[[Zawgyi/Unicode]]
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္တြင္းက ပင္လယ္ကမ္းေျခမွာ အိဒ္ပြဲေတာ္သြားေရာက္ ဆင္ႏႊဲတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၄၅၀ ေက်ာ္ ဘဂၤလားေဒ့ရွ္ရဲေတြက ဗုဒၶဟူးေန႔က ဖမ္းဆီးထိန္းသိမ္းလိုက္ပါတယ္။ အခုလို ရာခ်ီ ထိန္းသိမ္းခံထားရတဲ့႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဒုကၡသည္ မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံးတာဝန္ခံေတြနဲ႔ ဒုကၡသည္စခန္းတာဝန္ရွိသူေတြက ထိန္းသိမ္းထားတဲ့စခန္းကေန သြားျပန္ေခၚထုတ္ခဲ့ၾကရပါတယ္။ ႏွစ္ရွည္လမ်ား အျပင္ထြက္ခြင့္ပိတ္ေလွာင္ခံထားရတဲ့ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္ေတြဟာ အခုလို ဘာသာေရးပြဲေတာ္ အထိမ္းအမွတ္ေန႔ေတြမွာ လြတ္လပ္စြာေပ်ာ္႐ႊင္လိုတဲ့အတြက္ ရတဲ့နည္းလမ္းေတြနဲ႔ ေခတၱခဏ ထြက္ခြာၾကတာသာျဖစ္တယ္လို႔လည္း ႐ိုဟင္ဂ်ာဒုကၡသည္တဦးကေျပာပါတယ္။ မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။
အစၥလာမ္ဘာသာဝင္ေတြ အထြဋ္အျမတ္ထားရာ ရမ္မန္ဒမ္ဥပုသ္လရာသီကုန္ဆုံးတဲ့ အထိမ္းအမွတ္ အိဒ္ဘာသာေရးပြဲေတာ္အခ်ိန္အခါမွာ သိန္းခ်ီခိုလႈံေနထိုင္ရာ ႐ိုဟင္ဂ်ာမူဆလင္ေတြအမ်ားစုေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးက ဒုကၡသည္တခ်ိဳ႕ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသထဲက ပင္လယ္ကမ္းေျခတခုဆီ သြားေရာက္ဆင္ႏႊဲေပ်ာ္ၾကတဲ့အခ်ိန္ ရာနဲ႔ခ်ီတဲ့႐ိုဟင္ဂ်ာေတြ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရပါတယ္။ အိဒ္ပြဲေတာ္ကာလက်င္းပေနတဲ့ ဒုတိယေန႔မွာပဲ ပင္လယ္ကမ္းေျခမွာ အိဒ္ပြဲေတာ္လာဆင္ႏႊဲတဲ့ ႐ိုဟင္ဂ်ာ ၄၅၀ ေက်ာ္ကို ဗုဒၶဟူးညက ေကာ့ဇ္ဘဇားေဒသထဲကၿမိဳ႕ ဝင္ေရာက္စစ္ေဆးခ်ိန္ ဖမ္းဆီးထိန္းသိမ္းလိုက္တယ္ လို႔ ဘဂၤလားေဒ့ရွ္ရဲ ေျပာခြင့္ရ Rafiqul Islam က ဒီကေန႔ ၾကာသပေတးေန႔မွာ AFP သတင္းဌာနကို ေျပာပါတယ္။ အိဒ္ပြဲေတာ္ကာလ ေကာ့ဇ္ဘဇားကို ခရီးသြား သန္းခ်ီ လာေရာက္လည္ပတ္ေနခ်ိန္ လုံၿခဳံေရးစည္းမ်ဥ္းစည္းကမ္းေတြ တိုးျမႇင့္ခ်ထားၿပီး စစ္ေဆးေနခိုက္ အခုလိုဖမ္းဆီးရမိတာလို႔လည္း ဘဂၤလားေဒ့ရွ္ရဲလုံၿခဳံေရးေတြကေျပာပါတယ္။
တကယ္ေတာ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ လုံၿခဳံေရးစစ္ေဆးေရးဂိတ္ေတြနဲ႔ အဆင့္ဆင့္ပိတ္ဆို႔တားဆီးထားတဲ့ သူတို႔ခိုလႈံေနထိုင္တဲ့ ဒုကၡသည္စခန္းေတြကေန တရားဝင္ ထြက္ခြာခြင့္မရွိပါဘူး။ ဒီလိုလုံျခဳေရးတင္းက်ပ္တဲ့ ဒုကၡသည္စခန္းေတြထဲကေန ႐ိုဟင္ဂ်ာရာနဲ႔ခ်ီ ပင္လယ္ကမ္းေျခဘက္ ဘယ္လိုသြားေရာက္ဆင္ႏႊဲခဲ့ၾကသလဲ- ဘယ္လိုဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါသလဲဆိုတာကို ကုတုပေလာင္ဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ဦးေအာင္ၿမိဳင္က ဗြီအိုေအျမန္မာပိုင္းကို အခုလိုေျပာျပပါတယ္။
“စခန္းအသီးသီးကပါတယ္လို႔ က်ေနာ္တို႔သိရတယ္။ သူ႔နည္းသူဟန္နဲ႔ထြက္သြားၾကတာေပါ့ေနာ္။ အရင္ဆိုရင္ စစ္ေဆးေရးဂိတ္ရွိတယ္။ အခုက အိဒ္ပြဲေတာ္ေန႔ဆိုေတာ့ စစ္ေဆးေရးဂိတ္မွာလည္း လူက သိပ္မရွိဘူး။ အဲ့ဒီ့ေကာ့ဇ္ဘဇားကမ္းေျခမွာ ဒုကၡသည္စခန္းအသီးသီးကေန ကေလးေလးေတြေရာ၊ အေမေတြေရာ၊ အမ်ိဳးသားေတြေရာ သူတို႔သြားၿပီးေတာ့ ကမ္းေျခေနရာအသီးသီးမွာ သြားလည္ေနၾကတာေပါ့ေနာ္။ အဲ့ဒီ့မွာတင္ ေကာ့ဇ္ဘဇားရဲကေန သူတို႔ကို ဖမ္းဆီးထိန္းသိမ္းၿပီးေတာ့ ကုတုပေလာင္မွာ Transit Center ဆိုတာရွိတယ္။ အဲ့ဒီ့ကိုပို႔ေပးလိုက္တာေပါ့ေနာ္။ အဲ့ဒီ့ကေနတဆင့္ သူတို႔ကို စခန္းတာဝန္ခံေတြကေနေပါ့ေနာ္ Camp In charge ေတြေပါ့ သူတို႔ကေန တဆင့္ လႊတ္ေပးေနၿပီလို႔သိရပါတယ္။”
အခုဆိုရင္ေတာ့ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို UNHCR ဒုကၡသည္ မ်ားဆိုင္ရာ ကုလမဟာမင္းႀကီး႐ုံးနဲ႔ စခန္းတာဝန္ရွိသူေတြက သူတို႔ကို ခ်ဳပ္ေႏွာင္ထားတဲ့ စခန္းေတြကေန ဘတ္စ္ကားေတြနဲ႔သြားေရာက္ေခၚေဆာင္ေနတယ္လို႔လည္း ဦးေအာင္ၿမိဳင္က ေျပာျပပါတယ္။
လူဦးေရ တသန္းနီးပါး ခိုလႈံေနထိုင္ရာ လူေနထူထပ္လြန္းလွတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းက ဒုကၡသည္စခန္းေတြထဲမွာပဲ ႏွစ္နဲ႔ခ်ီ ပိတ္ေလွာင္ခံထားရသလိုျဖစ္ေနၿပီး ပညာေရး၊ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ ေပ်ာ္႐ႊင္လြတ္လပ္မႈဆိုတာ မရွိသေလာက္ရွားပါးလြန္းတာမို႔ အခုလို အစၥလာမ္ဘာသာဝင္ေတြ အထြဋ္အျမတ္ထားရာ အိဒ္ပြဲေတာ္ကာလမွာ ရတဲ့နည္းလမ္းေတြနဲ႔ ကေလးငယ္ေတြအပါအဝင္ မိသားစုဝင္ေတြ လူငယ္ေတြက အနီးဝန္းက်င္က ပင္လယ္ကမ္းေျခဆီ သြားေရာက္ခဲ့ၾကတာျဖစ္တယ္လို႔လည္း ဦးေအာင္ၿမိဳင္က ရွင္းျပပါတယ္။
“တေနရာတည္းမွာပဲ တၿပဳံႀကီးေနရတာ။ လူဦးေရကလည္း အရမ္းထူထပ္လြန္းတဲ့အခါက်ေတာ့ လူေတြမွာ သြားစရာ လာစရာ မလြတ္လပ္ဘူးေပါ့ေနာ္။ ၿပီးေတာ့ အလုပ္အကိုင္အခြင့္ အလမ္း ပညာသင္ယူခြင့္လည္း မရွိဘူး။ အဲ့လို မလြတ္လပ္ေတာ့ ပြဲေန႔ေတြ ပြဲေတာ္ဆိုရင္ လူငယ္ေတြက ေပ်ာ္ေပ်ာ္ပါးပါးေနခ်င္တာေပါ့။ ဒီမွာေနရတာက ရာသီဥတုကလည္း ပူျပင္း၊ ဒုကၡသည္စခန္းေတြထဲက တဲေလးေတြမွာ ပလက္စတစ္အမိုးအကာေအာက္မွာ ပူပူေလာင္ေလာင္ျဖစ္ေနေတာ့ ပြဲေတာ္ေန႔ဆိုေတာ့ ေပ်ာ္ေပ်ာ္ပါးပါး လည္ပတ္ခ်င္ၾကတာေပါ့ေနာ္။”
ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့လေတြက ႐ိုဟင္ဂ်ာစခန္းထဲက ဘာသာေရးစာသင္ေက်ာင္းတခ်ိဳ႕နဲ႔ ေဈးဆိုင္ခန္းတခ်ိဳ႕အပါအဝင္ အေဆာက္အဦး ၃,၀၀၀ ကို ဘူဒိုဇာေျမထိုးစက္ေတြ သုံးၿပီး ၿဖိဳခ်ဖ်က္ဆီးခဲ့ပါေသးတယ္။ အခုလိုေနထိုင္ခိုလႈံရာစခန္းေတြထဲမွာ အခက္အခဲမ်ိဳးစုံနဲ႔ရင္ဆိုင္ေနၾကရေပမဲ့ သူတို႔ရဲ႕ေနရပ္ရင္းျမန္မာႏိုင္ငံကို ျပန္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ကေတာ့ နည္းပါးေနပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ လက္ရွိစစ္အာဏာသိမ္းခံထားရဆဲ ျမန္မာႏိုင္ငံဘက္မွာလည္း ဒုကၡသည္ေတြကို ျပန္လည္လက္ခံႏိုင္ေရးအစီအစဥ္ေတြကလည္း ေႏွာင့္ေႏွးေနဆဲျဖစ္ပါတယ္။
===========
[[Unicode]]
ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲဆင်နွှဲသူ ရိုဟင်ဂျာ ၄၅၀ ကျော်ဖမ်းဆီးခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်တွင်းက ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲတော်သွားရောက် ဆင်နွှဲတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၅၀ ကျော် ဘင်္ဂလားဒေ့ရှ်ရဲတွေက ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အခုလို ရာချီ ထိန်းသိမ်းခံထားရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတာဝန်ခံတွေနဲ့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ထိန်းသိမ်းထားတဲ့စခန်းကနေ သွားပြန်ခေါ်ထုတ်ခဲ့ကြရပါတယ်။ နှစ်ရှည်လများ အပြင်ထွက်ခွင့်ပိတ်လှောင်ခံထားရတဲ့ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေဟာ အခုလို ဘာသာရေးပွဲတော် အထိမ်းအမှတ်နေ့တွေမှာ လွတ်လပ်စွာပျော်ရွှင်လိုတဲ့အတွက် ရတဲ့နည်းလမ်းတွေနဲ့ ခေတ္တခဏ ထွက်ခွာကြတာသာဖြစ်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦးကပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ရမ်မန်ဒမ်ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် အိဒ်ဘာသာရေးပွဲတော်အချိန်အခါမှာ သိန်းချီခိုလှုံနေထိုင်ရာ ရိုဟင်ဂျာမူဆလင်တွေအများစုနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသထဲက ပင်လယ်ကမ်းခြေတခုဆီ သွားရောက်ဆင်နွှဲပျော်ကြတဲ့အချိန် ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ အိဒ်ပွဲတော်ကာလကျင်းပနေတဲ့ ဒုတိယနေ့မှာပဲ ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲတော်လာဆင်နွှဲတဲ့ ရိုဟင်ဂျာ ၄၅၀ ကျော်ကို ဗုဒ္ဓဟူးညက ကော့ဇ်ဘဇားဒေသထဲကမြို့ ဝင်ရောက်စစ်ဆေးချိန် ဖမ်းဆီးထိန်းသိမ်းလိုက်တယ် လို့ ဘင်္ဂလားဒေ့ရှ်ရဲ ပြောခွင့်ရ Rafiqul Islam က ဒီကနေ့ ကြာသပတေးနေ့မှာ AFP သတင်းဌာနကို ပြောပါတယ်။ အိဒ်ပွဲတော်ကာလ ကော့ဇ်ဘဇားကို ခရီးသွား သန်းချီ လာရောက်လည်ပတ်နေချိန် လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေ တိုးမြှင့်ချထားပြီး စစ်ဆေးနေခိုက် အခုလိုဖမ်းဆီးရမိတာလို့လည်း ဘင်္ဂလားဒေ့ရှ်ရဲလုံခြုံရေးတွေကပြောပါတယ်။
တကယ်တော့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေနဲ့ အဆင့်ဆင့်ပိတ်ဆို့တားဆီးထားတဲ့ သူတို့ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကနေ တရားဝင် ထွက်ခွာခွင့်မရှိပါဘူး။ ဒီလိုလုံခြုရေးတင်းကျပ်တဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ရိုဟင်ဂျာရာနဲ့ချီ ပင်လယ်ကမ်းခြေဘက် ဘယ်လိုသွားရောက်ဆင်နွှဲခဲ့ကြသလဲ- ဘယ်လိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသလဲဆိုတာကို ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအောင်မြိုင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။
“စခန်းအသီးသီးကပါတယ်လို့ ကျနော်တို့သိရတယ်။ သူ့နည်းသူဟန်နဲ့ထွက်သွားကြတာပေါ့နော်။ အရင်ဆိုရင် စစ်ဆေးရေးဂိတ်ရှိတယ်။ အခုက အိဒ်ပွဲတော်နေ့ဆိုတော့ စစ်ဆေးရေးဂိတ်မှာလည်း လူက သိပ်မရှိဘူး။ အဲ့ဒီ့ကော့ဇ်ဘဇားကမ်းခြေမှာ ဒုက္ခသည်စခန်းအသီးသီးကနေ ကလေးလေးတွေရော၊ အမေတွေရော၊ အမျိုးသားတွေရော သူတို့သွားပြီးတော့ ကမ်းခြေနေရာအသီးသီးမှာ သွားလည်နေကြတာပေါ့နော်။ အဲ့ဒီ့မှာတင် ကော့ဇ်ဘဇားရဲကနေ သူတို့ကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ ကုတုပလောင်မှာTransit Center ဆိုတာရှိတယ်။ အဲ့ဒီ့ကိုပို့ပေးလိုက်တာပေါ့နော်။ အဲ့ဒီ့ကနေတဆင့် သူတို့ကို စခန်းတာဝန်ခံတွေကနေပေါ့နော် Camp In charge တွေပေါ့ သူတို့ကနေ တဆင့် လွှတ်ပေးနေပြီလို့သိရပါတယ်။”
အခုဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR ဒုက္ခသည် များဆိုင်ရာ ကုလမဟာမင်းကြီးရုံးနဲ့ စခန်းတာဝန်ရှိသူတွေက သူတို့ကို ချုပ်နှောင်ထားတဲ့ စခန်းတွေကနေ ဘတ်စ်ကားတွေနဲ့သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း ဦးအောင်မြိုင်က ပြောပြပါတယ်။
လူဦးရေ တသန်းနီးပါး ခိုလှုံနေထိုင်ရာ လူနေထူထပ်လွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာပဲ နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလိုဖြစ်နေပြီး ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပျော်ရွှင်လွတ်လပ်မှုဆိုတာ မရှိသလောက်ရှားပါးလွန်းတာမို့ အခုလို အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ အိဒ်ပွဲတော်ကာလမှာ ရတဲ့နည်းလမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် မိသားစုဝင်တွေ လူငယ်တွေက အနီးဝန်းကျင်က ပင်လယ်ကမ်းခြေဆီ သွားရောက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဦးအောင်မြိုင်က ရှင်းပြပါတယ်။
“တနေရာတည်းမှာပဲ တပြုံကြီးနေရတာ။ လူဦးရေကလည်း အရမ်းထူထပ်လွန်းတဲ့အခါကျတော့ လူတွေမှာ သွားစရာ လာစရာ မလွတ်လပ်ဘူးပေါ့နော်။ ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်း ပညာသင်ယူခွင့်လည်း မရှိဘူး။ အဲ့လို မလွတ်လပ်တော့ ပွဲနေ့တွေ ပွဲတော်ဆိုရင် လူငယ်တွေက ပျော်ပျော်ပါးပါးနေချင်တာပေါ့။ ဒီမှာနေရတာက ရာသီဥတုကလည်း ပူပြင်း၊ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေမှာ ပလက်စတစ်အမိုးအကာအောက်မှာ ပူပူလောင်လောင်ဖြစ်နေတော့ ပွဲတော်နေ့ဆိုတော့ ပျော်ပျော်ပါးပါး လည်ပတ်ချင်ကြတာပေါ့နော်။”
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာစခန်းထဲက ဘာသာရေးစာသင်ကျောင်းတချို့နဲ့ ဈေးဆိုင်ခန်းတချို့အပါအဝင် အဆောက်အဦး ၃,၀၀၀ ကို ဘူဒိုဇာမြေထိုးစက်တွေ သုံးပြီး ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။ အခုလိုနေထိုင်ခိုလှုံရာစခန်းတွေထဲမှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပေမဲ့ သူတို့ရဲ့နေရပ်ရင်းမြန်မာနိုင်ငံကို ပြန်နိုင်ရေး မျှော်လင့်ချက်ကတော့ နည်းပါးနေပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ လက်ရှိစစ်အာဏာသိမ်းခံထားရဆဲ မြန်မာနိုင်ငံဘက်မှာလည်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံနိုင်ရေးအစီအစဉ်တွေကလည်း နှောင့်နှေးနေဆဲဖြစ်ပါတယ်။
===========