[[Zawgyi/Unicode]]
ဂ်ပန္၊ ၿဗိတိန္နဲ႔ အီတလီႏိုင္ငံတို႔ၾကား ေနာက္ဆုံးေပၚအဆင့္ျမင့္ ဂ်က္တိုက္ေလယာဥ္ေတြ ပူးေပါင္းတည္ေဆာက္ဖို႔သေဘာတူညီလိုက္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Rishi Sunak ကေျပာၾကားလိုက္ပါတယ္။
“အဆင့္ျမင့္တိုက္ေလယာဥ္နည္းပညာေတြရွိတဲ့ ႏိုင္ငံတခ်ိဳ႕ထဲမွာ ၿဗိတိန္ပါပါတယ္။ ဒီတိုက္ေလ ယာဥ္ေတြေၾကာင့္ ၿဗိတိန္ႏိုင္ငံက ရင္ဆိုင္ေနရတဲ့ ၿခိမ္းေျခာက္မႈသစ္ေတြကေန ကင္းေဝးေစမွာပါ။ ဒါ အလြန္အေရးႀကီးတဲ့အစီအစဥ္ျဖစ္ပါတယ္။ ၿဗိတိန္စီးပြါးေရးလုပ္ငန္းေတြမွာ ေဒၚလာဘီလီယံနဲ႔ခ်ီ ဝင္လာမယ့္အျပင္ ႏိုင္ငံတဝန္းမွာလည္း အလုပ္အကိုင္သစ္ေထာင္နဲ႔ခ်ီ ေပၚေပါက္လာမွာပါ” လို႔ ဝန္ႀကီးခ်ဳပ္ Sunak ကေျပာၾကားသြားတာပါ။
ဂ်ပန္ႏိုင္ငံအတြက္ေတာ့ အေမရိကန္ျပည္ေထာင္စုကလြဲရင္ ဒုတိယကမာၻစစ္ေနာက္ပိုင္း ကာကြယ္ေရးအရ ပထမဆုံး ႀကီးက်ယ္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈ ျဖစ္ပါလိမ့္မယ္။ Tempest လို႔လည္းသိၾကတဲ့ ၿဗိတိန္ႏိုင္ငံဦးေဆာင္တဲ့ Future Combat Air System စီမံကိန္းနဲ႔ ဂ်ပန္ႏိုင္ငံက F-X programme တို႔ေပါင္းၿပီး Global Combat Air ဆိုတဲ့ အစီအစဥ္နဲ႔ လုပ္သြားမယ္လို႔ ၃ ႏိုင္ငံပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ၂၀၃၀ ျပည့္ႏွစ္ပိုင္းေတြမွာ စတင္အသုံးျပဳႏိုင္မယ့္ အဆင့္ျမင့္ တိုက္ေလယာဥ္ေတြမွာ AI ဉာဏ္ရည္တုနည္းပညာေတြ ပါဝင္မွာျဖစ္ပါတယ္။
႐ုရွားတို႔က်ဴးေက်ာ္စစ္ဆင္ႏႊဲေနခ်ိန္နဲ႔ ဂ်ပန္နဲ႔တိုင္ဝမ္အနီး တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးလုပ္ လာေနခ်ိန္မွာပဲ ၃ ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး ခုလိုသေဘာတူညီမႈရခဲ့ၾကတာပါ။ ဒီသေဘာတူညီမႈေၾကာင့္ ဂ်ပန္ႏိုင္ငံအတြက္ေတာ့ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးအင္အားတိုးခ်ဲ႕မႈေတြအေပၚ တန္ျပန္ေဆာင္႐ြက္ေရးအားေကာင္းလာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻ႔စီးပြါးေရးဖြံ႔ၿဖိဳးတိုးတက္ ဖို႔ အဓိကတြန္းအားျဖစ္တဲ့ ေဒသတြင္းလုံၿခဳံေရး ၿဗိတိန္ႏိုင္ငံရဲ႕အခန္းက႑လည္း ပိုၿပီး ခိုင္မာအားေကာင္းလာေစမွာျဖစ္ပါတယ္။ NATO တပ္ဖြဲ႔ဝင္ႏိုင္ငံအားလုံးကို ကာကြယ္ဖို႔ ကတိျပဳေျပာဆိုထားတဲ့အေမရိကန္ႏိုင္ငံကလည္း ဂ်ပန္ႏိုင္ငံလုံၿခဳံေရးအတြက္ သီးျခားသေဘာတူညီမႈရယူထားတာျဖစ္သလို ဥေရာပနဲ႔ ဂ်ပန္ၾကား ခုလို သေဘာတူညီမႈရခဲ့တာကိုလည္း အေမရိကန္က ႀကိဳဆိုခဲ့ပါတယ္။
=======================
[[Unicode]]
ဗြိတိန်၊ အီတလီ၊ ဂျပန် ၃ နိုင်ငံပေါင်း အဆင့်မြင့်တိုက်လေယာဉ်ထုတ်မည်
ဂျပန်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတို့ကြား နောက်ဆုံးပေါ်အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ပူးပေါင်းတည်ဆောက်ဖို့သဘောတူညီလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကပြောကြားလိုက်ပါတယ်။
“အဆင့်မြင့်တိုက်လေယာဉ်နည်းပညာတွေရှိတဲ့ နိုင်ငံတချို့ထဲမှာ ဗြိတိန်ပါပါတယ်။ ဒီတိုက်လေ ယာဉ်တွေကြောင့် ဗြိတိန်နိုင်ငံက ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုသစ်တွေကနေ ကင်းဝေးစေမှာပါ။ ဒါ အလွန်အရေးကြီးတဲ့အစီအစဉ်ဖြစ်ပါတယ်။ ဗြိတိန်စီးပွါးရေးလုပ်ငန်းတွေမှာ ဒေါ်လာဘီလီယံနဲ့ချီ ဝင်လာမယ့်အပြင် နိုင်ငံတဝန်းမှာလည်း အလုပ်အကိုင်သစ်ထောင်နဲ့ချီ ပေါ်ပေါက်လာမှာပါ” လို့ ဝန်ကြီးချုပ် Sunak ကပြောကြားသွားတာပါ။
ဂျပန်နိုင်ငံအတွက်တော့ အမေရိကန်ပြည်ထောင်စုကလွဲရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေးအရ ပထမဆုံး ကြီးကျယ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါလိမ့်မယ်။ Tempest လို့လည်းသိကြတဲ့ ဗြိတိန်နိုင်ငံဦးဆောင်တဲ့ Future Combat Air System စီမံကိန်းနဲ့ ဂျပန်နိုင်ငံက F-X programme တို့ပေါင်းပြီး Global Combat Air ဆိုတဲ့ အစီအစဉ်နဲ့ လုပ်သွားမယ်လို့ ၃ နိုင်ငံပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၃၀ ပြည့်နှစ်ပိုင်းတွေမှာ စတင်အသုံးပြုနိုင်မယ့် အဆင့်မြင့် တိုက်လေယာဉ်တွေမှာ AI ဉာဏ်ရည်တုနည်းပညာတွေ ပါဝင်မှာဖြစ်ပါတယ်။
ရုရှားတို့ကျူးကျော်စစ်ဆင်နွှဲနေချိန်နဲ့ ဂျပန်နဲ့တိုင်ဝမ်အနီး တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ် လာနေချိန်မှာပဲ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခုလိုသဘောတူညီမှုရခဲ့ကြတာပါ။ ဒီသဘောတူညီမှုကြောင့် ဂျပန်နိုင်ငံအတွက်တော့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့စစ်ရေးအင်အားတိုးချဲ့မှုတွေအပေါ် တန်ပြန်ဆောင်ရွက်ရေးအားကောင်းလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွါးရေးဖွံ့ဖြိုးတိုးတက် ဖို့ အဓိကတွန်းအားဖြစ်တဲ့ ဒေသတွင်းလုံခြုံရေး ဗြိတိန်နိုင်ငံရဲ့အခန်းကဏ္ဍလည်း ပိုပြီး ခိုင်မာအားကောင်းလာစေမှာဖြစ်ပါတယ်။ NATO တပ်ဖွဲ့ဝင်နိုင်ငံအားလုံးကို ကာကွယ်ဖို့ ကတိပြုပြောဆိုထားတဲ့အမေရိကန်နိုင်ငံကလည်း ဂျပန်နိုင်ငံလုံခြုံရေးအတွက် သီးခြားသဘောတူညီမှုရယူထားတာဖြစ်သလို ဥရောပနဲ့ ဂျပန်ကြား ခုလို သဘောတူညီမှုရခဲ့တာကိုလည်း အမေရိကန်က ကြိုဆိုခဲ့ပါတယ်။
ဓာတ္ပံုျပခန္း