သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ထိေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ခ်ဥ္းကပ္ပုံ ဘယ္လိုေျပာင္းၾကမလဲ


Myanmar ASEAN Summit

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚအစည္းအေဝးကို ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ အဲဒီအစည္းအေဝးမတိုင္မီ ရက္ေတြမွာေတာ့ ကခ်င္ျပည္နယ္၊ ဖားကန႔္အနီး အနန႔္ပါကို စစ္ေကာင္စီေလတပ္က ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့ သတင္းေတြလႊမ္းမိုးေနတာ ေတြ႔ရပါတယ္။ အဲဒီလို ဗုံးႀကဲတိုက္ခိုက္ခံရတဲ့အတြက္ ၆၂ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ရာနဲ႔ခ်ီ ဒဏ္ရာရခဲ့ၾကတယ္လို႔ သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။ ေသဆုံးသူေတြထဲမွာ KIA အရာရွိေတြနဲ႔ တပ္ဖြဲ႔ဝင္ေတြ၊ ကခ်င္အႏုပညာရွင္ေတြ၊ စီးပြါးေရးလုပ္ငန္းရွင္ေတြနဲ႔ ေဒသခံအရပ္သားေတြ ပါဝင္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က အင္းစိန္ေထာင္ ဗံုးေပါက္ကြဲမႈ၊ ကရင္ျပည္နယ္အတြင္း တိုက္ခိုက္မႈနဲ႔ ကခ်င္ျပည္နယ္အတြင္း ေလေၾကာင္းတိုက္ခိုက္မႈေတြကို ေဖၚျပၿပီး ဒီအၾကမ္းဖက္မႈေတြေၾကာင့္ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ေတြ အေကာင္အထည္ေဖၚေရးနဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ႀကိဳးပမ္းခ်က္ေတြအေပၚ ထိခိုက္ေစႏိုင္တဲ့အေၾကာင္း ေအာက္တိုဘာ ၂၅ ရက္ေန႔ထုတ္ျပန္ေၾကညာခ်က္ကို VOA က ေဖၚျပခဲ့ပါတယ္။

အကဲခတ္ေတြကေတာ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚအစည္းအေဝးမွာ အလုပ္မျဖစ္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျပန္လည္သုံးသပ္ၾကမယ့္အျပင္၊ အျခားေ႐ြးခ်ယ္စရာ နည္လမ္းေတြကို အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြးၾကလိမ့္မယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္လဲ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚအစည္းအေဝးက ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုထူးျခားခ်က္ေတြမ်ား ထြက္ေပၚလာပါသလဲလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရး ဒုဝန္ႀကီး ဦးမိုးေဇာ္ဦးကို ေမးေတာ့ အခုလိုေျပာပါတယ္။

"အာဆီယံအစည္းအေဝးရဲ႕ဆုံးျဖတ္ခ်က္ေတြ၊ ထုတ္ျပန္ခ်က္ေတြကို ေလ့လာၾကည့္တဲ့အခါ အခု ဒီအစည္းအေဝးက ေနာက္လမွာျပဳလုပ္မယ့္ အာဆီယံထိပ္သီးအစည္းအေဝးပြဲမွာ ျမန္မာနဲ႔ပတ္သက္ၿပီး ျပင္ဆင္တဲ့ အစည္းအေဝးလို႔ သိရတယ္။ အခ်က္ ၅ ခ်က္ပါတဲ့ ဘုံသေဘာတူညီခ်က္ေတြကိုပဲ ဆက္ၿပီးေတာ့ ကိုင္ဆြဲသြားမယ္။ ဒါေပမဲ့ ဒီသေဘာတူညီခ်က္ေတြကို အေကာင္အထည္ ေဖာ္တဲ့အခါမွာ ပိုၿပီးတိက်၊ ပိုၿပီးလက္ေတြ႔က်ၿပီးေတာ့ အခ်ိန္အကန႔္အသတ္လည္း ပါရွိတဲ့ အေကာင္အထည္ေဖာ္မႈေတြကို အေကာင္အထည္ ေဖာ္သြားမယ္ဆိုတာမ်ိဳး သိရပါတယ္။ အခ်က္ ၅ ခ်က္ပါတဲ့ ဘုံသေဘာတူညီခ်က္အတိုင္းပဲ ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ သုံးသပ္လို႔ ရပါတယ္”

ျမန္မာ့အေရးအာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးက အကဲခတ္ေတြ ေမွ်ာ္လင့္ထားသလို ဘာမွထူးထူးျခားျခား ထြက္ေပၚမလာခဲ့ပါ ဘူး။ အာဆီယံအဖြဲ႕ႀကီးရဲ႕သေဘာတူဆုံးျဖတ္ခ်က္ေတြဟာ Consensus လို႔ေခၚတဲ့ အဖြဲ႕ဝင္ႏိုင္ငံအားလုံး သေဘာတူညီမႈအေပၚ အေျခခံထားပါတယ္။ တစ္ႏိုင္ႏိုင္ငံက သေဘာမတူရင္၊ ကန႔္ကြက္ရင္ ဆုံးျဖတ္ခ်က္ခ်လို႔ မရပါဘူး။ ပါဝင္တဲ့ အဖြဲ႔ဝင္ႏိုင္ငံေတြကလည္း အကြဲကြဲအျပာျပားပါ။ ႏိုင္ငံေရးစနစ္၊ ဘာသာေရးနဲ႔ ယဥ္ေက်းမႈေတြလည္း မတူညီၾကပါဘူး။ ဒီေတာ့ ဆုံးျဖတ္ခ်က္တစ္ခုက်ဖို႔၊ တစ္နည္းအားျဖင့္ Consensus ရဖို႔အင္မတန္ခက္ပါတယ္။ ဒါေပမဲ့ ရွားရွားပါးပါး ျမန္မာ့အေရးမွာေတာ့ အဖြဲ႔ဝင္ႏိုင္ငံအားလုံး လက္ခံသေဘာတူ၊ Consensus ျဖစ္တဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ရရွိခဲ့ပါတယ္။ အဲဒီ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ရရွိခဲ့တဲ့၊ ထိပ္သီးအစည္းအေဝးကို ျမန္မာစစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္တက္ေရာက္ သေဘာတူညီခဲ့တာပါ။ အဲဒီလို စစ္ေကာင္စီေခါင္းေဆာင္ကိုယ္တိုင္ တက္သေဘာတူခဲ့ေပမဲ့ ဘုံသေဘာတူညီခ်က္ေတြကို ေလးစား လိုက္နာအေကာင္အထည္ မေဖာ္တဲ့အတြက္ အာဆီယံအဖြဲ႕ႀကီး အခက္ေတြ႔ေနတာပါ။ ဒါေၾကာင့္လဲ စင္ကာပူ ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာစစ္ေကာင္စီဟာ အာဆီယံရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ေလးစားမႈ မရွိဘူးလို႔ ၿပီးခဲ့တဲ့ ဩဂုတ္လက ေဝဖန္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဝန္ႀကီးကေတာ့ အာဆီယံရဲ႕ Consensus ပုံစံႀကီးကို မျဖစ္မေန ျပန္လည္သုံးသပ္ဖို႔လိုၿပီ။ဒါ့အျပင္ ျမန္မာ့အေရးဘုံသေဘာတူညီခ်က္ ၅ ခ်က္ကိုလည္း ပိုေကာင္းမြန္တဲ့ အစီအစဥ္တစ္ခုခုနဲ႔ အစားထိုးဖို႔လိုအပ္ေနၿပီလို႔ ေထာက္ျပေျပာဆိုခဲ့တာ ေတြ႔ရပါတယ္။

The Diplomatic Magazine ကေတာ့ အာဆီယံအေနနဲ႔ Consensus ခ်ဥ္းကပ္မႈကေနေျပာင္းလဲၿပီး ပိုမိုၾကားဝင္ေဆာင္႐ြက္ႏိုင္တဲ့ လမ္းေၾကာင္းကို လိုက္မလား။ ဒါမွမဟုတ္ ျမန္မာႏိုင္ငံကို အာဆီယံအဖြဲ႔ဝင္အျဖစ္က ရပ္ဆိုင္းတာမ်ိဳး လုပ္မလားဆိုတာဟာ အာဆီယံအတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာပါလိမ့္မယ္။ အာဆီယံအဖြဲ႔ထဲမွာကလည္း သေဘာထားေတြက အမ်ိဳးမ်ိဳးျဖစ္ေနတယ္လို႔ ဆိုပါတယ္။

အာဆီယံအေနနဲ႔ ျမန္မာ့အေရးကို ကိုင္တြယ္ေျဖရွင္းရာမွာ ပိုၿပီးထိေရာက္ေစဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အေနနဲ႔ ႏိုင္ငံေရးအရ ဦးေဆာင္လႈပ္ရွား (Proactive) တဲ့ အစီအစဥ္ေတြ ခ်မွတ္လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္လို႔ ေဝဖန္ေထာက္ျပၾကတာေတြလည္း ရွိပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ NUG ႏိုင္ငံျခားေရး ဒုဝန္ႀကီး ဦးမိုးေဇာ္ဦးက အခုလို ရွင္းျပပါတယ္။

"ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၇ ရက္ေန႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ကြၽန္ေတာ္တို႔ တက္ေရာက္ဖို႔ ႀကိဳးစားခဲ့တာ ရွိပါတယ္။ေနာက္ အာဆီယံနဲ႔ပတ္သက္ရင္ ကြၽန္ေတာ္တို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ အမ်ိဳးမ်ိဳးခ်ဥ္းကပ္ ေဆာင္႐ြက္ခဲ့တာေတြ ရွိပါတယ္။ အရင္က အာဆီယံ Chair ေရာ၊ လက္ရွိအာဆီယံ Chair ေရာ၊ ေရွ႕ႏွစ္အာဆီယံ Chair ျဖစ္လာမယ့္ ႏိုင္ငံေတြနဲ႔ေရာ ထိေတြ႔ၿပီး၊ ေျပာဆိုတာေတြ ရွိပါတယ္။ အာဆီယံထဲက ကြၽန္ေတာ္တို႔ မိတ္ေဆြႏိုင္ငံေတြနဲ႔လည္း ဆက္သြယ္ၿပီး ကြၽန္ေတာ္တို႔သေဘာထား၊ အေတြးအျမင္၊ သုံးသပ္ခ်က္ေတြကို သိေအာင္ႀကိဳးစားေဆာင္႐ြက္တာေတြ ရွိပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက ဘာလဲဆိုေတာ့ အာဆီယံနဲ႔ပတ္သက္တဲ့ သေဘာတူညီခ်က္ေတြ ထုတ္ျပန္ရတာ အခက္အခဲရွိပါတယ္။ အမ်ားအျမင္မွာေတာ့ အာဆီယံႏိုင္ငံေတြအေပၚမွာ က်ေနာ္တို႔ အားထုတ္မႈအားနည္းတဲ့ သေဘာမ်ိဳး ေဝဖန္တာေတြ ရွိပါတယ္။ အၿမဲတမ္း ကြၽန္ေတာ္တို႔အသံေတြ အာဆီယံႏိုင္ငံေတြေရာက္ေအာင္၊ အာဆီယံေခါင္းေဆာင္ေတြ ၾကားသိေအာင္ႀကိဳးစားေဆာင္႐ြက္ေနပါတယ္”

ျမန္မာ့အေရး ထိေရာက္စြာေျဖရွင္းႏိုင္ဖို႔ဆိုရင္ အာဆီယံအေနနဲ႔ ခ်ဥ္းကပ္ပုံေျပာင္းလဲသင့္ၿပီလို႔ ေဝဖန္ၾကပါတယ္။ ဘယ္လို ခ်ဥ္းကပ္ပုံ ေျပာင္းၾကမလဲ။ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews က ေတာ့ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ ျမန္မာအေပၚဖိအားေပးတာေတြဟာ ထိေရာက္မႈမရွိဘဲ၊ အေျခအေနေတြက အဆေပါင္းမ်ားစြာ ပိုဆိုးလာေနတဲ့အတြက္ ႏိုင္ငံတကာၫြန႔္ေပါင္းဖြဲ႔ၿပီး ဖိအားေပးဖို႔ လိုအပ္ေနၿပီ။ အဲဒီလို ႏိုင္ငံတကာၫြန႔္ေပါင္းဖြဲ႔ၿပီး ေဆာင္႐ြက္ႏိုင္ရင္ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီမွာ ဗီတိုသုံးပယ္ခ်တာေတြကို ေက်ာ္လႊားႏိုင္မွာ ျဖစ္ပါတယ္လို႔ VOA ကိုေျပာၾကားခဲ့တာ ေတြ႔ရေၾကာင္းပါ။

===== Unicode =====

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမတိုင်မီ ရက်တွေမှာတော့ ကချင်ပြည်နယ်၊ ဖားကန့်အနီး အနန့်ပါကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းတွေလွှမ်းမိုးနေတာ တွေ့ရပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ၆၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သေဆုံးသူတွေထဲမှာ KIA အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ကချင်အနုပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံအရပ်သားတွေ ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဖေါ်ပြပြီး ဒီအကြမ်းဖက်မှုတွေကြောင့် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းချက်တွေအပေါ် ထိခိုက်စေနိုင်တဲ့အကြောင်း အောက်တိုဘာ ၂၅ ရက်နေ့ထုတ်ပြန်ကြေညာချက်ကို VOA က ဖေါ်ပြခဲ့ပါတယ်။

အကဲခတ်တွေကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးမှာ အလုပ်မဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ကြမယ့်အပြင်၊ အခြားရွေးချယ်စရာ နည်လမ်းတွေကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထူးခြားချက်တွေများ ထွက်ပေါ်လာပါသလဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကို မေးတော့ အခုလိုပြောပါတယ်။

"အာဆီယံအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ အခု ဒီအစည်းအဝေးက နောက်လမှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့ အစည်းအဝေးလို့ သိရတယ်။ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်တွေကိုပဲ ဆက်ပြီးတော့ ကိုင်ဆွဲသွားမယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည် ဖော်တဲ့အခါမှာ ပိုပြီးတိကျ၊ ပိုပြီးလက်တွေ့ကျပြီးတော့ အချိန်အကန့်အသတ်လည်း ပါရှိတဲ့ အကောင်အထည်ဖော်မှုတွေကို အကောင်အထည် ဖော်သွားမယ်ဆိုတာမျိုး သိရပါတယ်။ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်အတိုင်းပဲ ပိုပြီးတော့ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သုံးသပ်လို့ ရပါတယ်”

မြန်မာ့အရေးအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အကဲခတ်တွေ မျှော်လင့်ထားသလို ဘာမှထူးထူးခြားခြား ထွက်ပေါ်မလာခဲ့ပါ ဘူး။ အာဆီယံအဖွဲ့ကြီးရဲ့သဘောတူဆုံးဖြတ်ချက်တွေဟာ Consensus လို့ခေါ်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှုအပေါ် အခြေခံထားပါတယ်။ တစ်နိုင်နိုင်ငံက သဘောမတူရင်၊ ကန့်ကွက်ရင် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း အကွဲကွဲအပြာပြားပါ။ နိုင်ငံရေးစနစ်၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေလည်း မတူညီကြပါဘူး။ ဒီတော့ ဆုံးဖြတ်ချက်တစ်ခုကျဖို့၊ တစ်နည်းအားဖြင့် Consensus ရဖို့အင်မတန်ခက်ပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါး မြန်မာ့အရေးမှာတော့ အဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံသဘောတူ၊ Consensus ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ အဲဒီ ဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့တဲ့၊ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် သဘောတူညီခဲ့တာပါ။ အဲဒီလို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်သဘောတူခဲ့ပေမဲ့ ဘုံသဘောတူညီချက်တွေကို လေးစား လိုက်နာအကောင်အထည် မဖော်တဲ့အတွက် အာဆီယံအဖွဲ့ကြီး အခက်တွေ့နေတာပါ။ ဒါကြောင့်လဲ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီဟာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လေးစားမှု မရှိဘူးလို့ ပြီးခဲ့တဲ့ ဩဂုတ်လက ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကတော့ အာဆီယံရဲ့ Consensus ပုံစံကြီးကို မဖြစ်မနေ ပြန်လည်သုံးသပ်ဖို့လိုပြီ။ဒါ့အပြင် မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ပိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခုခုနဲ့ အစားထိုးဖို့လိုအပ်နေပြီလို့ ထောက်ပြပြောဆိုခဲ့တာ တွေ့ရပါတယ်။

The Diplomatic Magazine ကတော့ အာဆီယံအနေနဲ့ Consensus ချဉ်းကပ်မှုကနေပြောင်းလဲပြီး ပိုမိုကြားဝင်ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းကို လိုက်မလား။ ဒါမှမဟုတ် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတာမျိုး လုပ်မလားဆိုတာဟာ အာဆီယံအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ အာဆီယံအဖွဲ့ထဲမှာကလည်း သဘောထားတွေက အမျိုးမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီးထိရောက်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နိုင်ငံရေးအရ ဦးဆောင်လှုပ်ရှား (Proactive) တဲ့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ထောက်ပြကြတာတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက အခုလို ရှင်းပြပါတယ်။

"ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျွန်တော်တို့ တက်ရောက်ဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။နောက် အာဆီယံနဲ့ပတ်သက်ရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမျိုးမျိုးချဉ်းကပ် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အရင်က အာဆီယံ Chair ရော၊ လက်ရှိအာဆီယံ Chair ရော၊ ရှေ့နှစ်အာဆီယံ Chair ဖြစ်လာမယ့် နိုင်ငံတွေနဲ့ရော ထိတွေ့ပြီး၊ ပြောဆိုတာတွေ ရှိပါတယ်။ အာဆီယံထဲက ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေနဲ့လည်း ဆက်သွယ်ပြီး ကျွန်တော်တို့သဘောထား၊ အတွေးအမြင်၊ သုံးသပ်ချက်တွေကို သိအောင်ကြိုးစားဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဘာလဲဆိုတော့ အာဆီယံနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ ထုတ်ပြန်ရတာ အခက်အခဲရှိပါတယ်။ အများအမြင်မှာတော့ အာဆီယံနိုင်ငံတွေအပေါ်မှာ ကျနော်တို့ အားထုတ်မှုအားနည်းတဲ့ သဘောမျိုး ဝေဖန်တာတွေ ရှိပါတယ်။ အမြဲတမ်း ကျွန်တော်တို့အသံတွေ အာဆီယံနိုင်ငံတွေရောက်အောင်၊ အာဆီယံခေါင်းဆောင်တွေ ကြားသိအောင်ကြိုးစားဆောင်ရွက်နေပါတယ်”

မြန်မာ့အရေး ထိရောက်စွာဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံအနေနဲ့ ချဉ်းကပ်ပုံပြောင်းလဲသင့်ပြီလို့ ဝေဖန်ကြပါတယ်။ ဘယ်လို ချဉ်းကပ်ပုံ ပြောင်းကြမလဲ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က တော့ နိုင်ငံတစ်နိုင်ငံချင်းစီ မြန်မာအပေါ်ဖိအားပေးတာတွေဟာ ထိရောက်မှုမရှိဘဲ၊ အခြေအနေတွေက အဆပေါင်းများစွာ ပိုဆိုးလာနေတဲ့အတွက် နိုင်ငံတကာညွန့်ပေါင်းဖွဲ့ပြီး ဖိအားပေးဖို့ လိုအပ်နေပြီ။ အဲဒီလို နိုင်ငံတကာညွန့်ပေါင်းဖွဲ့ပြီး ဆောင်ရွက်နိုင်ရင် မြန်မာ့အရေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဗီတိုသုံးပယ်ချတာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်လို့ VOA ကိုပြောကြားခဲ့တာ တွေ့ရကြောင်းပါ။

XS
SM
MD
LG