သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhasan Char ကြၽန္းကထြက္ေျပးတဲ့ ႐ိုဟင္ဂ်ာတခ်ိဳ႕ ေလွေမွာက္ေပ်ာက္ဆုံး


ဘာဆန္ ခ်ာကၽြန္း

Zawgyi/Unicode

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Bhasan Char ကြၽန္းေပၚကေန ထြက္ေျပးဖို႔ႀကိဳးစားရင္း ဘဂၤလားပင္လယ္ေအာ္အတြင္း သူတို႔စီးလာတဲ့ေလွ ေမွာက္သြားတာေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ ၂ ဒါဇင္ထက္မနည္း ေပ်ာက္ဆုံးေနေၾကာင္း ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ဒီကေန႔ ေျပာတာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအပါအဝင္ အမ်ားအျပား ေရနစ္ေသဆုံးသြားၾကတယ္ဆိုတဲ့သတင္းအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ေသဆုံးသူအေရအတြက္ ဘယ္ႏွစ္ေယာက္ျဖစ္တယ္ဆိုတာေတာ့ အတိအက် မသိရေသးေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီက ေျပာပါတယ္။
လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေလာက္ကမွ ေသာင္ထြန္းၿပီး ေပၚလာတဲ့ ဒီကြၽန္းေပၚမွာ လူေနဖို႔ မသင့္ေတာ္တဲ့အျပင္ ကြၽန္းေပၚေနသူေတြအတြက္ အသက္အႏၲရာယ္ပါ စိုးရိမ္ရႏိုင္တဲ့အေနအထားရွိတာေၾကာင့္ ဒုကၡသည္ေတြကို ကြၽန္းေပၚမပို႔ဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေဝဖန္ တားျမစ္ေနတဲ့ၾကားက ႐ိုဟင္ဂ်ာ ဒုကၡသည္ ႏွစ္ေသာင္းေလာက္ကို ဘဂၤလားေဒ့ရွ္အစိုးရက ဘာဆန္ခ်ာကြၽန္းကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။ကြၽန္းေပၚမွာ ေနရတဲ့ဘဝက အလုပ္အကိုင္လည္းမရွိ၊ Cox’s Bazar မွာက်န္ေနခဲ့တဲ့ ေဆြမ်ိဳးသားခ်င္းေတြနဲ႔လည္း ေတြ႕ခြင့္မရတာေၾကာင့္ ကြၽန္းေပၚကလူတခ်ိဳ႕ဟာ အသက္စြန႔္ၿပီး ထြက္ေျပးေနၾကတဲ့အေၾကာင္း အသက္ ၄၀ အ႐ြယ္ ႐ိုဟင္ဂ်ာဒုကၡသည္တဦးရဲ႕ ေျပာဆိုခ်က္ကို ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
စစ္အာဏာသိမ္းၿပီး သီတင္းတပတ္အၾကာ ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ႏိုင္ငံကို ပထမဆုံးအႀကိမ္ေျပာၾကားတဲ့ မိန႔္ခြန္းအတြင္း ဘဂၤလားေဒ့ရွ္ဘက္ေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး ေဆာင္႐ြက္သြားမယ့္အေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္း ေျပာဆိုခဲ့ေပမယ့္ ဘယ္အခ်ိန္မွာ ဘယ္လိုပုံနဲ႔ ေနရပ္ျပန္ေရးကိစၥေတြကို စတင္မယ္ဆိုတဲ့ အေသးစိတ္အခ်က္လက္ကို ထပ္မံ ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။ ဒါေပမယ့္ ႐ုရွားႏိုင္ငံကိုေရာက္ေနစဥ္ ျပဳလုပ္တဲ့ ေတြ႕ဆုံ ေမးျမန္းခန္းတခုမွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ိုဟင္ဂ်ာဆိုတာ မရွိေၾကာင္ ေျပာဆိုခဲ့သလို ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလည္း လက္ခံျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


======

Unicode

Bhasan Char ကျွန်းကထွက်ပြေးတဲ့ ရိုဟင်ဂျာတချို့ လှေမှောက်ပျောက်ဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ကြိုးစားရင်း ဘင်္ဂလားပင်လယ်အော်အတွင်း သူတို့စီးလာတဲ့လှေ မှောက်သွားတာကြောင့် ရိုဟင်ဂျာဒုက္ခသည် ၂ ဒါဇင်ထက်မနည်း ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကနေ့ ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အများအပြား ရေနစ်သေဆုံးသွားကြတယ်ဆိုတဲ့သတင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သေဆုံးသူအရေအတွက် ဘယ်နှစ်ယောက်ဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရသေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကမှ သောင်ထွန်းပြီး ပေါ်လာတဲ့ ဒီကျွန်းပေါ်မှာ လူနေဖို့ မသင့်တော်တဲ့အပြင် ကျွန်းပေါ်နေသူတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်တဲ့အနေအထားရှိတာကြောင့် ဒုက္ခသည်တွေကို ကျွန်းပေါ်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် တားမြစ်နေတဲ့ကြားက ရိုဟင်ဂျာ ဒုက္ခသည် နှစ်သောင်းလောက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့ခဲ့တာပါ။ကျွန်းပေါ်မှာ နေရတဲ့ဘဝက အလုပ်အကိုင်လည်းမရှိ၊ Cox’s Bazar မှာကျန်နေခဲ့တဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း တွေ့ခွင့်မရတာကြောင့် ကျွန်းပေါ်ကလူတချို့ဟာ အသက်စွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း အသက် ၄၀ အရွယ် ရိုဟင်ဂျာဒုက္ခသည်တဦးရဲ့ ပြောဆိုချက်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီး သီတင်းတပတ်အကြာ ဖေဖော်ဝါရီ ၈ ရက်နေ့က နိုင်ငံကို ပထမဆုံးအကြိမ်ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမယ့်အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို စတင်မယ်ဆိုတဲ့ အသေးစိတ်အချက်လက်ကို ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ရုရှားနိုင်ငံကိုရောက်နေစဉ် ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုတာ မရှိကြောင် ပြောဆိုခဲ့သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်ခံခြင်း မရှိပါဘူး။

#Rohingya #MyanmarBangladesh #VOABurmese#ရိုဟင်ဂျာ#လှေမှောက်#ဘာရှန်ချာကျွန်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG