သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခံနေရ


 ရိုဟင်ဂျာတွေကို မြန်မာစစ်ကောင်စီက စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို မြန်မာစစ်ကောင်စီက စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ နေရာဒေသတော်တော်များများမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်သားသစ်အဖြစ် အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေတဲ့အကြောင်းနဲ့ ဒီလို ဖမ်းဆီးခေါ်ဆောင်တာဟာ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖေါက်တဲ့အပြင် လူကုန်ကူးမှု မြောက်တဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ တရားမဝင် အတင်းအကျပ် စစ်မှုထမ်းခေါ်ဆောင်တာတွေ ရပ်တန့်ဖို့လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဖမ်ဆီးခေါ်ဆောင်နေတဲ့အကြောင်း ဇူလိုင် ၂၆ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ဇူလိုင်လကြား မြန်မာစစ်ကောင်စီတပ်က အတင်းအကျပ် စစ်မှုထမ်းစေခဲ့တဲ့ ရိုဟင်ဂျာ ခြောက်ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ စခန်းတွေက ပြန်ပေးဆွဲ ခေါ်ဆောင်ခံခဲ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ အချုပ်ခန်းကို ပြောင်းရွေ့ ပို့ဆောင်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၄ ဦး အပါအဝင် ရိုဟင်ဂျာ ၂၃ ဦးကို Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာစစ်ကောင်စီ ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်နေမှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေဟာ အခုဆိုရင် သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားတာတွေအတွက် အဓိက တာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ် ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရတဲ့အကြောင်း Fortify Rights အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတဦးဖြစ်တဲ့ Ejaz Min Khant က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေပြီး စစ်ပွဲကြားမှာ မြေစာပင် ဖြစ်နေတဲ့အကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ စွပ်စွဲချက်တွေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထွက်ပေါ်ခဲ့ပါတယ်။ AA အာရက္ခတပ်တော်ဘက်ကတော့ သူတို့အဖွဲ့အနေနဲ့ ရိုဟင်ဂျာတွေကို တပ်သားသစ်အဖြစ် စုဆောင်းတာမျိုး မရှိကြောင်း ငြင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခံနေရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG