သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် စက်လှေတိမ်းမှောက် လူ ၂၀ သေဆုံး


ဘင်္ဂလားဒေ့ရှ်ဘက် စက်လှေတွေနဲ့ တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ။ ( စက်တင်ဘာ ၁၄-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် စက်လှေတွေနဲ့ တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ။ ( စက်တင်ဘာ ၁၄-၂၀၁၇)

ရခိုင်ပြည်နယ်တွင်းက လတ်တလောဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အဆမတန် တင်ဆောင်လာတဲ့စက်လှေတစီး၊ ဘင်္ဂလားပင်လယ်အော်အနီးမှာ ကြာသပတေးနေ့က တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၅၀ ထက်မနည်းပျောက်ဆုံးနေပြီး ၂၀ သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတို့ကသောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။

ဒဏ်ရာရသွားသူ ၁၀ ဦးထက်မနည်းကိုလည်း Cox Bazar ကဆေးရုံတခုမှာ ကုသပေးနေတယ်လို့ ရဲအရာရှိ Chailaw Marma ကပြောပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်လှေစီးပြီးထွက်ပြေးလာရာမှာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် စက်လှေတိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူ Abdus Salam က သူတို့ဟာ နတ်မြစ်တဘက်ကမ်း၊ မြန်မာနိုင်ငံထဲက Mariumpur ရွာကနေ ထွက်လာခဲ့ကြတာဖြစ်ပြီး စက်လှေထဲမှာ လူပေါင်း ၈၀ လောက်ပါတယ်လို့ ပြောပါတယ်။ မြန်မာလုံခြုံရေးစခန်းတွေကို ARSA လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသူပေါင်း ၅ သိန်းဝန်းကျင်ရှိသွားပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်၊ ကြာသပတေးနေ့က တံခါးဖွင့်အစည်းအဝေးတခုပြုလုပ်ခဲ့ရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုကျူးလွန်သူတွေကို အရေး ယူဖို့၊ မြန်မာစစ်ဘက်ကို လက်နက်ခဲယမ်း ရောင်းချတာတွေ ရပ်ထားဖို့ တောင်းဆိုသွားပါတယ်။ ဒါဟာ မြန်မာစစ်တပ်ကို ပြစ်ဒဏ်ချဖို့ အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ် တောင်းဆိုသွားတာလည်းဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် စက်လှေတိမ်းမှောက် လူ ၂၀ သေဆုံး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG