မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာလူနည်းစုတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို အဆုံးသတ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်အောက်လွှတ်တော်ကနေ မေလ ရ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ ရိုဟင်ဂျာလူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေကို ဝေဖန်ထားပြီး၊ ပြီးခဲ့တဲ့ နှစ်ဆန်းက စစ်တွေမှာ နိုင်ငံတကာ ကူညီရေး အဖွဲ့ရုံးတွေကို တိုက်ခိုက် အကြမ်းဖက်တဲ့ကိစ္စ ကိုလည်း ဝေဖန်ပြစ်တင် ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ အခုလို လူနည်းစု လူမျိုးတွေအပေါ် ဖိနှိပ်တဲ့ လူ့အခွင့်အရေးအခြေအနေ မတိုးတက်သရွေ့ ပြုပြင်ပြောင်းလဲ မှုတွေ အောင်မြင်မှု ရှိတယ်လို့ မဆိုနိုင်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က လုပ်တဲ့ အောက်လွှတ်တော် အစည်းအဝေးမှာ ရီပတ်ပလင်ကန်ရော ဒီမိုကရက် နှစ်ပါတီစလုံးက အမေရိကန် လွှတ်တော် အမတ်တွေက ဆွေးနွေးတင်ပြခဲ့ကြတာပါ။
၂၀၁၂ ခုနှစ်ကတည်းကဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မွတ်ဆလင်လူမျိုး တသိန်းလေးသောင်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး၊ သူတို့တွေရဲ့ နေစဉ်ဘဝဟာလည်း အတော်ကို စိတ်ပျက်စရာ အခြေအနေဖြစ်နေတယ်လို့ ဆိုပြီး လွှတ်တော် အမတ်တွေက မြန်မာအစိုးရ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။
အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ရီပတ်ပလင်ကန်အမတ်
Ed Royce က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုဟာ ထုတ်မပြောနိုင်အောင် ရက်စက်လွန်းတယ် ဆိုပြီး မြန်မာအစိုးရအပေါ် ဝေဖန်ပြစ်တင်သွားပါတယ်။
“ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးနွယ်စု အားလုံး လူနည်းစုဘာသာဝင်အားလုံးတို့ရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံး လူနည်းစု လူမျိုးတွေဖြစ်ကြပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံထဲမှာ မျိုးဆက်လိုက်နေထိုင် ခဲ့ကြပေမယ့်လည်း၊ သူတို့ရဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် ကို မြန်မာနိုင်ငံရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအရဆိုရင် တားမြစ်ထားပါတယ်။ မြန်မာအစိုးရဟာ ဆယ်စုနှစ်သုံးခုကြာ ဒီရိုဟင်ဂျာတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို စနစ်တကျ ငြင်းပယ်ပြီး၊ သူတို့အပေါ် ဘယ်လိုမှ ထုတ်မပြောရက်လောက်အောင် ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့ပါတယ်။”
အခုလို ရိုဟင်ဂျာလူနည်းစုတွေကို ဖိနှိပ်ရာမှာ မြန်မာအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့လည်း ဒေသတွင်း NGO တခုရဲ့ အထောက်အထားကို ကိုးကားပြီး လွတ်တော်အမတ် Ed Royce က အောက်လွှတ်တော်အစည်းအဝေးကို တင်ပြခဲ့ပါတယ်။
“အရှေ့တောင်အာရှမှာရှိတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုဟာ မကြာခင်တုန်းက ယုံကြည်စိတ်ချရလောက်တဲ့ အထောက်အထားတခု ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ မြန်မာအစိုးရ ပါဝင်နေတယ်ဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ်။ မကြာခင်ကလည်း မြန်မာအစိုးရအနေနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို နှင်ထုတ်လိုက်ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေးကို ငြင်းပယ်လိုက်တဲ့ ကိစ္စတခုဖြစ်ပါတယ်။
ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် ဆက်ဆံမှုတွေ တိုးတက်လာမှုမရှိပဲနဲ့တော့ လက်ရှိသွားနေတဲ့ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုရနေပါပြီလို့ မြန်မာအစိုးရအနေနဲ့ မပြောနိုင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးစားပေးဆောင်ရွက်ရပါမယ်။”
ဒီအဆိုမူကြမ်းကို အဓိက ထားတင်သွင်းသူဖြစ်တဲ့ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Jim McGovern ကလည်း မြန်မာအစိုးရဟာ ရိုဟင်ဂျာလူနည်းစုတွေကို ထိန်းချုပ်ဖို့ လူမျိုးရေးအခြေခံတဲ့ မူဝါဒတွေ ချမှတ်ကျင့်သုံးနေတယ်လို့ စွတ်စွဲပြောဆိုသွားပါတယ်။
“မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေအပေါ် စိတ်ဝင်စားမှု မရှိသလို၊ ရိုဟင်ဂျာဆန့်ကျင်ရေး အဓိက ဖြစ်ရပ်တွေအပေါ်မှာလည်း အသေအချာ စုံစမ်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီအစား ပြည်ထောင်စုအစိုးရရော ရခိုင်ပြည်နယ်အစိုးရကပါ ရိုဟင်ဂျာတွေရဲ့ နေစဉ်ဘဝကို ထိန်းချုပ်ကန့်သတ်ဖို့ လူမျိုးရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေ လက်ထပ်ထိမ်းဖျားဖို့ဆိုရင် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လိုပါတယ်။”
ရိုဟင်ဂျာလူနည်းစုတွေရှိရာဒေသကို လူသားချင်း စာနာကူညီမှု အဖွဲ့အစည်းတွေ သွားရောက်မှုကို ကန့်သတ်တာ၊ ဒီအဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကြောင့်လည်း ရိုဟင်ဂျာတွေဟာ ကြိုတင် ကုသနိုင်တဲ့ ရောဂါမျိုးတွေနဲ့ သေဆုံးနေရတယ်လို့လည်း အောက်လွှတ်တော်အမတ် McGovern က ပြောသွားပါတယ်။
အခု အဆိုပြုချက်မူကြမ်းကိုလည်း အမေရိကန်ပြည်ထောင်စုရဲ့ အဓိက ပါတီကြီး နှစ်ရပ်ဖြစ်တဲ့ ဒီမိုကရက်ရော ရီပတ်ပလင်ကန် အောက်လွှတ်တော် အမတ်တွေကပါ ထောက်ခံပြီး ဒီဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုခဲ့တာပါ။ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာတွေဖိနှိပ်ကန့်သတ်မှုတွေကို ရပ်ဆိုင်းဖို့ မြန်မာအစိုးရကို တောင်းဆိုထားတာဖြစ်ပေမယ့်၊ ဥပဒေအရ တစုံတရာ အရေးယူဖို့ဆိုတဲ့ အပိုင်း မပါဝင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို အမေရိကန်အစိုးရတာဝန်ရှိသူတွေအနေနဲ့ အလေးပေး လုပ်ဆောင်သွားဖို့ဆိုတာကိုတော့ ဖိအားပေး တိုက်တွန်းထားပါတယ်။