သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒို အကူအညီ တိုးပေးမည်


အင်ဒိုနီးရှား သမ္မတ Joko Widodo
အင်ဒိုနီးရှား သမ္မတ Joko Widodo

ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတို့မှာ အကူအညီတွေ တိုးပေးမယ်လို့ အင်ဒိုနီးရှား သမ္မတက ကူတူးပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း ကတိပြု ပြောဆိုသွားပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို အင်ဒိုနီးရှား သမ္မတ Joko Widodo မနေ့ တနင်္ဂနွေနေ့က သွားရောက်ခဲ့တာပါ။

"လူမှုအသိုင်းအဝိုင်းတွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အင်ဒိုနီးရှား အစိုးရဘက်က ကျန်းမာရေး ဆိုင်ရာ အထောက်အကူတွေ မကြာခင်မှာ ပေးအပ်သွားမှာပါ။ ဆေးရုံတွေ၊ ပညာရေးစင်တာတွေ၊ စိတ်ဒဏ်ရာ ကုသရေး၊ ရွေ့လျား ဆေးကုသပေးရေး ဝန်ဆောင်မှု အတွက် အရေးပေါ်ကားတွေ၊ ဆိုလာပြားတွေနဲ့ ရေသန့်စက်တွေ ပေးသွားမှာပါ"လို့ အင်ဒိုနီးရှား သမ္မတက ကတိပြုသွားတာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးရေး အစိုးရနဲ့ လက်တွဲ ဆောင်ရွက်နေကြတဲ့ အင်ဒိုနီးရှား လူမှုအသိုင်းအဝိုင်းတွေ၊ NGO တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း အင်ဒိုနီးရှား သမ္မတက ပြောဆိုခဲ့တာပါ။

အင်ဒိုနီးရှား သမ္မတရဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် အပြီး ထုတ်တဲ့ ပူးတွဲ ကြေညာချက်မှာလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပါအဝင် အင်ဒိုနီးရှားဘက်က ဖေးမကူညီမှု အတွက် ကျေးဇူးတင်ရှိကြောင်း ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒို အကူအညီ တိုးပေးမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG