သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လူဦးရေ ၁၄ သန်း ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ဆုံးရှုံးဖွယ်ရှိ


Obamacare လို့ လူသိများတဲ့ အခကြေးငွေ သက်သာစွာကျန်းမာရေး ပြုစု စောင့်ရှောက်မှု ဥပဒေ ကို အစားထိုးဖို့ Republican ပါတီက အဆိုပြုထားတဲ့ အစီအစဉ်ကို လွှတ်တော်က အတည်ပြုလိုက်မယ်ဆိုရင် လာမယ့်နှစ်အတွင်း လူပေါင်း ၁၄ သန်းလောက် ကျန်းမာရေး စောင့်ရှောက်မှု ဆုံးရှုံးကြလိမ့်မယ်လို့ CBO ခေါ် လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်အသုံးစားရိတ် ရုံးက ပြောဆိုလိုက်ပါတယ်။

သမ္မတဟောင်း Barack Obama ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အလုံးစုံ ပြန်လည် ပြင်ဆင်မယ့် သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည် ဖော်တာမှာ ကျသင့်မယ့် ကုန်ကျစာရိတ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာ တစောင်ကို ပါတီစွဲကင်းတဲ့ လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်အသုံးစားရိတ် ရုံးက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ဈေးကြီးပြီး လူတွေကို ကျန်းမာရေး အာမခံ မဝယ်မနေရ စနစ်ဖြစ်တာကြောင့် မတရားဘူးလို့ သမ္မတ Trump နဲ့ Republican တွေက ပြောဆိုတာ ဖြစ်ပါတယ်။ Republican တို့ တင်သွင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို အတည်ပြုမယ်ဆိုရင်တော့ ၂၀၁၈ အရောက်မှာ ကျန်းမာရေး အာမခံ မရှိသူ ၁၄ သန်းကနေ ၄၁ သန်းလောက် အထိ မြင့်လာမယ်လို့လည်း CBO အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၂၆ ခုနှစ် အရောက်မှာ အာမခံ မရှိသူ ၅၂ သန်းထိ ဖြစ်လာနိုင်တယ်လို့ ထောက်ပြပြီး Obamacare ကိုသာ ဆက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အာမခံ မရှိသူ ထက်ဝက်လျော့ကျပြီး ၂၈ သန်းလောက်ဘဲ ရှိမှာလို့လည်း ဖော်ပြထားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ စတင်ခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေက အရင်က ကျန်းမာရေး အာမခံ မရှိသူ သန်း ၂၀ တို့ကို အာမခံတွေ ရရှိစေခဲ့တာပါ။

ဒါပေမယ့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အစီအစဉ်သစ်ဟာ ၂၀၁၇ နဲ့ ၂၀၂၆ ကြား ဗဟိုအစိုးရ လိုငွေပြမှုကို ဘီလီယံ ၃၃၇ ဒေါ်လာအထိ လျော့ချပေးနိုင်လိမ့်မယ်လို့ COB ရဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။

ကန် လူဦးရေ ၁၄ သန်း ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ဆုံးရှုံးဖွယ်ရှိ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG