သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဗြိတိန်ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံး ပြည်ပခရီး


In this photo provided by Ukraine's Presidential Press Office, Ukrainian President Volodymyr Zelenskyy, right, shakes hands with British Prime Minister Rishi Sunak during their meeting in Kyiv, Ukraine, Nov. 19, 2022.
In this photo provided by Ukraine's Presidential Press Office, Ukrainian President Volodymyr Zelenskyy, right, shakes hands with British Prime Minister Rishi Sunak during their meeting in Kyiv, Ukraine, Nov. 19, 2022.

ဗြိတိန်ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံး ပြည်ပခရီး

{{Zawgyi/Unicode}}
ဗြိတိန်ဝန်ကြီးချုပ်သစ် Rishi Sunak ဟာ သူရဲ့ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် စနေနေ့က ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ရောက်ရှိနေပါတယ်။

"ဒီနှစ်ထဲမှာပဲ ပေါင်စတာလင် သန်းပေါင်း ၂ ထောင် ၃ ရာ တန်ဖိုးရှိတဲ့ စစ်ဖက်ဆိုင်ရာ အထောက်အပန့်တွေကို ယူကရိန်းကို ပေးခဲ့ပြီးပါပြီ။ ရှေ့နှစ်အတွက်လည်း အခုလိုပဲ ထပ်မံပြီး အကူအညီပေးသွားမှာပါလို့ ဗြီတိန်ဝန်ကြီးချုပ် က ပြောသွားတာပါ။

ဒါအပြင် သူအနေနဲ့လည်း အရင်ဝန်ကြီးချုပ်တွေလိုပဲ ယူကရိန်းနိုင်ငံ ကို ဆက်လက်ပြီး ထောက်ခံသွားမှာဖြစ်ကြောင်း နဲ့ ရုရှား Drone မောင်းသူမဲ့ လေယာဉ်တွေကို ပစ်ချဖို့အတွက် လေကြောင်းရန် ကာကွယ်ရေး လက်နက်အသစ်တွေကို ထောက်ပံ့ဖို ကတိပြုလိုက်ပါတယ်။ အဲဒီအထဲမှာ လေယာဉ်ပစ် စက်သေနတ် အလက် ၁၂ဝ ၊ ရေဒါနဲ့ Drone တိုက်ဖျက်ရေး အသုံးအဆောင်တွေ အပါအဝင် လေကြောင်း ကာကွယ်ရေးအတွက် အထောက်အပံ့အသစ်တွေပေးမယ်လို့ သူရဲ့ခရီးစဉ်အတွင်း ပြောပါတယ်။ တဆက်တည်းမှာပဲ ဗြိတိန်အနေနဲ့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း လေ့ကျင့်ရေးသင်တန်းတွေ ပိုမိုတိုးမြှင့်ပေးသွားမယ်လို့ သူက ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak အတူပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အိမ်ရှင် ယူကရိန်း သမ္မတ Zelenskiy က သူတို့နိုင်ငံအပေါ် ရုရှားက မစ်ဇိုင်းဒုံးကျည်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်မူကို ပြောပါတယ်။ အခုဆိုရင် မိမိတို့ ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေ တဝက်လောက်ဟာ ဖျက်ဆီးပြစ်တာ ခံရတယ်လို့ သူကပြောပါတယ်။ ရုရှားအနေနဲ့ လျှပ်စစ်ဓါတ်အားပေးရေးစနစ်တွေကိုသာမက ဓါတ်ငွေ့ဆိုင်ရာ အခြေခံအဆောက်အဦတွေကိုလည်း စတင်တိုက်ခိုက်နေတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

............................................


{{Zawgyi/Unicode}}




XS
SM
MD
LG