သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း ပြန်လည် ရုပ်သိမ်း


အမေရိကန်သမ္မတ Donald Trump နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan။ ( မတ်လ၊ ၂၀၁၇)

ရီပတ်ဘလစ်ကင်ပါတီက တင်သွင်းမယ့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကြမ်းအတွက် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာရတဲ့ နောက်ပိုင်းမှာတော့ သောကြာနေ့ မဲခွဲဆုံးဖြတ်ရမယ့် အချိန်မတိုင်ခင် ကလေးမှာပဲ ပြန်ပြီး ရုတ်သိမ်းဖို့ ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေကို သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို တင်သွင်းနိုင်ဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan က ဦးဆောင်လုပ်နေတာ ဖြစ်ပြီး အခုလို သောကြာနေ့ မှ ပြန်ပြောင်း ခဲ့ရတာဟာ သူ့အတွက်ရော သမ္မတ Trump အတွက်ပါ အကြီးအကျယ် ထိခိုက်စေတာပါ။

ဒီလအစောပိုင်းတုန်းကတော့ ရီပတ်ဘလစ်ကင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၁၈ မဲ ရအောင် သူ့အဖွဲ့က စုဆောင်းမှာ ဖြစ်ကြောင်းနဲ့ ဒီမဲတွေကို ရစေမယ်လို့ အာမခံကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌ Ryan က ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလို ဥပဒေမူကြမ်းကို ပြန်လည် ရုတ်သိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ မစ္စတာ Ryan က မရေရာတဲ့ အနာဂတ်အတွက် Obamacareနဲ့ပဲ ဆက်ပြီး သွားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Obamacare ဟာ နောင်မှာ မယုံနိုင်လောက်အောင် အာမခံကြေးတွေ မြင့်တက်လာပြီး လူထုအတွက် အကျိုးမရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ရီပတ်ဘလစ်ကင်ပါတီက ဝေဖန်ခဲ့ပြီး မထောက်ခံခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG