားခ်င္းစာနာမႈ အေထာက္အပံ့ပစၥည္းေတြကို လိုအပ္တဲ့ သူေတြဆီ အေရာက္ပို႔ေဆာင္ေရး တားဆီးပိတ္ပင္ေနေၾကာင္းလည္း သံအမတ္ႀကီး Woodward က ဆိုပါတယ္။
ကုလသမဂၢလုံျခဳံေရးေကာင္စီမွာ ပထမဆုံး ျမန္မာအေရးဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ေရး ၿဗိတိန္က ဦးေဆာင္ႀကိဳးပမ္းၿပီး မူၾကမ္း တင္သြင္းခဲ့တာျဖစ္ပါတယ္။ လုံျခံဳေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ထဲမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြအားလုံးကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ပါဝင္ပါတယ္။ ဒီအခ်က္ေတြကို စစ္ေကာင္စီအေနနဲ႔ လိုက္နာမႈ႐ွိမ႐ွိ လာမယ့္ မတ္လမွာ လုံျခံဳေရးေကာင္စီမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က အစီရင္ခံရမွာ ျဖစ္ပါတယ္။
ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ျမန္မာႏိုင္ငံမွာ စစ္ေခါင္းေဆာင္ေတြကို အေရးယူႏိုင္ေရး၊ စစ္အာဏာ႐ွင္စနစ္ကေန လြတ္ေျမာက္ၿပီး စစ္မွန္တဲ့ ဒီမိုကေရစီစနစ္အသြင္ကူးေျပာင္းေရးအတြက္ ႏိုင္ငံတကာအသိုက္အဝန္းဆီက ထိေရာက္တဲ့ အေရးယူေဆာင္႐ြက္ခ်က္ေတြကို လိုအပ္ေနဆဲျဖစ္ေၾကာင္း ေဖေဖၚဝါရီလ (၂)ရက္ေန႔ က ထုတ္ျပန္တဲ့ ဗြီဒီယိုမိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။
==== Unicode ====
မြန်မာစစ်ကောင်စီအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့အရေအတွက်ဟာ ကမ္ဘာမှာ အရပ်သားပြည်သူ သေဆုံးမှု ဒုတိယအသေအပျောက် အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dame Barbara Woodward က ပြောကြားလိုက်ပါတယ်။
စစ်အာဏာသိမ်း (၂) နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ဒီသတင်းပတ်အတွင်း နိုင်ငံတကာကို ပြောကြားခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ သံအမတ်ကြီး Dame Barbara Woodward က အခုလို ပြောသွားပါတယ်။
“စစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကျဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ ဒုတိယအသေအပျောက် အများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။”
ဒါအပြင် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို စစ်ကောင်စီက လိုက်နာခြင်းရှိမရှိ လာမယ့် မတ်လမှာ သုံးသပ်မှာဖြစ်ပြီး နောက်ထပ် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ အသင့်ပြင်ထားမယ်လို့လည်း ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူပေါင်း ၁၇ သန်း ဟာ စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပေမယ့် စစ်တပ်က လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းတွေကို လိုအပ်တဲ့ သူတွေဆီ အရောက်ပို့ဆောင်ရေး တားဆီးပိတ်ပင်နေကြောင်းလည်း သံအမတ်ကြီး Woodward က ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံး မြန်မာအရေးဆုံးဖြတ်ချက် ချမှတ်နိုင်ရေး ဗြိတိန်က ဦးဆောင်ကြိုးပမ်းပြီး မူကြမ်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ပါဝင်ပါတယ်။ ဒီအချက်တွေကို စစ်ကောင်စီအနေနဲ့ လိုက်နာမှုရှိမရှိ လာမယ့် မတ်လမှာ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အစီရင်ခံရမှာ ဖြစ်ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး၊ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို လိုအပ်နေဆဲဖြစ်ကြောင်း ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က ထုတ်ပြန်တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။