သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁၄ ဦး လှေမှောက်သေဆုံး 


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ထွက်ပြေး လာကြတဲ့ လှေစီးပြေးဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ထွက်ပြေး လာကြတဲ့ လှေစီးပြေးဒုက္ခသည်များ

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ထွက်ပြေး လာကြတဲ့ လှေစီးပြေးဒုက္ခသည် ၁၃၀ လိုက်ပါလာတဲ့ စက်လှေတစင်း ဟာ Bengal မြစ်ဝှမ်း မှာ တိမ်းမှောက်သွားခဲ့ကြောင်း ကလေးငယ်တွေအပါအဝင် သေဆုံးသူ တွေရဲ့အလောင်း၁၄လောင်းကိုတွေ ရှိပြီဖြစ်ကြောင်း International Organization for Migration နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောဆိုလိုက်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အလုပ်လုပ်ကိုင်ဖို့ နေထိုင်စားသောက်ဖို့ အခက်အခဲရှိတာကြောင့် ထွက်ပြေးလာကြသူများဖြစ်တယ်လို့ BURMESE ROHINGHA ASSOCIATION IN THAILAND(BRAT) ကပြောပါတယ်။ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ရက်နေ့ ကစလို့နယ်ခြားစောင့် ကင်းစခန်းတွေဝင်ရောက်တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲအဖြစ် ဟိန္ဒူဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ၊ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးပျောက်ဆုံးမူတွေ ဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့ ရခိုင်ပြည်နယ်ဘက်ကနေ မွတ်ဆလင်လူမျိုး ၄သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ လှေစီးပြေးဒုက္ခသည် ၁၃၀ လိုက်ပါလာတဲ့ စက်လှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် သေဆုံးသူ ၁၃ဦးရှိပြီဖြစ်ကြောင်း International Organization for Migration နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့ တလနီးပါးအတွင်းမှာပဲ လှေတိမ်းမှောက်မူတွေ ကမကြာခဏဖြစ်ခဲ့ပြီး လှေစီးပြေးဒုက္ခသည်တွေသေဆုံးမူတွေလည်းရှိနေတာပါ။ စက်တင်ဘာလ ၂၇ရက်နေ့မှာလည်း လှေတိမ်းမှောက်မူ တွေရှိခဲ့သလို ၂၈ ရက်နေ့မှာလည်းလှေတိမ်းမှောက်မူရှိခဲ့ကြောင်း လက်ရှိမှာ လှေစီးပြီးထွက်ပြေးလာသူတွေရဲ့အခြေအနေနဲ့ ပတ်သက်လို့ BURMESE ROHINGHA ASSOCIATION IN THAILAND (BRAT) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နုက အခုလိုပြောပါတယ်။

“အခုလာတဲ့လူတွေက ရွာထဲက အပြင်မထွက်ရဘူး၊ အလုပ်မရှိဘူးဆိုတော့ ပြောင်းလာတာ ဘူးသီးတောင်ဘက်က များတယ်။ ရွာထဲက အပြင်မထွက်ရဘူး၊ အလုပ်မလုပ်ရဘူး ဈေးဆိုင်တွေ မသွားဝယ်ရဘူး။ လိုတာတွေ ဝယ်လို့မရဘူးဆိုတော့ အစားအသောက်ကတော့ အရေးကြီးတာပေါ့အမရေ အဲဒါတွေကြောင့် ထွက်ပြေးလာတဲ့သူတွေများတယ်။

ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်သတ်ဖြတ်ခံရမူတွေဖြစ်ပွားအပြီးမှာ ဒေသတွင်းမှာ မနေရဲကြတော့ပဲ တိမ်းရှောင်ကြရာမှာတော့ ပြည်တွင်းမှာတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္နူဘာသာဝင် ၃သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့သလို့ မူဆလင်ဘာသာဝင်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တာက များပါ တယ်။ ဒီလိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နေစဉ်ထွက်ပြေးနေတဲ့ မွတ်ဆလင်ဒုက္ခသည်ရဲ့ နေစဉ်လိုလိုစက်လှေတွေ နဲ့ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စက်တင်ဘာလကုန်ပိုင်းထိ ဆိုရင်ရေနစ် သေဆုံးသူဒုက္ခသည်တွေရဲ့ အလောင်ပေါင်း ၁၀၀ကျော်ကိုဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဆယ်ယူတွေ့ရှိခဲ့ပြီး ဖြစ်သလိုပျောက်ဆုံးမူတွေလည်း ရာဂဏန်းနဲ့ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG