သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုသမ္မတ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်


မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေရာ ဘင်္ဂလားဒေရှ် နိုင်ငံ ကောဇ့်ဘဇားကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အင်ဒိုနီးရှား သမ္မတ သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြနေကြပါတယ်။

အင်ဒိုနီးရှား သမ္မတ Joko Widodo က ဘင်္ဂလားဒေရှ့်နိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း ဒီကနေ့မှာဘဲ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina နဲ့ မြို့တော် ဒါကာမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့ အနေနဲ့ ရိုဟင်ဂျာ အရေးကို ငြိမ်းချမ်းစွာနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ရေး အင်ဒိုနီးရှား သမ္မတက ပြောဆိုခဲ့ကြောင်းလည်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြတာပါ။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာ တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ အတွက် ဘင်္ဂလားဒေရှ့် အစိုးရကို ကျေးဇူးတင်ပါကြောင်း၊ အင်ဒိုနီးရှား ဘက်ကတော့ ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတို့မှာ ရိုဟင်ဂျာ အရေးကို ဆက်လက် ထောက်ခံ ရပ်တည်သွားမယ့် အကြောင်းလည်း အင်ဒိုနီးရှား သမ္မတက အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဌာန အတွင်းဝန် M Shahidul Haque က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG