ရီပတ်ဘလီကန် ပါတီညီလာခံ ပထမနေ့ကို အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်၊ Cleveland မြို့မှာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာ စတင်တာမှာ ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Donald Trump ကို ကန့်ကွက်သူတွေက သမ္မတ ကိုယ်စားလှယ် လောင်း ရွေးချယ်မှုကို မဲပြန်ခွဲဖို့ အတွက် တောင်းဆိုကြတာကြောင့် ညီလာခံ အစ ပထမနေ့မှာပဲ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ညီလာခံ ကျင်းပရာနေရာမှာ သတင်းယူဖို့ ရောက်ရှိ နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သား ကိုအောင်လွင်ဦးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
ဟုတ်ကဲ့။
ကိုအောင်လွင်ဦးရေ။ ဒီနေ့ ရီပတ်ဘလစ်ကန် ညီလာခံကြီးဟာ အမေရိကန် စံတော်ချိန် တနင်္လာနေ့မှာ စတင်တယ်။
ဒီကနေ သမ္မတအဖြစ် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူကို ရွေးခြယ် တင်မြှောက်ကြမယ်ပေါ့။ လောလောဆယ်ကတော့ ဒေါ်နယ် ထရမ့်က သမ္မတလောင်းဖြစ်ဖို့ ပြိုင်ဘက်မရှိ ရှိနေတယ်ပေါ့။ အခု ညီလာခံ စတင်ပြီဆိုတော့ ညီလာခံ ခန်းမထဲမှာ ဘယ်လို အနေအထားရှိသလဲ၊ ဘာတွေ ဖြစိနေသလဲ ဆိုတာလေး ပြောပြပေးပါ။
ကိုအောင်လွင်ဦး။ အခုကတော့ ညီလာခံ စစချင်း ဆိုသလိုပဲ ရုတ်ရုတ်သဲသဲ အခြေအနေလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တက်လာတဲ့ ကိုယ်စားလှယ် တွေက ပြောနေတာကတော့ ဒီရွေးခြယ်တဲ့ လုပ်ငန်းစဉ်နဲ့ပက်သက်လို့ ပြန်ပြီး မဲခွဲသင့်တယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့်လည်း တင်ပြတဲ့ ပြည်နယ်က အနည်းစု ဖြစ်တဲ့အတွက် ညီလာခံ ဥက္ကဌက ဒီအဆိုကို လက်မခံနိုင်ပဲနဲ့ ပယ်ချလိုက်တယ်။ ဒါပေမယ့်လည်း ဘာပဲ ဖြစ်ဖြစ် ပေါ့လေ။ စစချင်းမှာပဲ ရီပတ်ဘလစ်ကန် ပါတီရဲ့ အကွဲအပြဲတွေကို ပိုပြီး သိသိသာသာ တွေ့ရတယ်လို့ ပြောနိုင်ပါတယ်။
မေး။ တောင်းဆိုတယ်ဆိုတာက သူ့ကို မလိုလားတဲ့ အုပ်စုတွေက တောင်းဆိုတာ လား ခင်ဗျ။ ပြန်မဲခွဲဖို့က။
ကိုအောင်လွင်ဦး။ ဟုတ်ပါတယ်။ တောင်းဆိုတဲ့ အုပ်စုတွေက ဒေါ်နယ်ထရမ့်ကို သမ္မတ လောင်းဖြစ်လာမယ့် ကိစ္စကို သဘောမကျကြတဲ့ သူတွေ၊။ ဒီလုပ်ငန်းစဉ်ကို အစကနေ ပြန်ပြီး စကြဖို့ ဆိုတဲ့ အဆိုမျိုးကို တင်တာပေါ့လေ။
မေး။ ဒါကတော့ ညီလာခံ ခမ်းမထဲမှာ ဖြစ်နေတဲ့ အနေအထားတွေ ပေါ့လေ။ ကျွန်တော်တို့ ညီလာခံ မတိုင်ခင် ကတည်းက ကြားနေရတာက ဆန္ဒပြကြမယ်။ ကန့်ကွက်ကြမယ် ဆိုပြီး တော့ အသံတွေလည်း အမျိုးမျိုး ထွက်နေတယ် ပေါ့လေ။ အပြင်မှာလဲ သူ့ကို မလိုလားတဲ့ သူတွေက ဆန္ဒပြတာတွေကော ရှိပါသလား ။
ကိုအောင်လွင်ဦး။ ရှိတာပေါ့။ အခု ကျွန်တော်တို့ ဒီနေ့လည်ပိုင်း တစ်ချက် ထွက်တာတောင်မှ ထူးထူးခြားခြား တစ်ယောက်ကို တွေ့ပါသေးတယ်။ သူက မဲပေးတဲ့နေရာမှာ ဘုရားသခင်ရဲ့ စကားကို နားထောင်ပြီး ဒေါ်နယ်ထရမ့်ကို မဲမပေးပါနဲ့ ဆိုပြီး တိုက်တွန်းသွားတဲ့ တကိုယ်တော် ဆန္ဒပြတဲ့ သူတစ်ယောက်ပါ။ အဓိကက ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ ကာလတုန်းက ပြောတဲ့ စကားတွေကို လူတွေက မကြိုက်ကြတာပါ။ ဥပမာ နယ်စပ် လုံခြုံရေး တင်းကြပ်ဖို့ အတွက် ခြံစည်းရိုး ကာမယ်ဆိုတဲ့ ကိစ္စတွေ၊ လူမည်း အခွင့်အရေး လှုပ်ရှားတဲ့ သူတွေ၊ နောက်ပြီး ဒေါ်နယ်ထရမ့်က ပြောထားတဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေကို တင်းကြပ်ဖို့ ဆိုတာတွေကို မလိုလားတဲ့ သူတွေ၊ စသဖြင့် ပေါ့လေ ကန့်ကွက်တဲ့သူကတော့ အများကြီး ရှိတယ်။
မေး။ ဟုတ်ကဲ့ ခင်ဗျ။ တစ်ဖက်မှာလည်း သူ့ကို ထောက်ခံတဲ့ သူတွေလည်း အများကြီး ရှိလို့ ခုလို သမ္မတ ကိုယ်စားလှယ် လောင်း ဖြစ်တဲ့ အထိ ဖြစ်လာ တာပေါ့နော်။ သူ့ကို ထောက်ခံတဲ့ သူတွေကော တွေ့မိသလားဗျ။
ကိုအောင်လွင်ဦး။ တွေ့ပါတယ်။ ဒီနေ့ သူ့ကို ထောက်ခံတဲ့ ဆန္ဒပြပွဲ တစ်ပွဲကိုလည်း ရောက်သွားပါတယ်။ အကြမ်းဖက်ဝါဒ တွေ မြစ်ဖျားခံ တဲ့ နေရာတွေက လာတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုထဲ အ၀င်မခံပဲ ယာယီ ဆိုင်းငံ့ထားဖို့ တောင်းဆိုတာကို မျိုးချစ်စိတ် ရှိတာကို ပြရာ ရောက်တယ် ဆိုပြီးတော့ သူက ထရမ့်ကို ထောက်ခံ ပြီးတော့ ပြောသွားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ။ ဒီ ဆန္ဒပြပွဲမှာပဲ ဒီ တက္ကသိုလ် အမတ်လို ပုဂ္ဂိုလ်မျိုးတွေက အစ လာပြီး တက်ပြီးတော့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်နေတာကို တွေ့ရပါတယ်။
မေး။ ဟုတ်ကဲ့ ခင်ဗျ။ ဒီ Ohio ပြည်နယ်ဟာ ဆိုရင် Open carry လို့ခေါ်တဲ့ သေနတ်ကို သယ်ဆောင်ပြီး သွားလာခွင့်ရှိတဲ့ ပြည်နယ်ဖြစ်တော့ အဲဒီလိုမျိုးကော သေနတ်ကို ကိုင်ပြီး၊ အပြင်မှာ သွားလာနေကြတဲ့ သူတွေကော တွေ့မိ ကြားမိသလား ခင်ဗျ။
ကိုအောင်လွင်ဦး။ တွေ့တော့ မတွေ့မိဘူး ခင်ဗျ။ ဟုတ်ပါတယ်။ ဒီ ပြည်နယ်က သေနတ်ကို လွတ်လွတ်လပ်လပ်ကိုင်ဆောင်ခွင့် ရှိတယ်။ ဘာမှ သိုသိုသိပ်သိပ်နဲ့ ကိုင်ဆောင်စရာ မလိုဘူးဆိုပြီးတော့ ဖွင့်ပေးထားတဲ့ ပြည်နယ် လဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တော့ လူမြင်ကွင်းမှာ ပြောင်ပြောင် တင်းတင်း လူတွေအများ သိသာလောက်အောင် တွေ့ရတာမျိုးတော့ မရှိဘူး။ ဒါပေမယ့်လည်း ဒီနေ့ပဲ သတင်းအချို့ တက်လာတာ ရှိပါတယ်။ ဒီလို လူတစ်စုက လက်နက်တွေ ပြောင်ပြောင်တင်းတင်း ကိုင်ပြီး အုပ်စုလိုက်ကြီး လာတယ်ဆိုရင် တားလိုက် ဆီးလိုက်မယ် ဆိုတဲ့ သတင်းမျိုးလဲ ကြားရပါတယ်။
မေး။ ဒါကတော့ ညီလာခံ ခန်းမတွင်းနဲ့ အပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေပေါ့။ ညီလာခံ အတွင်းမှာကော ဘာတွေများ ပြောဆို ဆွေးနွေးကြမလဲ။ ဘယ်သူတွေက ဘာတွေများ ပြောကြမလဲ ခင်ဗျ။
ကိုအောင်လွင်ဦး။ ဒီနေ့ကတော့ ညီလာခံ အဖွင့်နေ့မှာ ဒေါ်နယ်ထရမ့်က ကိုယ်တိုင် စကားမပြောပေမယ့်၊ သူ့ဇနီး Melania Trump ကတော့ စကားပြောတဲ့ အထဲမှာ ပါမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီပတ်ဘလစ်ကန် ပါတီ ညီလာခံ တစ်ခုလုံးအနေနဲ့ ပြောမယ်ဆိုရင်တော့ ထင်ရှားတဲ့ တချို့လူတွေက ကိုယ်တိုင် စကားမပြောပတာမျိုး။ ဥပမာ ကိုယ်တိုင် အုပ်ချုပ်ရေးမှုးဖြစ်နေတဲ့ က သူကိုယ်တိုင် ဒီညီလာခံမှာ ကိုယ်တိုင် စကားမပြောဘူး ဆိုတာမျိုးတွေ ရှိနေပါတယ်။ ဆိုတော့ ဒီညီလာခံကတော့ တော်တော်လေး အကွဲအပြဲတွေနဲ့ တော်တော်လေး အကြိတ်အနယ် တွေ့ရမယ့် သဘော ရှိပါတယ်။