သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားလူဝင္မႈထိန္းသိမ္းေရးစခန္းမွာ ထြက္ေျပးသူ ႐ိုဟင္ဂ်ာ ၆ ဦးေသဆုံး


 မေလးရွား လဝက ထိန္းသိန္းေရးစခန္းက ထြက္ေျပးၿပီး ျပန္ဖမ္းမိထားတဲ့ ႐ိုဟင္ဂ်ာမ်ား။ (ဧၿပီ ၂၀၊ ၂၀၂၂/ မေလးရွား ရဲတပ္ဖြဲ႔) 


[[Zawgyi/Unicode]]

မေလးရွားႏုိင္ငံ၊ လူဝင္မႈထိန္းသိမ္းေရးစခန္းတခုမွာ ဒီကေန႔မနက္အေစာပိုင္းက ႐ုန္းရင္းဆန္ခတ္ အေျခအေနတခုျဖစ္ၿပီးတဲ့ေနာက္ ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာေတြထဲက ၆ ဦး ေသဆံုးသြားတယ္လုိ႔ မေလးရွားအာဏာပိုင္ေတြက ေျပာပါတယ္။

မေလးရွားႏုိင္ငံ၊ ပီနန္းျပည္နယ္ေျမာက္ပုိင္း၊ Sungai Bakap လူဝင္မႈဆိုင္ရာ ယာယီ ထိန္းသိမ္းေရးစခန္းကေန တံခါးေတြနဲ႔ အတားအဆီးေတြကို ခ်ဳိးဖ်က္ၿပီး ႐ိုဟင္ဂ်ာ ၅၈၂ ေယာက္ ထြက္ေျပးသြားတာပါ။ အဲဒီထဲက အမ်ဳိးသားႏွစ္ဦး၊ အမ်ဳိးသမီးႏွစ္ဦး၊ မိန္းကေလးတဦးနဲ႔ ေယာက္်ားေလးတဦးတို႔ဟာ စခန္းနဲ႔ ၅ မိုင္ေလာက္အကြာက အေဝးေျပးလမ္းမႀကီးတခုကုိ ျဖတ္ကူးဖို႔ႀကိဳးစားရင္း ကားတိုက္ၿပီး ေသဆံုးသြားၾကတယ္လုိ႔ မေလးရွားရဲတပ္ဖြဲ႔က ေျပာပါတယ္။

ထြက္ေျပးသြားသူေတြထဲက ၃၆၂ ေယာက္ကို ျပန္ဖမ္းမိခဲ့ၿပီး လြတ္ေျမာက္ဆဲ က်န္လူေတြကို မေလးရွားရဲတပ္ဖြဲ႔နဲ႔ တျခားအဖြဲ႔အစည္းေတြအျပင္ အရပ္သားေတြကပါ ဝုိင္းၿပီး ရွာေဖြေနၾကပါတယ္။ စခန္းမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ရတဲ့ အေၾကာင္းရင္းကို အတိအက် မသိရေသးဘူးလို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

မြတ္ဆလင္လူဦးေရ အမ်ားစုရွိတဲ့ မေလးရွားႏုိင္ငံဟာ ျမန္မာႏုိင္ငံက ဒါမွမဟုတ္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒုကၡသည္စခန္းေတြထဲက ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြ အမ်ားဆံုးသြားခ်င္ၾကတဲ့ ႏိုင္ငံျဖစ္ပါတယ္။

မေလးရွားႏုိုင္ငံဟာ ဒုကၡသည္ဆိုင္ရာ ကုလသမဂၢသေဘာတူညီီခ်က္ကို လက္မွတ္ေရးထိုးထားတဲ့ ႏုိင္ငံတခုမဟုတ္ေပမယ့္ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုး (UNHCR) က အသိအမွတ္ျပဳထားတဲ့ ဒုုကၡသည္နဲ႔ ႏုိင္ငံေရးခိုလံႈခြင့္ေလ ွ်ာက္ထားသူ ၁၈၀,၀၀၀ ေလာက္ကို လက္ခံထားပါတယ္။ အဲဒီထဲမွာ ႐ိုဟင္ဂ်ာ ၁၀၀,၀၀၀ ေက်ာ္နဲ႔ ျမန္မာနုိုင္ငံက တျခားတိုင္းရင္းသားေတြလည္း ပါဝင္ပါတယ္။
ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္ေနထုိင္သူေတြကို မေလးရွားအာဏာပိုင္ေတြက ဖမ္းဆီးၿပီး လူဝင္မႈစခန္းေတြမွာ ထိန္းသိမ္းထားပါတယ္။ အဲဒီစခန္းေတြဟာ လူေတြျပည့္က်ပ္ေနၿပီး က်န္းမာေရးနဲ႔ မကုိက္ညီဘူးလို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေဝဖန္ျပစ္တင္ထားပါတယ္။

အခု ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့ လူဝင္မႈစခန္းမွာ အခင္းျဖစ္တဲ့အခ်ိန္က ကေလးငယ္ ၁၃၇ ေယာက္ အပါအဝင္ ႐ုိဟင္ဂ်ာဒုကၡသည္ ၆၆၄ ေယာက္ကို ထိန္းသိမ္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

မလေးရှားလူဝင်မှုထိန်းသိမ်းရေးစခန်းမှာထွက်ပြေးသူ ရိုဟင်ဂျာ ၆ ဦးသေဆုံး

မလေးရှားနိုင်ငံ၊ လူဝင်မှုထိန်းသိမ်းရေးစခန်းတခုမှာ ဒီကနေ့မနက်အစောပိုင်းက ရုန်းရင်းဆန်ခတ် အခြေအနေတခုဖြစ်ပြီးတဲ့နောက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေထဲက ၆ ဦး သေဆုံးသွားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်မြောက်ပိုင်း၊ Sungai Bakap လူဝင်မှုဆိုင်ရာ ယာယီ ထိန်းသိမ်းရေးစခန်းကနေ တံခါးတွေနဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ရိုဟင်ဂျာ ၅၈၂ ယောက် ထွက်ပြေးသွားတာပါ။ အဲဒီထဲက အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ မိန်းကလေးတဦးနဲ့ ယောက်ျားလေးတဦးတို့ဟာ စခန်းနဲ့ ၅ မိုင်လောက်အကွာက အဝေးပြေးလမ်းမကြီးတခုကို ဖြတ်ကူးဖို့ကြိုးစားရင်း ကားတိုက်ပြီး သေဆုံးသွားကြတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ထွက်ပြေးသွားသူတွေထဲက ၃၆၂ ယောက်ကို ပြန်ဖမ်းမိခဲ့ပြီး လွတ်မြောက်ဆဲ ကျန်လူတွေကို မလေးရှားရဲတပ်ဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေအပြင် အရပ်သားတွေကပါ ဝိုင်းပြီး ရှာဖွေနေကြပါတယ်။ စခန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

မွတ်ဆလင်လူဦးရေ အများစုရှိတဲ့ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံက ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာမွတ်ဆလင်တွေ အများဆုံးသွားချင်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခုမဟုတ်ပေမယ့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်လေ ျှာက်ထားသူ ၁၈၀,၀၀၀ လောက်ကို လက်ခံထားပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံက တခြားတိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။
နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝင်မှုစခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီစခန်းတွေဟာ လူတွေပြည့်ကျပ်နေပြီး ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြစ်တင်ထားပါတယ်။

အခု ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ လူဝင်မှုစခန်းမှာ အခင်းဖြစ်တဲ့အချိန်က ကလေးငယ် ၁၃၇ ယောက် အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၆၆၄ ယောက်ကို ထိန်းသိမ်းထားပါတယ်။

=============

XS
SM
MD
LG