သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ပြန်ပို့ရေး ရှေ့မတိုး


ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမျိုးမျိုး ကြိုးစားနေပြီး သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ထိုးထားခဲ့၊ မြန်မာအစိုးရဝန်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ကိုလာပြီး ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ ဘေးဒုက္ခသည်တွေကို ကြည့်ခဲ့ကြပေမဲ့လည်း တိုးတက်မှုမရှိသလောက်ပဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကပြောပါတယ်။

ဒုက္ခသည်တွေကို ဘယ်သူဘယ်ဝါဆိုတာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး သိနိုင်ဖို့အတွက် ရိုဟင်ဂျာတသန်းကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို biometric နည်းနဲ့ မှတ်ပုံတင်တာကိုတောင် လုပ်ထားပြီးပြီလို့ ဝန်ကြီးချုပ် Hasina ကပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အတွင်းရေးမှူးချုပ် Salil Shetty နဲ့ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံချိန်အတွင်း ဝန်ကြီးချုပ် Hasina က အဲဒီလိုပြောသွားတဲ့အကြောင်း ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရ Ihsanul Karim က သတင်းထောက်တွေကို ရှင်းလင်းပွဲ လုပ်ချိန်မှာ ပြန်ပြောတာပါ။

ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် အနောက်ဘက်ကမ်းလွန်မှာ လှေတစင်းနဲ့တွေ့ရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ငါးဦးကို အင်ဒိုနီးရှားငါးဖမ်းလှေတစင်းက တနင်္လာနေ့မှာ ကယ်တင်ခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတဦးက သောကြာနေ့မှာပြောပါတယ်။ အမျိုးသမီးနှစ်ဦးနဲ့ ၈ နှစ်အရွယ် ယောကျ်ားလေးတဦး အပါအဝင် အဲဒီလူငါးဦးဟာ ပင်လယ်ထဲမှာ ရက် ၂၀ ကြာနေပြီလို့ ပြောပါတယ်။ သူတို့နဲ့အတူ တခြားလူ ငါးယောက်လည်းပါပြီး ပင်လယ်ပြင်ခရီးမှာ သေဆုံးခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေဟာ လှေတွေနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီးတော့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးကြတာပါ။ အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ၃၀၀ လောက် ခိုလှုံနေကြဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ပြန်ပို့ရေး ရှေ့မတိုး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG